Friday, June 11, 2010

Green Tea

လက်ဖက်နှပ်နည်းသစ်

လက်ဖက်ရှားပါးတဲ့ နိုင်ငံခြားရောက် လက်ဖက်ကြိုက်တဲ့ ရွှေမြန်မာတွေအတွက် ဒီက အစ်မတစ်ယောက်ဆီက ရတဲ့ လက်ဖက်လုပ်နည်းလေး ဝေမျှချင်လို့ပါ..

ချန်းနီမတို့ဆီမှာလည်း လက်ဖက်ဆိုတာ မြန်မာပြည်က လာတဲ့လူကြုံရှိမှ စားရတာ.. လာတဲ့လူကြုံတိုင်းကလည်း လက်ဖက်က အလေးချိန်စီးတော့ တော်ရုံ မသယ်လာချင်ကြဘူး.. ဒီကလူတွေကလည်း လက်ဖက်က ကြိုက်တတ်ပါဘိနဲ့ဆိုတော့ လက်ဖက်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး တွေးနေကြတာ ကြာပြီ.. အဲဒါနဲ့ပဲ အစ်မက စမ်းသပ်ကြည့်တာကနေ အောင်မြင်သွားလို့ ပြန်ပြီး ဝေမျှတာပါ..

နီဒါန်းချီနေတာ များနေပြီ.. နည်းက လွယ်လွယ်လေးပါ..
လက်ဖက်နှပ်ဖို့အတွက်တော့ အာရှဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ green tea လက်ဖက်ခြောက်တွေကိုပဲ သုံးပါတယ်..
လက်ဖက်ခြောက်တွေကို ပြန်ပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါပဲ.. ပေါင်းလိုက်တဲ့အတွက်ကြောင့် အရွက်လေးတွေ ပျော့သွားပြီး အခါးရည်တွေလည်း ထွက်မသွားပါဘူး..
ပြီးတော့ လက်ဖက်နှပ်သလိုပဲ သံပုရာသီး၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ တို့နဲ့ ကိုယ်ကြိုက်သလို နှပ်စား၊ သုပ်စားနိုင်ပါတယ်..
မြန်မာပြည်က လာတဲ့ လက်ဖက်လိုပဲ စားကောင်းပါတယ်..


source: myanmarcupid

ကြေကွဲအလင်း

ကြေကွဲအလင်း

အရိပ်ထင်လာတဲ့ ပုံရိပ်ကို
ဖမ်းဆုပ်ဖို့လုပ်နေတုန်းပေါ့
မပီဝိုးတ၀ါး အရောင်တွေကို
ပြန်ရုပ်သိမ်းသွားလေရဲ့
အလင်းတန်းတောင် မတောက်ပသေးဘူးကွာ……။

လိုသလို ခံစားပါ။
မှောင်သွားတဲ့ ငါ့လမ်းမက
သိပ်တော့ မထူးဆန်းတော့ဘူး။
အရင်ကအတိုင်းပါပဲ။

တချိန်ချိန်တော့
လင်းလက်မယ့် အရောင်တွေမှာ
အပြာရောင်တွေ ခပ်များများ ထည့်ပေးချင်သေးတယ်။

ခုတော့ င့ါမှာ
ခရမ်းရောင်တွေ ဖြန့်ကျက်
အစိမ်းရောင်သစ်သီးကို လက်ခံစားသုံး
အမှောင်ထဲမှာ
တိတ်တဆိတ် ငေးမောရင်း
အသက်ဆက်နေရဦးမယ်။


အဇူရီ
11-6-10( Friday )
10:20 am

Sunday, May 2, 2010

http://burglish.my-mm.org/latest/trunk/web/testarea.htm


ပေါ်လာတဲ့ box ထဲမှာ barglish လို ရိုက်ထည့်လိုက်ရင် မြန်မာလို ပြန်ပေါ်ပေးတာလေးဗျ။ မြန်မာလို ရိုက်ဖို့ အခက်အခဲ ရှိသူတွေအတွက် အသုံးဝင်နိုင်တဲ့ ဆိုဒ်လေးပါ။


azzurri

2-5-2010

ဒီတစ်ခါတော့ ကျနော် မကျေမနပ်ဖြစ်နေတာလေးတွေ ရေးဦးမယ်ဗျာ။

ကျနော်ခု နေနေရတာက လူ (၈)ယောက်ကို အဆောင်တစ်ခုတည်းမှာ တူတူနေရတယ်ဗျ။ အခန်း (၄)ခန်း ရှိတယ်။ တစ်ခန်းကို နှစ်ယောက်ပေါ့။ အဆောင်မှာ အဆောင်မှူးဆိုပြီး ရှစ်ယောက်ထဲကနေ တစ်ယောက်ကို ခန့်ထားကြတယ်။

ကျနော်ပြောချင်တာကတော့ လူတွေက ဘာလို့ ကိုယ့်အိမ်ကိုယ့်ယာလို သဘောမထားဘဲ ထင်သလို လုပ်နေကြတာလဲဗျာ။ တစ်ယောက်ကို ကူညီပေးချင်စိတ်တွေ ခန်းခြောက်နေကြတာလဲ။ ဘာလို့ တွက်ကပ်နေကြတာလဲဗျာ......။

ကျနော်တို့က မနက် ၈း၃၀ လောက်ဆို အားလုံး အဆောင်က ထွက်ကြရပြီ။ အဲ့ဒီအခါမှာ အဆောင်မှာ ရှိတဲ့ တံခါးတွေကို နောက်ဆုံးကျန်ခဲ့တဲ့သူက ပိတ်ပေရော့ပဲ။ အဲ.........အမှန်က အရင်ထွက်သွားတဲ့သူတွေက တံခါးမကြီးပဲ ချန်ပြီး ကျန်တဲ့တံခါးတွေကို ပိတ်ပေးခဲ့မယ်ဆိုရင်..............နောက်ဆုံးကျုန်ခဲ့တဲ့သူအတွက် မသက်သာဘူးလား ........................။

ပြီးတော့ (ကန်တော့ဗျာ) အိမ်သာရေပေါ့။ ရေလွှတ်တုန်းဆို ရေပိုက်ကနေ ရေလာတယ်။ ရေလွှတ်ချိန်မဟုတ်ရင် အိမ်သာရေက မလာတော့ဘူး။ နည်းနည်းချင်းပဲ ကျတော့တယ်။ ဒီတော့ သူတို့က ရေပုံးနဲ့ ခပ်မထည့်ချင်တော့ ဘယ်လိုလုပ်တယ်မှတ်လဲ။ နည်းနည်းချင်းကျနေတဲ့ ရေ ကို ဖွင့်ထားခဲ့ကြတယ်။ ဖွင့်ထားခဲ့ရင်လည်း ပြန်တော့ ပိတ်ဦးမှပေါ့ဗျာ.......။ ခုတော့ အမြင်မတော်တိုင်း ကျနော်က အနောက်ကနေ လိုက်လုပ်နေရတာဗျာ။ သူတို့ ဒီလိုလုပ်တာဟာ ရေစင်မှာ နည်းနည်းပဲ ကျန်တော့တဲ့ ရေကို မချွေတာရာ မရောက်ဘူးလားဗျာ။

ပြီးတော့ တချို့ကိစ္စတွေမှာ သစ္စာသိပ်ရှိကြတယ်ဗျ။ ဘယ်လို ရှိသလဲ ဆိုတော့ ကိုယ်က ဒီတံခါးကို မဖွင့်ဘူးဆိုရင် ပြန်ပြီး မပိတ်ဘူးဗျ။ မနေ့ကပေါ့။ ကျနော်က မီးဖိုချောင်မှာ ထမင်းချက်ပြီး ပြတင်းပေါက်တံခါး မပိတ်ခဲ့ရသေးဘူး။ ကျနော်ချက်ပြူတ်ပြီးတော့ တစ်ယောက်က ချက်နေသေးတော့ ကျနော်က လေ၀င်လေထွက်ကောင်းအောင်လို့ တံခါးကို မပိတ်ခဲ့သေးဘူးပေါ့ဗျာ။ အဲ့ဒါဗျာ...........အဲ့ဒီတစ်ယောက်က သူ ချက်ပြီးတဲ့အခါ တံခါးပေါက်ကို မပိတ်ခဲ့ဘူးဗျာ။ ကျနော်ဖွင့်ထားခဲ့တဲ့ တံခါးပေါက်ကိုပဲ မပိတ်ခဲ့တာနော်။ ကဲ................ဘယ့်နှယ့်လဲ ။

အဲ့လို ကိုယ်လုပ်ခဲ့တဲ့ကိစ္စကို ကိုယ်ကပဲ အဆုံးသတ်ရမယ်ဆိုရင် ဘာလို့ အိမ်သာရေကိုတော့ မပိတ်ခဲ့ကြတာလဲ မသိဘူးနော်။

ပြီးတော့ ရှိသေးတယ်ဗျ။ ရေသွန်ကြတာလေ။ အဆောင်ရှေ့တံခါးပေါက်မှာ ဘာလို့ သွန်ကြတာလဲ မသိဘူးဗျာ။ သူတို့ ဒီလို ရေသွန်တော့ အဆောင်အ၀င်အထွက် ရေတွေနဲ့ ချော်လဲမှာပေါ့ဗျာ။ ဒီတော့ မနေနိုင်တဲ့ ကျနော်က လိုက်ပြီး ရှင်းနေရတယ်ဗျ။

ကျနော် ခုလို ရေးမိတာက ကျနော်လုပ်နေရလို့ ရေးတာတော့ မဟုတ်ပါဘူး။ ကျနော်ကတော့ အမြင်မတော်တိုင်း လုပ်ပေးနေမိဦးမှာပဲလေ။ ကျနော့်ဆန္ဒကတော့ သူတို့ကို လူပီသစေချင်တယ်။ နည်းနည်းများ ကြီးကျယ်သွားမလား မသိဘူး။ အမှန်ကတော့ ကိုယ့်ကြောင့် သူတစ်ပါးမှာ ထိခိုက်မှု မဖြစ်သွားအောင် နေထိုင်ပြုမူမိစိတ်တွေ ရှိနေစေချင်တာပါပဲဗျာ။

ကျနော်လည်း စိတ်ထားကောင်းဖို့ လူပီသဖို့ ဆက်လက်ကြိုးစားပါဦးမယ်။


အဇူရီ

ပွေ့ချီထားပါရစေ



ကျမရဲ့ တစ်လခွဲ အရွယ် အမြွှာနှစ်ယောက်နဲ့အတူ မြို့နယ်ဆေးရုံက ဓာတ်မှန်ဌာနကို ရောက်နေပါတယ်။ ကျမရဲ့ သမီးလေး Abigail က တင်ပါးဆုံနဲ့ မွေးဖွားခဲ့တာ ဖြစ်ပြီး သူ့အစ်ကို Daniel ထက် တစ်ပေါင်ခွဲ ကိုယ်အလေးချိန် လျော့နည်းပါတယ်။ သူ့ကို မွေးဖွားစဉ်က တင်ပါးဆုံနေရာ လွဲသွားခဲ့ပါတယ် အခု နေရာတကျ ရှိ မရှိ ဓာတ်မှန် ရိုက်ကြည့်ဖို့ ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မှာ ဖြစ်ပေမယ့် ကျမစိတ်တွေ လှုပ်ရှားနေခဲ့ပါတယ်။

ကျမတို့ ရောက်တာ တစ်နာရီလောက် ရှိနေပေမယ့် ကျမတို့ကို ခေါ်မယ့် အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။ နောက်ထပ်ရောက်လာတဲ့ သူတွေက များလာတဲ့အတွက် ဓာတ်မှန်စမ်းသပ်ခန်းကို ၀င်ရတဲ့လူတွေ အရေအတွက်က နည်းနေပါတယ်။ စိတ်မရှည်မှုကို ဖုံးကွယ်ဖို့ ကြိုးစားကြရင်း လူနာအချင်းချင်း စကားပြောနေမိကြပါတယ်။ ကျမရဲ့ အမြွှာလေးတွေကို စိတ်ဝင်စားနေကြပြီး အမျိုးသမီးငယ်တစ်ယောက်က ကျမလက်ပေါ်က လူးလွန့်စပြုနေတဲ့ Abigail ကို ပွေ့ချီထားပါရစေလို့ တောင်းခံလာပါတယ်။ ကျမက ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပါတယ်။ Daniel က လက်တွန်းလှည်းထဲမှာ အိပ်ပျော်နေဆဲပါပဲ။ ဒါပေမယ့် မကြာခင်မှာ နိုးလာတော့မှာကို ကျမ သိနေပါတယ်။

သူနာပြုတစ်ယောက် ထွက်လာပြီး ကျမတို့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြတာကို ကျေးဇူးတင်ကြောင်းနဲ့ အတွင်းလူနာများကို ဓာတ်မှန်ရိုက်ပေးတာကို အပြီးသတ်တော့မှာ ဖြစ်ကြောင်း ပြောပါတယ်။ ခဏလောက် စောင့်ပြီးရင် အစဉ်လိုက် ခေါ်တော့မှာဖြစ်ကြောင်း ဆက်ပြီး ပြောသွားပါတယ်။ မြန်မြန်ခေါ်မှပါပဲ။ ဘာလို့လဲဆိုတော့ ကျမနားက တစ်ခုံနဲ့ မျက်နှာချင်းဆိုင်က တစ်ခုံကလွဲလို့ တစ်ခန်းလုံး ပြည့်နေပါပြီ။

အဲ့ဒီအချိန်မှာပဲ အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ စုံတွဲတစ်တွဲ ၀င်လာပါတယ်။ စာရင်းသွင်းလိုက်ပြီး ထိုင်ဖို့ နေရာရှာကြည့်နေကြပါတယ်။ ကျမက ကလေးလှည်းလေးကို နေရာရွှေ့ ပြီး သူတို့ ထိုင်လို့ ရအောင် လုပ်ပေးလိုက်ပါတယ်။

အဘိုးကြီးက ငါတော့ ကလေးတွေနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်မယ်ဟေ့ လို့ ကျယ်ကျယ်လောင်လောင် ကြေညာလိုက်ပါတယ်။ အဘွားကြီးက အဘိုးကြီးရဲ့ လက်မောင်းကို လှမ်းရိုက်ပြီး တိုးတိုး ပြောပါရှင် သူ့ကို မနှောင့်ယှက်ပါနဲ့ သူ့မှာ ကလေးတွေနဲ့ လက်မအားရရှာပါဘူး လို့ ပြောလိုက်ပါတယ်။

သူတို့ကိုကြည့်ပြီး တိုးတိုးတိတ်တိတ် ပြုံးရယ်နေကြပါတယ်။ အဘွားကြီးက ကျမနားမှာ ထိုင်ပြီး အဘိုးကြီးက မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်ပါတယ်။ သူ့အနားက လူတွေကို စကားတွေ အဆက်မပြတ် ပြောနေပါတော့တယ်။ သူ့ရင်ဘတ်ကို ဓာတ်မှန်ရိုက်ဖို့လာကြောင်း သူ့ရဲ့ဆရာဝန်က ညွှန်ကြားလို့သာ လာရကြောင်း၊ လိုအပ်မယ် မထင်ပါဘူးလို့ ပြောနေပါတယ်။

ကျုပ် လူ့လောကကြီးထဲကို ရောက်လာတာ (၈၇) နှစ် ရှိပါပြီ။ ဘာရောဂါမှ မဖြစ်ဖူးပါဘူးဗျာ လို့ ပြောနေပြန်ပါတယ်။

သူ့ဇနီးက တစ်ခြားလူတွေကို အနှောင့်အယှက်ပေးရမလားလို့ ဆူလိုက်ပါတယ်။ ဘယ်သူကမှ မငြိုငြင်ကြပါဘူး။ ကျမတို့အားလုံး စောင့်ရတာ ကြာလို့ ငြီးငွေ့စိတ်ပျက်နေကြလို့ အဘိုးကြီးရဲ့ ဖော်ရွေရွှင်ပျတဲ့ စကားသံတွေကို စိတ်ဝင်စားနေကြပါတယ်။ သူက သူတို့ရဲ့ မြေးငါးယောက်အကြောင်းကို တခမ်းတနား ပြောနေတုန်းမှုာပဲ Daniel နိုးလာပြီး ငိုပါတော့တယ်။ ကျမပါ ရောပြီး ငိုချင်ပါတော့တယ်။ Daniel ကို ပွေ့ချီချော့ဖို့ နည်းလမ်းရှာရတော့မှာပါ။ ဘာလုပ်ရမှန်း မသိခင်မှာဘဲ ကလေးကို အဘွား ချီထားပါရစေကွယ် ဆိုတဲ့ တောင်းပန်သံလေးကို ကြားလိုက်ရပါတယ်။ ကျမ တန့်သွားပါတယ်။ အဘွားကြီးက ကလေးကို ပွေ့ချီဖို့ လက်ကမ်းနေပါပြီ။ သူ့လက်တွေ တုန်နေတာ ကျမ သတိထားလိုက်မိပါတယ်။ သူ့ကို စော်ကားတဲ့ စကားတွေ မပါဘဲ ဘယ်လိုယဉ်ယဉ်ကျေုးကျေး ငြင်းပယ်ရမလဲ စဉ်းစားလိုက်ပါတယ်။ Abigail ကို သူ့ရဲ့ အားနည်းပြီး တုန်ယင်နေတဲ့ လက်တွေထဲကို ထည့်လိုက်လို့ ဖြစ်မှာ မဟုတ်ပါဘူး။ မတော်တဆ လွတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။

ယဉ်ကျေးစွာ ငြင်းပယ်ရမယ့်အစား ကျမ Abigail ကို သူ့ဆီကို လှမ်းပြီး ပေးလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလို ဆုံးဖြတ်လိုက်ရသလဲ ဆိုတာ ပြန်ပြီး စဉ်းစားလို့  မရပါဘူး။ ကျမ မသိတဲ့ အမျိုးသမီးကြီးတစ်ဦးကို သမီးလေးကို ကမ်းပေးလိုက်တာကိုပဲ သတိရပါတယ်။

သမီးက ရုန်းကန်ပြီး ငိုလိုက်ပါတယ်။ ကလေးကို ချက်ချင်းပြန်ပေးမလားလို့ ထင်လိုက်ပါတယ်။ သူက သမီးရဲ့ ကျောကလေးကို ပွတ်သပ်ချော့ပြီး သီချင်းလေးကို စပြီး ဆိုလိုက်ပါတယ်။ စာသားတွေကို မဖမ်းမိပေမယ့် တေးသွားလေးကိုတော့ ကြားဖူးနေပါတယ်။ သမီးလေးက ချက်ချင်းကိုပဲ ငြိမ်သက်သွားပါတယ်။ Daniel ကို ပွေ့ချီပြီး ငြိမ်သက်အောင် ချော့လိုက်ရပါတယ်။ ပြီးတော့မှ အိတ်ထဲက အ၀တ်ကို ဆွဲထုတ်ပြီး အဘွားကြီးရဲ့ ပခုံးပေါ်မှာ တင်ပေးဖို့ ကြိုးစားတော့ သူက ခေါင်းကို ခါရမ်းလိုက်ပါတယ်။ ဘွားဘွားကြီး အင်္ကျီကို သမီးရဲ့ သွားရည်တွေ ပေကုန်မှာပေါ့ လို့ ပြောတော့ သူ့မျက်လုံးတွေက အရောင်တွေ တလက်လက် ထွက်ပေါ်လာပြီး သူ့နှုတ်ခမ်းတွေ တုန်ယင်လာပါတယ်။ ဒီကလေးလေးက ငါ့အင်္ကျီကို ပျက်စီးအောင် မလုပ်ပါဘူးကွယ် လို့ ပြောပြီး သူ့မျက်လုံးတွေထဲ မျက်ရည်တွေကို ကျမ မမြင်စေချင်လို့ တစ်ဖက်ကို လှည့်ပြီး ကျမ သမီးလေး အိပ်ပျော်သွားအောင် လှုပ်ပြီး သိပ်နေပါတယ်။

အဘိုးကြီးက ကျမလက်ကို လှမ်းကိုင်လိုက်ပါတယ်။ သူက ပြုံးပြနေပါတယ်။ ဒါပေမယ့် ရီေ၀၀မ်းနည်းရိပ်သမ်းနေတဲ့ အပြုံးပါ။

ငါတို့မှာ မြေးငါးယောက် ရှိတယ်ကွဲ့

ဟုတ်ကဲ့ စောစောက ပြောပြလို့ သိပြီးပါပြီ

သူက ခေါင်းညိတ်လိုက်ပြီး သူ့လက်တွေကို ငုံ့ကြည့်နေပါတယ်။ သူခေါင်းမော့ပြီး ကျမကို ကြည့်လိုက်တဲ့အခါမှာ သူ့မျက်လုံးတွေထဲမှာလည်း မျက်ရည်တွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရပါတယ်။

ကလေးတွေကို တို့ ချီခွင့်မရဘူးကွဲ့။ ကလေးတွေ လွတ်ကျပြီး ထိခိုက်ကုန်မှာစိုးလို့ ထင်ပါရဲ့ လို့ ပြောပြပါတယ်။

သူ့ကို ကျမ ဘာမှ ပြန်မပြောနိုင်ပါဘူး။ ပြောပြစရာ စကားလည်း ရှာလို့ မတွေ့ပါဘူး။ ခဏနေတော့ ကျမတို့အလှည့် ကျလာလို့ သမီးကို အဘွားကြီးလက်က ပြန်ယူလိုက်ပါတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ တခြားတံခါးပေါက်က ထွက်လာရတဲ့အတွက် သူတို့နှစ်ယောက်နဲ့ ပြန်ပြီး မတွေ့တော့ပါဘူး။ သူတို့နာမည်တွေကိုတောင် မမေးလိုက်ရပါဘူး။

အခုဆိုရင် နှစ်နှစ် ရှိသွားပါပြီ။ Abigail ရဲ့ ဓာတ်မှန်ကလည်း ပုံမှန်ပါပဲ။ အခုဆိုရင် ကောင်းကောင်း လမ်းလျှောက်နေပါပြီ။ သူ့အသက်နဲ့စာရင် နည်းနည်း သေးပြီး နုနယ်ပေမယ့် ကျမတို့ရဲ့ အသည်းစွဲသမီးလေးပဲ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံအတွက် ကျမ နေ့စဉ်လို ဆုတောင်းပေးပါတယ်။ သူတို့ ဘယ်မှာရှိကြသလဲ။ သူတို့ ဘယ်သူတွေလဲဆိုတာ မသိပေမယ့် သူတို့ကြောင့် ကျမ အသိတစ်ခု တိုးခဲ့ရပါတယ်။



လူတွေက ကိုယ့်ဘ၀လမ်း ကိုယ်လျှောက်နေရပေမယ့် ဆက်စပ်မှု တစ်ခုတော့ ကောက်ချက်ချစရာ ရှိပါတယ်။ တစ်ခါတလေမှာ ကျမတို့ကို လိုအပ်တဲ့ လူတွေ ရှိပါတယ်။ ဒါမှ တစ်ယောက်ရဲ့ ရင်ထဲက အလင်းရောင်လေးကို ခံစားသိရှိနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ကျမတို့က လိုအပ်တဲ့ လူတွေ ရှိပါတယ်။ မေတ္တာ ကရုဏာတွေ ရနိုင်ပါလားဆိုတာကို သတိရစေဖို့ပါပဲ။ ပြီးတော့ တစ်ခါတလေမှာလည်း ဆေးရုံက နားနေဆောင်မှာ တွေ့ခဲ့တဲ့ အဘွားလိုပဲ သူနဲ့ ကျမ အပြန်အလှန် လိုအပ်တဲ့ သူတွေ ဖြစ်ခဲ့ရပါတယ်။


source: A cup of comfort for inspiration မှ Adrian R.Ward ရဲ့ To hold and behold

ခင်စောတင့်(အချစ်များစွာနဲ့ ပေးတဲ့ လက်ဆောင်) စာအုပ်မှ ကူးယူသည်။

Tuesday, April 27, 2010

သစ်စက်

သစ်ရာ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် တဲ့
အစိမ်းရောင်တစ်အုပ်လုံး ညှို့နေအောင် ၀တ်ဆင်ပြီး
ကိုယ့်အရပ်အမောင်းနဲ့ကိုယ် မြင့်တက်ဖို့
ကိုယ့်အလုံးအထည်နဲ့ကိုယ် ကြီးထွားဖို့
ဒီတောဒီတောင်ကို ရွေးချယ်ခဲ့။

ရေချိုးမမှားလည်း ဖျားတတ်သလိုမျိုးပေါ့
ရှူသွင်းလိုက်တိုင်း လွှသွားငေါငေါ
ရှူထုတ်လိုက်တိုင်း ပျဉ်တိုပျဉ်စ။

ခုတော့ .........

အိပ်မက်က သစ်တောဖြစ်ပြီး
ဘ၀က သစ်စက်ဖြစ်လို့ ။ ။
မောင်တည်အေး

အမှတ် ၂၂၇
၁၉ နှစ်ပြည့် ကလျာမဂ္ဂဇင်း
၂၀၀၄ ဇန်န၀ါရီလ
မင်းသိမယ်

မင်း ဆင်းရဲခဲ့ဖူးမှ
ဆင်းရဲတဲ့ခါးသီးမှုကို သိမယ်။
မင်း ချမ်းသာခဲ့ဖူးမှ
မအေးချမ်းတဲ့ ရသကို သိမယ်။
မင်း အယုယ ခံစားခဲ့ဖူးမှ
အချစ်ကြင်နာတရားကို သိမယ်။
မင်း ချစ်ကြင်သူ ဆုံးပါးခဲ့ဖူးမှ
အထီးကျန်ဘ၀ကို သိမယ်။
မင်း အတ္တဆန်ခဲ့ဖူးမှ
ပရဟိတသမားကို သိမယ်။
မင်း လောဘဇောတက်ခဲ့ဖူးမှ
သန္တိသုခ ရောင့်ရဲစိတ်ကို သိမယ်။
မင်း ကြောက်ရွံ့နောက်တွန့်ခဲ့ဖူးမှ
ကိုယ်ကျိုးစွန့်စိတ်ကို သိမယ်။
မင်း အိုမင်းမစွမ်းးချိန်ရောက်မှ
နုနုငယ်ငယ်ဘ၀ကို လွမ်းဖို့သိမယ်။
မင်းဘ၀စဆုံး စေ့စေ့တွေးခဲ့ဖူးမှ
ဘယ်သူမှ ဘာမှ မဟုတ်တာကို သိမယ်။
ငါတော့ ဘာမှမဟုတ်
ဘာမှ မသိသေးဘူးဆိုတာကို
ဒီနေ့ သိလိုက်ရတယ်။

စိုးလှိုင်တင့်
December, 2009 ကလျာမဂ္ဂဇင်း

Wednesday, April 7, 2010

Morgan Robertson

In 1898, the American writer, Morgan Robertson, wrote a story called. The Wreck of the Titan. In his story, a large passenger ship called the Titan sails from England on its maiden voyage to New York. The ship has the very latest technology and everyone on board believes it is unsinkable. A few nights later the Titan hits an iceberg and sinks. Because there are not enough lifeboats on the ship, many passengers----including many rich and famous people------die in the icy water of the North Atlantic. Not many people read The Wreck of the Titan----the only unusual thing about the story was that Morgan Robertson claimed that he wrote it in a psychic trance.

Fourteen years later, on April 9th, 1912, a large passenger ship called the Titanic left Southampton, England on its maiden voyage to New York. The ship was of the very latest design and it was described as being unsinkable by its engineers. Five nights later the Titanic bit an iceberg and sank. There were not enough lifeboats on the ship and 1,513 people----including many rich and famous passengers-----died in the icy water of the North Atlantic.


စာအုပ်တစ်အုပ်က ဖတ်ဖူးတာလေးပါ။ စာအုပ်နာမည်ကို မမှတ်မိတော့တာတော့ ကျနော့်ရဲ့ ညံ့ဖျင်းမှုပါပဲ။ သိတဲ့သူများ ပြောပြကြပါ။

အဇူရီ
အော်…….သွားလိုက်ပြီလား
နှုတ်မဆက် ထွက်ခွာ
အသံတိတ်နဲ့ တေးဆိုခဲ့တယ်
နောက်ဆုံးတေးသံ ငါမကြားပြီပဲကွယ်…။

အော်…….နှုတ်ဆက်တေးက
မချိုဘူးမို့ တိတ်တဆိတ်များ
အသံမဲ့တေးတွေ ဆိုငြီးရင်း
ထွက်ခွာခဲ့လေသလား……ကွယ်။

အော်……နောက်ဆုံးထွက်သက်
ဝေဒနာတေးတွေ တိတ်ဆိတ်ခံစား
အေးငြိမ်းရာကို သူထွက်သွားခဲ့လေပြီတကား……….။

azzurri
12-1-09(Tuesday)
1:55 afternoon

Sunday, December 27, 2009

Happy Newyear အတွက်ပါ

နှလုံးသားအလို

ကျမမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပြီလား…….ဘယ်သူကမှ ဒီလိုမပြောကြပေမယ့် ကျမသိနေတယ်။ အဖေရယ် အမေရယ် အစ်မရယ်…ကျမ မိသားစု တစ်ခုလုံးရဲ့ အကြည့်တွေ အပြောတွေက ကျမကို ရောဂါသည်တစ်ယောက်လို သဘောထားနေတာ ကျမ သိတာပေါ့။ ကျမဟာ သူတို့အတွက် သနားစရာ သတ္တ၀ါဖြစ်နေပြီလား………..။ ကျမ တကယ်ရူးတော့မှာလား……..။စိတ်ညစ်တယ်။ ပြောရရင် စိတ်ညစ်တာထက် အများကြီးပိုပါတယ်။ စိတ်ပျက်လှပြီ။ စိတ်ကုန်လှပြီ။ အိမ်နဲ့ ဝေးရာ လူတွေနဲ့ဝေးရာ တစ်နေရာရာကို ထွက်ပြေးချင်လိုက်တာ…….။
ကျမက ငယ်ငယ်ကတည်းက လှချင်တာ။ ၀ရင် အရုပ်ဆိုးမှာဆိုတာ သိနေတော့ ၀မှာလည်း သိပ်ကြောက်တာပဲ။ ဒါ့ကြောင့် အစားရှောင်တယ်။ လေ့ကျင့်ခန်းတွေ ဖိလုပ်တယ်။ ကြာတော့ ဘာမှ စားချင်သောက်ချင်စိတ် မရှိတော့ဘူး။ ခံတွင်းပျက်လာတယ်။ ညညဆိုရင်လည်း အိပ်မပျော်တော့ဘူး။ အိပ်ပျက်ညတွေ များလာတယ်။ မှန်ကြည့်လိုက်ပြန်တော့လည်း မှန်ထဲက " အရိုးပဒေသာမ " က ကျမကို ပြောပြနေတယ်။ ကျမ အသက်(၁၈)နှစ် အရပ်က ၅' ၈" ကိုယ်အလေးချိန်က ၉၅ ပေါင်ပဲ ရှိတယ်။ ကျောင်းက ကောင်လေးတွေပြောင်ခေါ်ကြသလို ကောင်မလေးတွေ မကြားနိုးနား အတင်းခုတ်သလို " အရိုးပဒေသာမ " ဆိုတာ ဟုတ်မှာပါပဲ………..။
ကျမမှာ အပေါင်းအသင်းဆိုတာလည်း မရှိပါဘူး။ ကျောင်းက ပျော်ပွဲရွှင်ပွဲတွေနဲ့လည်း ဝေးဝေးပဲ နေပါတယ်။ သူတို့က သူတို့ ကျမက ကျမ… ဘာဆိုဘာမှ မတူကြဘူးဆိုတာ စိတ်ထဲက အလိုလို သိနေတယ်။ သူတို့ရဲ့ သရော်စော်ကားအကြည့်တွေ၊ အပြောတွေ၊ အပြုံးတွေကို ကျမ မုန်းလှပြီ။ ဒီလိုနဲ့ ဘယ်သူနဲ့မှ ဘာစကားမှ မပြောချင်တော့ဘူး။ ခက်တာက ကျမအစ်မ။ တစ်ခန်းတည်းမှာ နေရတာဆိုတော့ ဘယ်လိုမှ ရှောင်မရဘူး။ အစ်မက ကျမကို အချိန်ပြည့်အကဲခတ်နေတာ။ ဟိုဟာလေးစားလိုက်ဦး။ ဒီဟာလေး စားလိုက်ဦးလို့လည်း စားစရာတစ်ခုခုကို ခဏခဏ ကျွေးတတ်တယ်။ ကျမမှ မစားချင်တာ။ ဘာတတ်နိုင်မှာလဲ။ အပြင်ကို အလည်ထွက်ဖို့လည်း ခဏခဏခေါ်ပါတယ်။ ကျမမှ မလည်ချင်တာ။ ဘာတတ်နိုင်မှာလဲ။ သူဖြစ်ချင်တာ မဖြစ်ရတော့ သူကပဲ ဒေါသထွက်ချင်သေးတယ်။ ကျမကို ဆူုတယ်။ ချက်ချင်းပဲ မျက်နှာပြင်ပြီး ညီမလေးရယ် ဘာရယ်ညာရယ် ဆိုပြီး ချော့ပြန်တယ်။ ပြီးတော့ မာရသွန်မိန့်ခွန်းရှည်ကြီး ခြွေပါလေရော………………..။ ပျင်းလိုက်တာ။
တစ်နေ့တော့ အဖေက ကျမကို အ၀တ်ဗီရိုလေးတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို အ၀တ်ဗီရိုတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို ချော့နေတာ။ ဗီရိုအသစ်ထဲကို အ၀တ်အစားတွေ ထည့်ပြီးပြီဆိုတာနဲ့ အမေက ထမင်းစားဖို့ လာခေါ်တယ်။ မဆာသေးဘူး အမေ လို့ ပြောပေမယ့် မရဘူး အခုစား တဲ့။ နောက်တော့ အဖေရော အမေရောက သူတို့ရှေ့မှာ တစ်ခုခု စားပြရမယ်လို့ လုပ်လာရော။ ကျမ စိတ်ပျက်လက်ပျက်နဲ့ အော်ရယ်ပစ်လိုက်တယ်။ ဘာပြောကောင်းမလဲ။ တစ်အိမ်သားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ ကျမကို ဇွတ်ဖမ်းပြီး ဆေးခန်းတစ်ခုကို ခေါ်သွားကြတယ်။ စိတ်ကုဆရာဝန်ဆိုလား မသိပါဘူး။ လေတော့ အတော်ပန်းနိုင်တဲ့သူပါ။ တစ်နာရီနီးပါးလောက် သူကပဲ မရပ်မနား စကားတွေပြောတော့တယ်။ ပြောရင်းက ဟုတ်လား ဟုတ်လား လို့လည်း ခဏခဏ မေးသေးတယ်။ ကျမလည်း စိတ်ချဉ်ချဉ်ရှိတာနဲ့ ဟုတ်ဘူး ဟုတ်ဘူး လို့ အော်ပစ်လိုက်တာပေါ့။
ဒီလိုနဲ့ အိမ်မှာနေရတာ စိတ်အဆင်းရဲဆုံးအချိန်မှာ ကျမကောလိပ်တက်ရပါတယ်။ တစ်ခြားမြို့ ကိုသွားတက်ရတာဆိုတော့ အိမ်နဲ့ ဝေးပြီပေါ့။ ပျော်လိုက်တာ။ တစ်ခုပဲ စိတ်ထဲက ထင့်နေတာ ရှိတယ်။ ကျမတို့ အဆောင်က လေးယောက်ခန်းဆိုတော့ တစ်ခြားကျောင်းသူသုံးယောက်နဲ့ အတူနေရမှာ။ သူတို့နဲ့ အဆင်ပြေမှ ပြေပါ့မလား…….။ တကယ်တမ်းအတူနေရတော့လည်း စိုးရိမ်သလိုဖြစ်မယ် မထင်တော့ပါဘူး။ ကျမ အခန်းဖော်တွေနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဟိုခပ်၀၀တစ်ယောက်က ဂျူလီယာ တဲ့။ သူ့ကြည့်လိုက်ရင် အမြဲတမ်း တစ်ခုခုစားနေတာ တွေ့ပါလိမ့်မယ်။ ခပ်ပိန်ပိန် အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ပန် တဲ့။ လူပိန်သလောက် အရယ်သန်တဲ့ မိန်းမပေါ့။ အလှဆုံးတစ်ယောက်ကတော့ ဒိုင်ယာနာ တဲ့။ အမြဲတမ်းလို သီချင်းတအေးအေးနဲ့ နေတတ်တယ်။ အရုပ်ဆိုး အကျည်းတန်ဆုံးကတော့ ပြောဖို့မလိုပါဘူးနော်။ ကျမပေါ့…………။
ကျမတို့လေးယောက် ကျောင်းအတူတူ တက်ကြတယ်။ အတူလျှောက်လည်ကြတယ်။ အတူစားသောက်ကြတယ်။ အတူစာကျက်ကြတယ်။ ညတိုင်းလိုလို ရောက်တတ်ရာရာ လေပန်းကြတယ်။ သူငယ်ချင်းသုံးယောက်လုံးက ကျမကို လူထူးလူဆန်းလို မဆက်ဆံဘူး။ သြဇာမာလကာတွေ မပေးကြသလို ဘာမှလည်း တယုတယ လုပ်မနေကြပါဘူး။ ကျမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တသီးတခြားလို့ မမြင်လှတော့ဘူး။ သူတို့နဲ့ အတူတူလို့ တဖြည်းဖြည်း ထင်လာတယ်။ ကျမတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ရင်ဖွင့်ကြတယ်။ ကျမပြဿနာတွေကို ပြောပြတော့ ပန် က တဟားဟားရယ်တယ်။ ဂျူလီယာ ကတော့ ခုလို မှတ်ချက်ချတယ်။ နင်ကလည်းဟာ စားတာများ ခက်တာမှတ်လို့ ဒီမှာကြည့် ငါစားပြမယ်လ ပြောရင်းက ဟန်ဘာဂါကို ပလုတ်ပလောင်း စားပြတော့ ကျမဖြင့် ရယ်လိုက်ရတာ။ စိတ်ညစ်ခဲ့ဖူးတာကိုတောင် မေ့သွားပါရော…….။ ဒိုင်ယာနာ ကတော့ ဘာမှ မပြောဘူး။ သူ့ထုံးစံအတိုင်း သီချင်းတစ်ပုဒ်ကို ကောက်ညည်းလိုက်တယ်။ အမိန့်တွေ ပေးတာ မကျေနပ်ဘူး။ ရင်ထဲမှာရှိတာ အမှန်တရား ….ဟား …..ဟား ……..ဟေ့……..။
ကျမတို့သုံးယောက်လုံုးဒိုင်ယာနာ သီချင်းကို သံပြိုင်ဟစ်လိုက်ကြပါတယ်။

ဆူဆန် လို့ခေါ်တဲ့ ကလေးမလေးရဲ့ ကိုယ်တွေ့ဖြစ်ပါတယ်။ ကောလိပ်ရောက်လို့ နှစ်ဝက်မကျိုးခင်ပဲ ဒီကလေးမရဲ့ စိတ်အခြေအနေဟာ ပုံမှန်ဖြစ်သွားပါတယ်။ သူ့ကို ကုလိုက်တာ ဘယ်ဆရာဝန်မှ မဟုတ်ပါဘူး။ သူ့သူငယ်ချင်းလေးသုံးယောက်ပါ သူတို့သုံးလိုက်တဲ့ ကုသနည်းမှာ ဘာဆေးဝါးမှ မပါဘူး။ ဘာညွှန်ကြားချက် ဘာမိန့်ခွန်းမှ မခြွှေဘူး။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်ကို ဖြည့်စွမ်းပေးလိုက်တာသာ ဖြစ်ပါတယ်။ အဲဒါကတော့ နားလည်မှု ပါ။ လူမှုဆက်ဆံရေးမှာ နားလည်မှုကိုသာ ဖန်တီးနိုင်ရင် တစ်ဝက်မက အောင်မြင်ပြီလို့ ဆိုနိုင်လောက်ပါတယ်။

Source: : နှစ်ဆယ့်တစ်ရာစု သားရွှေဥ( ကျော်ဝင်း )

Sunday, December 13, 2009

Friendship

လက်

ဟုတ်တယ် သူငယ်ချင်း

လက်တစ်ဖက်ကို ထောင်ကြည့်.။

င့ါဘက်က လက်ဖမိုးဆိုရင်

မင်းဘက်က လက်ဖ၀ါးပေါ့.။

ဒါက ကလေးကလားပါ

ငါပြောတာက

လက်တစ်ဖက်ကို ဘေးတိုက်ကြည့်

အင်း ……..မင်းမြင်လား …….။

ငါ့ဘက်က လက်မက စရင်

မင်းဘက်က လက်သန်းက စမယ်..

ဒါဟာလည်း အမှန်တရားပဲ..။

လူတွေက.

မှောက်ချည် လှန်ချည် လုပ်ဖို့သာ

သူတို့ စဉ်းစားနေကြတာ……

လက်ဆိုတာ.

ခုတ်လို့ ထိုးလို့လည်း ရသေးတယ်

ဘ၀ဆိုတာ အပိုင်းအစ တစ်ခု

နှိုင်းပြညှိဖို့ ဆိုတာ

တော်တော်တော့ ခက်တယ်..။

အမရာဒေ၀ီလက်ဝါးထောင်ပြတာ

မင်းကလည်း တစ်မျိုးတွေးချင် တွေးမှာပေါ့…။

ငါကလည်း တစ်မျိုးတွေးမိတယ်လေ

ဒါကြောင့် ………ငါတို့ …….

အမရာနဲ့ ဝေးလိုက်ရတာ ဖြစ်မယ်.။

ဟော……….မဟော်သဓာကတော့

ဒီလက်ဖ၀ါးကို ကောင်းကောင်း အသုံးချသွားတယ်..။

ကဲပါ……….သူငယ်ချင်း ..

မင်းနဲ့ငါ ဘယ်လောက်ဝေးဝေး ..

ရော့ကွာ ……ငါ့လက်တစ်ဖက် ……..

လာကွာ ……..မင်းလက်တစ်ဖက်ကမ်း ..

သူငယ်ချင်းရေ.ရှိတ်ကမ်း (shaking) .။

ဒယ

Source: myanmarcupid.net


သူငယ်ချင်း ဇင်ယော်အတွက် တင်ပေးလိုက်ပါတယ်...

Saturday, September 12, 2009

12-9-09

ကိုယ်ချင်းစာတရား

လူတွေဟာ ကိုယ်တွေ့ကြုံလာမှ သူများကို ကိုယ်ချင်းစာတတ်ကြတာပါ။ တစ်ချို့ဆိုရင် သူများကို ကိုယ်ချင်းစာဖို့တောင် သတိမရကြပါဘူး။ ကိုယ်လုပ်ချင်တာကို ဘေးပတ်ဝန်းကျင် ဂရုမစိုက်ဘဲ လုပ်မိတတ်ကြပါတယ်။ သူတို့တွေရဲ့ ဘ၀မှာ အောင်မြင်မှုရဖို့ ကိုယ်သာလျှင် အထူးချွန်ဆုံးဖြစ်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒီလိုလူမျိုးတွေဟာ အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဓာတ်ခွန်အား ချို့တဲ့နေတတ်ပါတယ်။ ကိုယ်က သူများကို ချ ပစ်လိုက်လို့ တစ်ဘက်သားတော့ ဘယ်လိုခံသွားရရှာတယ်လို့ မတွေးမိတတ်ကြပါဘူး။ မိမိကိုယ်တိုင် အချခံ ရသူဖြစ်လာမှ ချတဲ့သူ ကို ဒေါသထွက်တတ်ပါတယ်။ တကယ်တော့ ကိုယ်က သူများကို မချခင် အချခံရသူ နေရာမှာ ငါသာဆိုရင် ဆိုပြီး အရင်ဆုံး ခံစားကြည့်စေချင်ပါတယ်။

လူကြီးတွေဟာ ကလေးဘ၀၇ဲ့ အရိပ်

အထက်ပါ စာသားလေးဟာ စာရေးဆရာမ မစန္ဒာ ရဲ့ အရိပ် ၀တ္ထုထဲက စာသားလေးတွေပါ။ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီဝတ္ထုကို ဒါရိုက်တာမီးပွားက ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ပါတယ်။ အဓိကဇာတ်ကောင် စုစုလှိုင် အဖြစ် သရုပ်ဆောင်တဲ့ ပန်းဖြူ လည်း အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ မစန္ဒာ ရေးသားခဲ့သလိုပါပဲ ဒီနေ့လူကြီးတွေဟာ တချိန်က ကလေးဘ၀ကို ဖြတ်သန်းခဲ့ရဖူးသူချည်းပါ။ အဲ့ဒီကလေးတွေဟာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ထိတွေ့မှု၊ မိသားစုရဲ့ နွေးထွေးမှု၊ ပင်ကိုယ်ဗီဇတွေနဲ့ ကြီးပြင်းလာကြပါတယ်။ ကလေးဘ၀က အရိပ်တွေဟာ လူကြီးဘ၀အထိ အရိပ်မိုးလာခဲ့ပါတယ်။ အထူးသဖြင့် မိသားစု တစ်ခုရဲ့ သာယာချမ်းမြေ့မှုကို ရယူနိုင်ခဲ့သူ ကလေးတွေဟာ ကြီးပြင်း ကြီးပြင်းလာတဲ့အခါ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တတ်ပါတယ်။ မိဘတွေ၇ဲ့ ဂရုတစိုက် ချစ်ခင်မှုကို ခံယူရရှိခဲ့တဲ့ ကလေးငယ်တွေမှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေတတ်ပါတယ်။ အိမ်ထောင်ကျိုးမိသားစုမှာ ကြီးပြင်းခဲ့တဲ့ ကလေးနဲ့ မိဘစုံစုံလင်လင် ကြီးပြင်းခဲ့တဲ့ကလေးဟာ စိတ်ဓာတ်ချင်း ကွာခြားတတ်ပါတယ်။ အိမ်ထောင်ကျိုးမိဘက မွေးဖွားခဲ့တဲ့ ကလေးတွေဟာ မေတ္တာကို တောင့်တတတ်ကြပါတယ်။ သူတို့လိုချင်တဲ့ မေတ္တာကို မရရှိတဲ့အခါ အရွဲ့တိုက်ပြီး လောကကို ရင်ဆိုင်လာကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့လေးတွေဟာ လူ့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ပျက်ပြားသူလေးတွေ ဖြစ်လာကြတော့တာပါပဲ။ သာယာချမ်းမြေ့တဲ့ မိသားစုဘ၀ထဲက ကလေးတွေမှာတော့ မိဘမောင်နှမတွေ၇ဲ့ နွေးထွေးတဲ့ မေတ္တာကို အပြည့်အ၀ ရရှိခဲ့ပါတယ်။ သူတို့တွေမှာ မိမိကိုယ်မိမိ ယုံကြည်ခြင်း၊ သူတစ်ပါးအား စာနာသနားစိတ်ရှိခြင်း၊ ရဲဘော်၇ဲဘက်စိတ်ရှိခြင်း၊ မေတ္တာတရားလက်ကိုင်ထားနိုင်ခြင်း စသည်တို့ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ တွေကို ပေးနိုင်တဲ့၊ အရိပ်အာဝါသကောင်းတဲ့၊ အချစ်သစ်ပင်လေး ရှင်သန်နေစေဖို့ မိမိကိုယ်တိုင် အချစ်ခံဖူးပါစေ၊ ချစ်တတ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီစာသားလေးကို တစ်ခါလောက် အသံထွက်ပြီး ရွတ်ဆိုကြည့်လိုက်ပါ။


အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ဘူး တဲ့။

Sunday, August 23, 2009

Happy Birthday To xinyaw

Number 4 people

မည်သည့်လတွင်မဆို 4, 13, 22, 31 ရက်နေ့များတွင် မွေးသောသူများကို လေးဂဏန်းသမားများလို့ သတ်မှတ်ပါတယ်။

သူတို့တွေဟာ အရာရာကို သူများတွေနဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်မြင်လေ့ရှိပါတယ်။ သူများနဲ့ မတူတဲ့အတွေးတွေကြောင့် အတိုက်အခံ ဖြစ်လေ့ရှိပါတယ်။ လျှို့ ၀ှက်တဲ့ ရန်သူတွေလည်း ပေါများတတ်ပါတယ်။ လေးဂဏန်းသမားတွေဟာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချူပ်ခြယ်မှုကို မနှစ်သက်ကြပါဘူး။ အမြဲလိုလို တော်လှန်ပုန်ကန်လိုစိတ် ရှိကြပါတယ်။ အတွေးအခေါ်အဟောင်းတွေကို ဆန့်ကျင်ပြီး အယူအဆအသစ်တွေကို တီထွင်တတ်ပါတယ်။ သူတို့တွေဟာ မိတ်ဆွေသူငယ်ချင်းကို အလွယ်တကူ မဖွဲ့တတ်ပေမယ့် ရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာတော့ အလွန်သစ္စာရှိတဲ့ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံတတ်ပါတယ်။

သူတို့ရဲ့ စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေကို သူတို့ရဲ့ ဂ ဏန်းဖြစ်တဲ့ ၄ ၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့တွေမှာ လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ဇွန် ၂၁ မှ ဇူလိုင် ၂၀ကြား၊ ဇူလိုင် ၂၂ မှ သြဂုတ်လကုန်အထိ ရက်ပိုင်းမှာ ၄ ကျတဲ့ နေ့တွေမှာဆိုရင် ပိုပြီး ထိရောက်ပါတယ်။ သူတို့အတွက် lucky အရှိဆုံး ရက်တွေကတော့ ၄၊ ၁၃၊ ၂၂၊ ၃၁ ဂဏန်းတွေကျရောက်တဲ့ စနေ၊ တနင်္ဂနွေ နဲ့ တနင်္လာ တွေ ဖြစ်ပါတယ်။ အပြာရောင် ၊ မီးခိုးရောင်နဲ့ အရောင်မှိုင်းတွေကတော့ အသင့်တော်ဆုံး အရောင်တွေလို့ ဆိုကြပါတယ်။ ၀တ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ sapphire နီလာ ဖြစ်ပါတယ်။

Source: numbers4_people.php.htm