http://burglish.my-mm.org/latest/trunk/web/testarea.htm
ပေါ်လာတဲ့ box ထဲမှာ barglish လို ရိုက်ထည့်လိုက်ရင် မြန်မာလို ပြန်ပေါ်ပေးတာလေးဗျ။ မြန်မာလို ရိုက်ဖို့ အခက်အခဲ ရှိသူတွေအတွက် အသုံးဝင်နိုင်တဲ့ ဆိုဒ်လေးပါ။
azzurri
In my opinion my friends are the most important people in my life. This is because my friends are more important to me than anyone else and they help me in my life. Actually I have a lot of friends and I feel very luck to have so many friends. Other people may not have good friends but I would not be happy without my friends around. Even if I am ill , I still need my friends and no one else can take their place. As a consequence, I value very highly.
http://burglish.my-mm.org/latest/trunk/web/testarea.htm
ပေါ်လာတဲ့ box ထဲမှာ barglish လို ရိုက်ထည့်လိုက်ရင် မြန်မာလို ပြန်ပေါ်ပေးတာလေးဗျ။ မြန်မာလို ရိုက်ဖို့ အခက်အခဲ ရှိသူတွေအတွက် အသုံးဝင်နိုင်တဲ့ ဆိုဒ်လေးပါ။
azzurri
ပွေ့ချီထားပါရစေ
ကျမရဲ့ တစ်လခွဲ အရွယ် အမြွှာနှစ်ယောက်နဲ့အတူ မြို့နယ်ဆေးရုံက ဓာတ်မှန်ဌာနကို ရောက်နေပါတယ်။ ကျမရဲ့ သမီးလေး Abigail က တင်ပါးဆုံနဲ့ မွေးဖွားခဲ့တာ ဖြစ်ပြီး သူ့အစ်ကို Daniel ထက် တစ်ပေါင်ခွဲ ကိုယ်အလေးချိန် လျော့နည်းပါတယ်။ သူ့ကို မွေးဖွားစဉ်က တင်ပါးဆုံနေရာ လွဲသွားခဲ့ပါတယ် အခု နေရာတကျ ရှိ မရှိ ဓာတ်မှန် ရိုက်ကြည့်ဖို့ ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မှာ ဖြစ်ပေမယ့် ကျမစိတ်တွေ လှုပ်ရှားနေခဲ့ပါတယ်။
ကျမတို့ ရောက်တာ တစ်နာရီလောက် ရှိနေပေမယ့် ကျမတို့ကို ခေါ်မယ့် အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။ နောက်ထပ်ရောက်လာတဲ့ သူတွေက များလာတဲ့အတွက် ဓာတ်မှန်စမ်းသပ်ခန်းကို ၀င်ရတဲ့လူတွေ အရေအတွက်က နည်းနေပါတယ်။ စိတ်မရှည်မှုကို ဖုံးကွယ်ဖို့ ကြိုးစားကြရင်း လူနာအချင်းချင်း စကားပြောနေမိကြပါတယ်။ ကျမရဲ့ အမြွှာလေးတွေကို စိတ်ဝင်စားနေကြပြီး အမျိုးသမီးငယ်တစ်ယောက်က ကျမလက်ပေါ်က လူးလွန့်စပြုနေတဲ့ Abigail ကို ပွေ့ချီထားပါရစေလို့ တောင်းခံလာပါတယ်။ ကျမက ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ပါတယ်။ Daniel က လက်တွန်းလှည်းထဲမှာ အိပ်ပျော်နေဆဲပါပဲ။ ဒါပေမယ့် မကြာခင်မှာ နိုးလာတော့မှာကို ကျမ သိနေပါတယ်။
သူနာပြုတစ်ယောက် ထွက်လာပြီး ကျမတို့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြတာကို ကျေးဇူးတင်ကြောင်းနဲ့ အတွင်းလူနာများကို ဓာတ်မှန်ရိုက်ပေးတာကို အပြီးသတ်တော့မှာ ဖြစ်ကြောင်း ပြောပါတယ်။ ခဏလောက် စောင့်ပြီးရင် အစဉ်လိုက် ခေါ်တော့မှာဖြစ်ကြောင်း ဆက်ပြီး ပြောသွားပါတယ်။ မြန်မြန်ခေါ်မှပါပဲ။ ဘာလို့လဲဆိုတော့ ကျမနားက တစ်ခုံနဲ့ မျက်နှာချင်းဆိုင်က တစ်ခုံကလွဲလို့ တစ်ခန်းလုံး ပြည့်နေပါပြီ။
အဲ့ဒီအချိန်မှာပဲ အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ စုံတွဲတစ်တွဲ ၀င်လာပါတယ်။ စာရင်းသွင်းလိုက်ပြီး ထိုင်ဖို့ နေရာရှာကြည့်နေကြပါတယ်။ ကျမက ကလေးလှည်းလေးကို နေရာရွှေ့ ပြီး သူတို့ ထိုင်လို့ ရအောင် လုပ်ပေးလိုက်ပါတယ်။
အဘိုးကြီးက ငါတော့ ကလေးတွေနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်မယ်ဟေ့ လို့ ကျယ်ကျယ်လောင်လောင် ကြေညာလိုက်ပါတယ်။ အဘွားကြီးက အဘိုးကြီးရဲ့ လက်မောင်းကို လှမ်းရိုက်ပြီး တိုးတိုး ပြောပါရှင် သူ့ကို မနှောင့်ယှက်ပါနဲ့ သူ့မှာ ကလေးတွေနဲ့ လက်မအားရရှာပါဘူး လို့ ပြောလိုက်ပါတယ်။
သူတို့ကိုကြည့်ပြီး တိုးတိုးတိတ်တိတ် ပြုံးရယ်နေကြပါတယ်။ အဘွားကြီးက ကျမနားမှာ ထိုင်ပြီး အဘိုးကြီးက မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်ပါတယ်။ သူ့အနားက လူတွေကို စကားတွေ အဆက်မပြတ် ပြောနေပါတော့တယ်။ သူ့ရင်ဘတ်ကို ဓာတ်မှန်ရိုက်ဖို့လာကြောင်း သူ့ရဲ့ဆရာဝန်က ညွှန်ကြားလို့သာ လာရကြောင်း၊ လိုအပ်မယ် မထင်ပါဘူးလို့ ပြောနေပါတယ်။
ကျုပ် လူ့လောကကြီးထဲကို ရောက်လာတာ (၈၇) နှစ် ရှိပါပြီ။ ဘာရောဂါမှ မဖြစ်ဖူးပါဘူးဗျာ လို့ ပြောနေပြန်ပါတယ်။
သူ့ဇနီးက တစ်ခြားလူတွေကို အနှောင့်အယှက်ပေးရမလားလို့ ဆူလိုက်ပါတယ်။ ဘယ်သူကမှ မငြိုငြင်ကြပါဘူး။ ကျမတို့အားလုံး စောင့်ရတာ ကြာလို့ ငြီးငွေ့စိတ်ပျက်နေကြလို့ အဘိုးကြီးရဲ့ ဖော်ရွေရွှင်ပျတဲ့ စကားသံတွေကို စိတ်ဝင်စားနေကြပါတယ်။ သူက သူတို့ရဲ့ မြေးငါးယောက်အကြောင်းကို တခမ်းတနား ပြောနေတုန်းမှုာပဲ Daniel နိုးလာပြီး ငိုပါတော့တယ်။ ကျမပါ ရောပြီး ငိုချင်ပါတော့တယ်။ Daniel ကို ပွေ့ချီချော့ဖို့ နည်းလမ်းရှာရတော့မှာပါ။ ဘာလုပ်ရမှန်း မသိခင်မှာဘဲ ကလေးကို အဘွား ချီထားပါရစေကွယ် ဆိုတဲ့ တောင်းပန်သံလေးကို ကြားလိုက်ရပါတယ်။ ကျမ တန့်သွားပါတယ်။ အဘွားကြီးက ကလေးကို ပွေ့ချီဖို့ လက်ကမ်းနေပါပြီ။ သူ့လက်တွေ တုန်နေတာ ကျမ သတိထားလိုက်မိပါတယ်။ သူ့ကို စော်ကားတဲ့ စကားတွေ မပါဘဲ ဘယ်လိုယဉ်ယဉ်ကျေုးကျေး ငြင်းပယ်ရမလဲ စဉ်းစားလိုက်ပါတယ်။ Abigail ကို သူ့ရဲ့ အားနည်းပြီး တုန်ယင်နေတဲ့ လက်တွေထဲကို ထည့်လိုက်လို့ ဖြစ်မှာ မဟုတ်ပါဘူး။ မတော်တဆ လွတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။
ယဉ်ကျေးစွာ ငြင်းပယ်ရမယ့်အစား ကျမ Abigail ကို သူ့ဆီကို လှမ်းပြီး ပေးလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလို ဆုံးဖြတ်လိုက်ရသလဲ ဆိုတာ ပြန်ပြီး စဉ်းစားလို့  မရပါဘူး။ ကျမ မသိတဲ့ အမျိုးသမီးကြီးတစ်ဦးကို သမီးလေးကို ကမ်းပေးလိုက်တာကိုပဲ သတိရပါတယ်။
သမီးက ရုန်းကန်ပြီး ငိုလိုက်ပါတယ်။ ကလေးကို ချက်ချင်းပြန်ပေးမလားလို့ ထင်လိုက်ပါတယ်။ သူက သမီးရဲ့ ကျောကလေးကို ပွတ်သပ်ချော့ပြီး သီချင်းလေးကို စပြီး ဆိုလိုက်ပါတယ်။ စာသားတွေကို မဖမ်းမိပေမယ့် တေးသွားလေးကိုတော့ ကြားဖူးနေပါတယ်။ သမီးလေးက ချက်ချင်းကိုပဲ ငြိမ်သက်သွားပါတယ်။ Daniel ကို ပွေ့ချီပြီး ငြိမ်သက်အောင် ချော့လိုက်ရပါတယ်။ ပြီးတော့မှ အိတ်ထဲက အ၀တ်ကို ဆွဲထုတ်ပြီး အဘွားကြီးရဲ့ ပခုံးပေါ်မှာ တင်ပေးဖို့ ကြိုးစားတော့ သူက ခေါင်းကို ခါရမ်းလိုက်ပါတယ်။ ဘွားဘွားကြီး အင်္ကျီကို သမီးရဲ့ သွားရည်တွေ ပေကုန်မှာပေါ့ လို့ ပြောတော့ သူ့မျက်လုံးတွေက အရောင်တွေ တလက်လက် ထွက်ပေါ်လာပြီး သူ့နှုတ်ခမ်းတွေ တုန်ယင်လာပါတယ်။ ဒီကလေးလေးက ငါ့အင်္ကျီကို ပျက်စီးအောင် မလုပ်ပါဘူးကွယ် လို့ ပြောပြီး သူ့မျက်လုံးတွေထဲ မျက်ရည်တွေကို ကျမ မမြင်စေချင်လို့ တစ်ဖက်ကို လှည့်ပြီး ကျမ သမီးလေး အိပ်ပျော်သွားအောင် လှုပ်ပြီး သိပ်နေပါတယ်။
အဘိုးကြီးက ကျမလက်ကို လှမ်းကိုင်လိုက်ပါတယ်။ သူက ပြုံးပြနေပါတယ်။ ဒါပေမယ့် ရီေ၀၀မ်းနည်းရိပ်သမ်းနေတဲ့ အပြုံးပါ။
ငါတို့မှာ မြေးငါးယောက် ရှိတယ်ကွဲ့
ဟုတ်ကဲ့ စောစောက ပြောပြလို့ သိပြီးပါပြီ
သူက ခေါင်းညိတ်လိုက်ပြီး သူ့လက်တွေကို ငုံ့ကြည့်နေပါတယ်။ သူခေါင်းမော့ပြီး ကျမကို ကြည့်လိုက်တဲ့အခါမှာ သူ့မျက်လုံးတွေထဲမှာလည်း မျက်ရည်တွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရပါတယ်။
ကလေးတွေကို တို့ ချီခွင့်မရဘူးကွဲ့။ ကလေးတွေ လွတ်ကျပြီး ထိခိုက်ကုန်မှာစိုးလို့ ထင်ပါရဲ့ လို့ ပြောပြပါတယ်။
သူ့ကို ကျမ ဘာမှ ပြန်မပြောနိုင်ပါဘူး။ ပြောပြစရာ စကားလည်း ရှာလို့ မတွေ့ပါဘူး။ ခဏနေတော့ ကျမတို့အလှည့် ကျလာလို့ သမီးကို အဘွားကြီးလက်က ပြန်ယူလိုက်ပါတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ တခြားတံခါးပေါက်က ထွက်လာရတဲ့အတွက် သူတို့နှစ်ယောက်နဲ့ ပြန်ပြီး မတွေ့တော့ပါဘူး။ သူတို့နာမည်တွေကိုတောင် မမေးလိုက်ရပါဘူး။
အခုဆိုရင် နှစ်နှစ် ရှိသွားပါပြီ။ Abigail ရဲ့ ဓာတ်မှန်ကလည်း ပုံမှန်ပါပဲ။ အခုဆိုရင် ကောင်းကောင်း လမ်းလျှောက်နေပါပြီ။ သူ့အသက်နဲ့စာရင် နည်းနည်း သေးပြီး နုနယ်ပေမယ့် ကျမတို့ရဲ့ အသည်းစွဲသမီးလေးပဲ ဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံအတွက် ကျမ နေ့စဉ်လို ဆုတောင်းပေးပါတယ်။ သူတို့ ဘယ်မှာရှိကြသလဲ။ သူတို့ ဘယ်သူတွေလဲဆိုတာ မသိပေမယ့် သူတို့ကြောင့် ကျမ အသိတစ်ခု တိုးခဲ့ရပါတယ်။
လူတွေက ကိုယ့်ဘ၀လမ်း ကိုယ်လျှောက်နေရပေမယ့် ဆက်စပ်မှု တစ်ခုတော့ ကောက်ချက်ချစရာ ရှိပါတယ်။ တစ်ခါတလေမှာ ကျမတို့ကို လိုအပ်တဲ့ လူတွေ ရှိပါတယ်။ ဒါမှ တစ်ယောက်ရဲ့ ရင်ထဲက အလင်းရောင်လေးကို ခံစားသိရှိနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ကျမတို့က လိုအပ်တဲ့ လူတွေ ရှိပါတယ်။ မေတ္တာ ကရုဏာတွေ ရနိုင်ပါလားဆိုတာကို သတိရစေဖို့ပါပဲ။ ပြီးတော့ တစ်ခါတလေမှာလည်း ဆေးရုံက နားနေဆောင်မှာ တွေ့ခဲ့တဲ့ အဘွားလိုပဲ သူနဲ့ ကျမ အပြန်အလှန် လိုအပ်တဲ့ သူတွေ ဖြစ်ခဲ့ရပါတယ်။
source: A cup of comfort for inspiration မှ Adrian R.Ward ရဲ့ “ To hold and behold “
ခင်စောတင့်(အချစ်များစွာနဲ့ ပေးတဲ့ လက်ဆောင်) စာအုပ်မှ ကူးယူသည်။