Showing posts with label ရင်မှာထိရှတွေးမိတာလေးများ. Show all posts
Showing posts with label ရင်မှာထိရှတွေးမိတာလေးများ. Show all posts

Monday, February 2, 2009

2-2-09

နှလုံးသားမြို့တော်

ရင်မှာထိရှ တွေးမိသမျှ (၁)

“ နှလုံးသားမြို့တော် “ တဲ့။ ဟုတ်တယ်။ ကျနော့်ဘ၀ရဲ့ မမေ့နိုင်တဲ့ အမြဲထာဝရ တည်ရှိနေမယ့် မြို့လေးပါ။ ကျနော့် ရင်ဘတ်ထဲက တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားရဲ့ တောင့်တရာ၊ ငတ်မွတ်ရာ၊ လွမ်းမောစရာ ရပ်ဝန်းလေး ………..ဒါ …ဘာလဲ….? သိချင်ကြလားဟင်…..!

ခုဆို ကျနော်ဟာ မွေးရပ်မြေ ရွှေမန်းလေးကို ပြန်ရောက်နေပေမယ့် အမြဲလိုလို အားချိန်တိုင်း သတိရနေမိတာ မိဘလည်းမဟုတ်။ သူငယ်ချင်းတွေလည်းမဟုတ်.. မောင်နှမတွေလည်းမဟုတ်နဲ့ ….၊၊ ကျနော့်ကိုမွေးဖွားခဲ့တဲ့ မန္တလေးရွှေမြို့တော်မှာ ခြေချခွင့်ရနေပေမယ့် ( ၂ ) နှစ်နီးပါး နေထိုင်ခဲ့ရာ၊ တာဝန်ထမ်းဆောင်ခဲ့ရာ၊ မနောမြေလေးကို အချိန်တိုင်းလိုလို သတိရနေမိတာ ဘာကြောင့်လဲလို့တောင် မသိတော့ပါဘူးဗျာ….၊ ဒါ ….ရေစက် လား….! ဟိုးအရင် ဘ၀တွေတုန်းက မနောမြေနဲ့ ဘာတွေ ပတ်သက်ခဲ့ဖူးသလဲ…! သေချာတာက ကျနော့်နှလုံးသားထဲမှာ အမြဲထာဝရ တည်ရှိနေမယ့် မြို့လေးဟာ ကချင်တိုင်းရင်းသားတို့ရဲ့ မြို့တော်…..မနောအက ထွန်းကားရာ မြစ်ကြီးနား မြို့ လေးပါပဲ………၊