Sunday, December 28, 2008

ဒီနေ့ ဖတ်လိုက်၇တဲ့ ကဗျာလေးတစ်ပုဒ်ပါ.......
စာသားလေးတွေ လှ တာနဲ့ တင်လိုက်ပါတယ်......
အားလုံးခံစားနိုင်ကြပါစေ.............


I will love you forever

I love you so deeply,
I love you so much
I love the sound of your voice
And the way that we touch.

I love you warm smile
And your kind, thoughtful way,
The joy that you bring
To my life everyday.

I love you today
As I have from the start,
And I'll love you forever
With all of my heart.

Amanda Nicole Martinez

The Light of English
No.167, November, 2008



28-12-08(sunday)

ဒီနေ့ကျနော့်စိတ်တွေ အရမ်းရှုပ်သွားတယ်။ ကျနော်မလုပ်ချင်တာတစ်ခုကို လုပ်ရတော့မယ်လေ။ ကျနော့်အဖေရဲ့ ငိုသံနဲ့ တောင်းဆိုတဲ့ ဆန္ဒတစ်ခုကို ကျနော် ဘယ်လိုနှလုံးသားမျိုးနဲ့ တင်းခံ၇မှာလဲ................?

ကျနော် တစ်နေ့လုံးအတွေးတွေ လည်နေတယ်။ ခုတော့ ကျနော် ပုံမှန်ပြန်ဖြစ်သွားပါပြီ။

မွေးဖွားပေးခဲ့တဲ့ မိဘကို ဒီအသက်အရွယ်ထိ ဘာမှ ထိထိရောက်ရောက် ကျေးဇူးမပြုနိုင်သေးဘူး။ ကျနော့်ကို တောင်းဆိုတဲ့ မိဘရဲ့ ဆန္ဒကလည်း ကျနော့်အတွက် မကောင်းတာကို တောင်းဆိုတာမှ မဟုတ်တာပဲလေ။

ခုတော့ကျနော် ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ကျနော့်စိတ်တွေ ရှုပ်နေတုန်း ဖုန်းဆက်ပြီး စကားပြောပေးတဲ့ မလေးက မောင်လေး ဟယ်ရီ နဲ့ ရန်ကုန်က သူငယ်ချင်း စည်သူ တို့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ စင်ကာပူရောက်သူငယ်ချင်း ကျော်ဆန်းဦးကိုလည်း ကျေးဇူးပါလို့။

သူငယ်ချင်းတွေအတွက် ကျနော်အရင်က ရေးဖူးတဲ့ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါရစေ။

အမှားနဲ့ငါ

လှည့်စားတတ်တဲ့ လောကရယ်
မင်းရိုက်ချက်က ဆိုးလွန်းတယ်
ငါ ...........ပြင်ဆင်ချိန် မရလိုက်တော့
ဟားတိုက်ပြီး တွန်းကန်ဖို့
အပြုံးတစ်ချကပဲလိုတယ်။


မရေရာတဲ့ လောကရယ်
မင်းပြုစားချက် ဆိုးလွန်းတယ်
ငါ...........အဆင်သင့် ရင်ဆိုင်ဖို့
အကြည့်တစ်ချက် ပဲလိုတယ်။

ကျီစယ်တတ်တဲ့ လောကရယ်
မင်းဆော့ကစားတာ ဆိုးလွန်းတယ်
ငါ ..........အငိုက်မိသွားလို့
ရှောင်တိမ်းဖို့ သတိမရလိုက်ဘူး။

ဘာပဲဖြစ်ဖြစ်
လောကမှာ ရှင်သန်ဖို့
နွေးထွေးတဲ့ လက်တစ်စုံ တော့ လိုအပ်တယ်။

အဇူရီ
13-9-03(saturday)
9:00 pm

Wednesday, December 17, 2008

ကြိုတင်ကာကွယ် အသည်းရောဂါ

အသည်းရောဂါအကြောင်းသိကောင်းစရာ

ခန္ဓာကိုယ်တွင်း အသည်း၏ အရေးပါပုံ

အသည်းသည် ခန္ဓာကိုယ်တွင် မရှိမဖြစ် အရေးကြီးသော အင်္ဂါတစ်ခု ဖြစ်သည်။ နေ့စဉ် အသက်ရှင်နေထိုင်ရေးအတွက် အမျိုးပေါင်း (၅၀၀)ကျော်မျှသော ဇီဝကမ္မ၊ ဇီဝဓာတု ဖြစ်စဉ်များကို ဆောင်ရွက်ပေးသည်။ အသည်၏ အရေးကြီးသော တာဝန်များမှာ
- ခန္ဓာကိုယ်ကို အန္တရာယ် ပြုနို်င်သော အဆိပ်အတောက်များနှင့် ဆေးဝါးများကို အန္တရာယ်ကင်းသည့် အဆင့်သို့ ပြောင်းလဲစွန့်ထုတ်ပေးခြင်း။
- ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ပေးခြင်း။
- သွေးနီဥနှင့် သွေးခဲပစ္စည်းများ ထုတ်ပေးခြင်း။
- ခန္ဓာကိုယ် ခုခံကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ခြင်း။
- ကိုယ်အပူချိန် ထိန်းညှိပေးခြင်း။
- အစာချေဖျက်ရန် သည်းခြေရည် စစ်ထုတ်ပေးခြင်း။

အသည်းကို ထိခိုက်ပျက်စီးခြင်း အကြောင်းအချက်များ

- အရက်အမျိုးမျိုးနှင့် ဆေးလိပ်
- ဓာတုဗေဒ ဆိုးဆေးပါ အစားအသောက်များ ၊ ဓာတုဗေဒ ဆေးသုံး တာရှည်ခံ အစားအစာများ
- မှိုတက်အစားအစာများ ( ငရုပ်သီး၊ မြေပဲမှို )
- အသည်းကို ထိခိုက်စေသော ဆေးဝါးများ ၊ ဥပမာ---တီဘီဆေး
- အသည်းရောင်ဗိုင်းရပ်စ်ပိုး ( Hepatitis Virus A, B, C )
- ၀မ်းကိုက်ရောဂါပိုး
- အဆီဓာတ်လွန်ကဲသော အစားအစာများ

အဖြစ်များသော အသည်းရောဂါများ

- အသည်းရောင်အသားဝါရောဂါ ( Viral Hepatitis A, B, C )
- အသည်းအဆီဖုံးခြင်း
- အသည်းခြောက်ရောဂါ
- အသည်းကင်ဆာရောဂါ

အသည်းရောဂါလူနာများ လိုက်နာရန်

- ပင်ပန်းစွာ အလုပ်လုပ်ခြင်း၊ ကစားခြင်း၊ အိပ်ရေးပျက်ခံခြင်းများ မပြုလုပ်သင့်ပါ။
- အချိုဓာတ်များများပါသော အာဟာရပြည့်ဝသော အစာများ စားသုံးပါ။
- ဗိုင်းရပ်စ်အသည်းရောင်အသားဝါရောဂါတွင် အခြားသူများကို မကူးစက်စေရန် အစားအသောက်ပန်းကန်၊ သောက်ရေခွက်နှင့် ဟင်းချိုပန်းကန်များကို သီးသန့်ထားပါ။
- အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။
- တစ်ခါသုံး ဆေးထိုးအပ်များကိုသာသုံးပါ။
- လိင်ကိစ္စ အပျော်ျကျူးခြင်း ရှောင်ပါ။
- အသည်ုးလုပ်ငန်း စစ်ဆေးခြင်း အတွက် ပုံမှန်သွေးဖောက်စစ်ပါ။

ရှောင်ကြဉ်ရန်

- အရက်၊ ဘီယာ၊ ၀ိုင်၊ ထန်းရည်
- ဆေးလိပ်နှင့် စီးကရက်
အစားအစာ
- ဆိုးဆေးပါသော အစားအစာ
- မီးကင်ထားသော အစားအစာ
- မှိုတက်သော အစားအစာ

ဆေးများ

- အိပ်ဆေး
- ဟော်မုန်းအားဆေးများ
- ကိုယ်ဝန်တားဆေး
- သံဓာတ်များများပါသောဆေးများ၊ Steroids ပါသော ဆေးများ

ဖတ်ဖူးတဲ့စာလေးတွေ.............

ဆောရီးရဲ့ ကျေးဇူး

ကျနော့်အတွေ့အကြုံအရ ပြောရရင် မိဘဆိုတာ တောင်းပန်လိုက်ရင် အိုကေပါတယ်။ ကိုယ့်အမှားကိုသာ ၀န်ခံပြီး တောင်းပန်လိုက်ရင် ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ကြပါတယ်။ ဒါပေမယ့် ဒီလို ၀န်ခံဖို့ တောင်းပန်ဖို့ဆိုတာလည်း တကယ်တော့ မလွယ်လှပါဘူး။
သိပ်မကြာလှသေးတဲ့ တစ်ညကပါ။ ကျနော် အိမ်အပြန်မှာ မူးလာတယ်။ သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ ၀ီစကီလေးနည်းနည်း ထွေလာတာပါ။ ကျနော့်အမေက အရက်သောက်တာ မကြိုက်ဘူး။ ဘာပြောကောင်းမလဲ။ ကျနော့်ပါးစပ်က အနံ့ရတယ်ဆိုရင်ပဲ အတောမတတ် " ပွမ် " ပါတော့တယ်။ ကျနော် ဘာမှ ပြန်မပြောပါဘူး။ ဒါပေမယ့် " နားပူလိုက်တာ " ဆိုတဲ့ အမူအရာမျိုးတော့ ပြလိုက်တယ်။ ပြီးတော့ အမေ့ရှေ့မှာပဲ တံခါးကို ဆောင့်ပိတ်ပြီး ကျနော့်အခန်းထဲ ၀င်လိုက်တယ်။
ခုတင်ပေါ်ရောက်တော့ အမူးပြေသွားပါပြီ။ အမေ့ရဲ့ ဗျစ်တောက် ဗျစ်တောက်အသံကိုတော့ ကြားနေရတုန်း။ ရှိုက်သံသဲ့သဲ့လည်း ကြားရသေးတယ်။ တစ်အောင့်လောက်နေတော့မှ တဖြည်းဖြည်း ဝေးသွားတဲ့ အမေ့ခြေသံကို ကြားလိုက်ရပါတယ်။ ကျနော် အမေ့အတွက် စိတ်မကောင်းပါဘူး။ ကျနော့်အသက်အရွယ်နဲ့ အရက်မသောက်သင့်သေးဘူး ဆိုတာလည်း သိပါတယ်။ အမေ့ကို မခန့်လေးစား လုပ်မိလို့ ရှက်သလိုလိုလည်း ဖြစ်မိတယ်။ ကျနော် ဘာလုပ်မလဲ။ အမေ့အခန်းဆီပြေးပြီး တောင်းပန်မလား ဆက်အိပ်မလား။
ဘယ်လိုမှ အိပ်မပျော်တဲ့အဆုံး တတွတ်တွတ် ပြောလိုက်ပါတယ်။ အမေ့ရင်ခွင်ကို ခေါင်းနဲ့ ခွေ့ပြီး တတွတ်တွတ် ပြောလိုက်တယ်။ " ဆောရီးမာမီ......ကျနော်မှားတာပါ။ ကျနော် မကောင်းတာပါ။ ကျနော့်ကို စိတ်မဆိုးပါနဲ့နော်.........." ကျနော့်ပါးမှာ နွေးခနဲ ဖြစ်သွားလို့ မော့ကြည့်လိုက်တယ်။ မျက်ရည်တွေကြားက ပြုံးနေတဲ့ အမေ့မျက်နှာ..........။ " မာမီ သိပါတယ်ကွယ်........မာမီ့သားက လိမ္မာပြီးသားပါ..............."


အသက်(၁၇)ရွယ် " လီနာ " ဆိုတဲ့
ချာတိတ်ရဲ့ ဇာတ်လမ်းပါ။sorry
"ဆိုတဲ့စကား
လေးဟာလူမှုဆက်ဆံရေးမှာသိပ်တာသွားပါတယ်။ကိုယ့်ဘက်ကအမှားအယွင်းတစ်ခုခုလုပ်မိပြီ
ဆိုတာနဲ့ဝန်ခံလိုက်တာ။တောင်းပန်လိုက်တာ၊အကောင်းဆုံးပါ။ဒါဆိုရင်ကိုယ့်ကြောင့်ထိခိုက်နစ်နာ
သွားတဲ့သူဟာစိတ်မဆိုးတော့တဲ့အပြင်ကျေနပ်တောင်သွားတတ်ပါတယ်။ဒါပေမယ့်လူတွေဟာ
အမှားကိုဝန်ခံဖို့တောင်းပန်ဖို့ဝန်လေးတတ်ကြပါတယ်နော်။ဒါဟာအကြောင်းနှစ်ခုကြောင့်ဖြစ်နိုင်တယ်။
တစ်ခုကကြောက်လို့။နောက်တစ်ခုကမာန။ကြောက်စိတ်ကိုဖယ်လိုက်ပါ။မာနကိုခ၀ါချလိုက်ပါ။
အမြန်ဆုံးsorry"ပစ်လိုက်။တစ်ဖက်သားလည်း
ကျေနပ်သွားမယ်။ကိုယ်လည်းပျော်လာမယ်......မယုံရင် စမ်းကြည့်။


နှစ်ဆယ့်တစ်ရာစု သားရွှေဥ ( ကျော်ဝင်း ) စာအုပ်မှ ဖြစ်ပါသည်။

တစ်ဆက်တည်းကျနော်တစ်ခုတောင်းပန်ပါရစေ။ဟိုတစ်နေ့ကကျနော်ပို့တဲ့မေးလ်မှာ(ထမင်းစားပြီးတိုင်း
ရေ
အေးသောက်လေ့ရှိပါသလား)ဘယ်ဘလော့ဂ်ကကူး
ယူတယ်ဆိုတာဖော်ပြဖို့ကျန်သွားပါတယ်။တောင်းပန်
ပါတယ်
villagerရေ....။ ခွင့်လွှတ်နော်။နောက်ဆိုကျနော်ဒီလိုအမှားမျိုးမဖြစ်အောင်သတိထားပါမယ်။
အဇူရီ ( thirteenborn )

Friday, December 12, 2008

FOR DECEMBER 13

ကျနော်က thireenborn လေ။ ကျနော့်လိုပဲ မွေးရက်တူတဲ့ သူငယ် ချင်း တစ်ယောက်ရှိပါတယ်။
သူနဲ့ ကျနော်က မြန်မာရက်ရော အင်္ဂလိပ်ရက်ပါ thirteenborn တွေပါ။ ပြီးတော့ သူနဲ့ကျနော်က အိုသွေးအမျိုးအစားတွေလေ။
ကဲ......ဒီလိုထူးခြားတိုက်ဆိုင်တဲ့ သူငယ်ချင်းဟာ မနက်ဖြန်ဆိုရင် ၂၆ နှစ်ပြည့်တော့မယ်။ သူက သူ့ဘ၀မှာ ၁၃ ဂဏန်းဟာ
ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေးတတ်ပါတယ်တဲ့။ ကောင်းခြင်း၊ ဆိုးခြင်း နှစ်ခုစလုံး ရောထွေးနေတဲ့ thirteenborn ပိုင်ရှင်လေးအတွက်
မွေးနေ့လက်ဆောင်အဖြစ် ဖခင်မေတ္တာကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။

ွှ့Thirteenborn သူငယ်ချင်းရေ................

အမြဲတမ်းတိုင်ပတ်တဲ့နေ့ရက်တွေ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။








သီတာရေစင်

အဖေကို ဂျိုးဇက် ဟုခေါ်၍ သားအမည်မှာ မတ် ဖြစ်ပါသည်။ မတ် ၏လက်ဝဲဘက်မျက်လုံးဘေးတွင် ကွင်းစကွင်းပိတ်ပုံသဏ္ဌာန် အမာရွတတ်လေးနှစ်ခု ရှိသည်။ ထိုအမာရွတ်လေးကို မတ် (၂)နှစ်သားအရွယ်က ရခဲ့ခြင်းဖြစ်သည်။သေရာပါအမာရွတ်။ဘယ်တော့မှမေ့၍ရနိုင်မည်မဟုတ်သောအမာရွတ်။သည်အမာရွတ်လေးသည် အဖေဂျိုးဇက် နှင့် သားမတ်တို့ကြားရှိ ဆက်ဆံရေးပုံသဏ္ဌာန်ကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့လေသည်။
အဖေ ဂျိုးဇက်၏ အကြောင်းကို ဦးစွာပြောပြရပေမည်။ အဖေဂျိုးဇက်သည် “ ပခုံးနှင့်လက်ပြင် ကြောခြင်က သံချောင်း“ဟုပြောရလောက်အောင်ကြံ့ခိုင်မာကျောသူတစ်ယောက်ဖြစ်၏။သို့သော်သူ့နှလုံးသားကားကျောက်ဆောင်ကျောက်သားများပမာ ခက်ထန်မာကျောလှသူတော့မဟုတ်ပါ။သို့သော်လူထူးလူဆန်းတစ်ယောက်ဟူ၍ကားပြောရပေလိမ့်မည်။ထို့ကြောင့်လည်းအဖေဂျိုးဇက်နှင့်သားမတ်တို့အကြားတွင် အပြောရခက်သော အဆင်မပြောမှုတစ်ခုသည် အမြဲလိုလို ရှိနေတတ်လေသည်။တနင်္ဂနွေလို နေ့လည် ခင်းများတွင် အိမ်နီးချင်းကလေးများသည် ဖခင်ရင်ခွင်တွင် ဆော့ကစား၍ ၀ါစာပီယချိမြမြတို့ကို ပြောနေကြသော်လည်း သားလေးမတ်မှာမူကား ထိုအခွင့်အရေးမျိုးကို တစ်ခါတစ်ရံမျှပင် မရဘူးခဲ့။ အဖေသည် မတ်အား နောက်ပြောင်ကျီစယ်ခြင်းကိုပင် မပြုခဲ့။ အဖေသည် မတ်အား အခြားသောဖခင်များကဲ့သို့ လယ်ထွန်နည်းကစားရန် ကိရိယာလေးများ၊ စွပ်ဖားလေးများ၊ နွားလှည်းလေးများ ဘယ်သောအခါမျှ ပြုလုပ်မပေးခဲ့။ ကုန်ကုန်ပြောရလျှင် အဖေဂျိုးဇက်၏စိတ်အာရုံသည် လယ်ယာတော၌သာ မြှုပ်နှံထားဟန် ရှိလေသည်။ လယ်ယာသည်သာ အမိ၊ လယ်ယာသည်သာ အဖ၊ လယ်ယာသည်သာ ဇနီး၊ လယ်ယာသည်သာ သား ဖြစ်နေလေတော့သည်။
တစ်နေ့တွင် မတ်သည် အာလူးပင်များကြား၌သစ်စေ့များကိုစိုက်ပျိုးလျက်ရှိလေသည်။အဖေကတွေ့ရှိသွား၏.
ဘာစေ့တွေလဲကွ
မတ်သည် အခြားလူတစ်ယောက်၏ အမေးဆိုပါက လှည့်ပတ်ဖြေနိုင်စွမ်း ရှိပါသည်။ အဖေ၏ အမေးကိုကား ဘယ်သောအခါမှ လိမ်ညာဖြေနိုင်စွမ်း မရှိခဲ့။ မတ်၏ မလုံသောအိုးတို့သည် တုတ်နှင့်မိုးရုံနှင့် အာလာရစမြဲပင်။
လိမ္မော်စေ့တွေပါ အဖေ
မတ်သည် ဤမျိုးစေ့များကို ခရစ်စမတ် မတိုင်မီကပင် စုဆောင်းထားခဲ့ခြင်း ဖြစ်လေသည်။ မတ်တို့၏ ဇာတိမြေတွင်လိမ္မော်မျိုးစေ့များ ရှင်သန်ပေါက်ရောက်ရန် ခဲယဉ်းလေသည်။ ထို့ကြောင့်လည်း မတ်တစ်ယောက် ကြိုးစားပမ်းစားနှင့် စိုက်ပျိုးနေခြင်းဖြစ်သည်။
လိမ္မော်စေ့တွေ စိုက်လို့ကတော့ ဘာပင်မှ ပေါက်မှာ မဟုတ်ဘူးကွ။ ဒါလေးတောင် မသိဘူးလား။
အဖေ့စကားကြောင့် မတ်ရင်ထဲတွင် ခိုးလိုးခုလု ဖြစ်သွားရသည်။ ထူးထူးဆန်းဆန်းတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်မိတိုင်း အဖေမိတာ အတော့်ကို ဆိုးသည်။
ထိုနေ့က မတ်သည် လိမ္မော်စေ့များကို ပြန်တူးယူပြီး စပါးကျီနောက်မှာ တိုးတိုးတိတ်တိတ် မြှုပ်ထားလိုက်သည်။

မိုးဖွဲဖွဲလေးများ ရွာနေသော နွေဦးရာသီ၏ နေ့တစ်နေ့တွင် မတ်သည် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့လေသည်။ ထိုနေ့ကအတန်ငယ်အေးသည်။ တိရစ္ဆာန်များသည် စွန့်ပစ်ထားသော ရုပ်တုများကဲ့သို့ စားကျက်ထဲတွင် စုရုံးအုပ်ဖွဲ့ကာ ငြိမ်သက်နေကြလေသည်။ သည်လို မိုးအေးအေးနှင့် ညမျိုးတွင် တိရစ္ဆာန်များသည် အိမ်ပြန်လေ့မရှိကြ။
ထိုနေ့က ကျောင်းပိတ်ရက်လည်းဖြစ်သည်။ မတ်သည် အတော်လေး စိတ်လှုပ်ရှားနေသည်။ အမေသည် တစ်ချိန်လုံးလုံးလိုလိုပင် ပန်းကန်များကို ဆေးကြောလျက် ရှိသည်။ မတ်သည် နောင်စာသင်နှစ်တွင် သင်ကြားရမည့် အင်္ဂလန်ပြည်၏ ဘုရင်နှင့် ဘုရင်မများအကြောင်းကို အမေ့အား ပြောပြနေလေသည်။ ပြောနေရင်းမှာပင် ဒီကနေ့မတ်သည် မနေ့က မတ်ထက် ခေါင်းတစ်လုံး ပိုမြင့်လာ
သလို ခံစားမိလေသည်။
အဖေကား နွားနို့ညှစ်ရန် နွားမများကို စောင့်နေလေသည်။ မတ်သည် အဖေ့အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ဟေ့ ..........မတ်၊ ဒီအချိန်ဟာ နွားတွေကို သွင်းတဲ့ အချိန် မဟုတ်ဘူးလားကွ။
မတ်သည် “နွားတွေ” ဟု ရေရွတ်ရင်း တီကောင်ကို ဆားနှင့် တို့ခံရသလို ရှုံ့မဲ့တွန့်ဆုတ်သွားလေသည်။
နွားတွေက ပြန်လာမှာ မဟုတ်ဘူးလားအဖေ။ ပြန်လာမှာပေါ့.........နော်။ မနေ့ကလည်း သူတို့ဖာသာ ပြန်လာကြတယ်နော်။
သူ့အနားတွင် အဖေရှိနေလျှင် မတ်သည် စကားကို လေးလုံးကွဲအောင် ဘယ်တော့မှ ပြော၍မရပေ။ သူ့ပုံစံသည် ရှိုးတိုးရှန့်တန့်နှင့် အရှက်လွန်သော မိန်းကလေးတစ်ယောက်လို ဖြစ်နေတော့၏။
ဒီပုံစံအတိုင်းဆို ပြန်လာမှာ မဟုတ်ဘူး မတ်၊ သူတို့ဟာ မိုးလွတ်မယ့် တစ်နေရာရာမှာ ၀င်ခိုနေကြလိမ့်မယ်။
အဖေ့ဆန္ဒကို မတ် နားလည်ပါသည်။ သို့နှင့် မတ်သည် စားကျက်ရှိရာသို့ ထွက်လာခဲ့တော့သည်။ အဖေ့မျက်ကွယ်ရောက်သည်နှင့် မတ်သည် ခြေကို မလှမ်းချင် လှမ်းရင်း အတန်ကြာမှ စားကျက်သို့ ရောက်လေတော့သည်။ စားကျက်အ၀င်သို့ ရောက်သည်နှင့်ပင် မတ်သည် နွားများကို အော်ခေါ်လေတော့၏။
နွားတွေ လာကြ............လာကြ
သို့သော် နွားခလောက်သံ တစ်ချက်ကိုမျှ သူမကြားရပေ။ နွားများကို သဲသဲကွဲကွဲ မြင်နိုင်ရန် စားကျက်ဆင်းလမ်းအတိုင်းမတ် လျှောက်ခဲ့ပြန်သည်။ သို့သော် နွားတစ်ကောင်တစ်မြီးကိုမျှ သူမတွေ့ခဲ့ရ။ ပက်ဒရို ဟူသော မြင်းကိုသာတွေ့ရလေသည်။ပက်ဒရို သည် မိုးဖွဲဖွဲအောက်တွင် မှုန်ကုပ်ကုပ်နှင့် ရပ်နေလေသည်။ မတ်သည် မှုန်ရီမှုန်ဝါးမို့ ပက်ဒရို သဲကွဲစွာ မမြင်ရပေ။
မတ်သည် ပက်ဒရို၏ အနားသို့ချဥ်းကပ်သွားလေသည်။ ပြီးနောက် စုပ်သပ်ချော့မော့ခြင်းပင် မပြုဘဲ ပက်ဒရို ၏ တင်ပါးကိုလက်ဝါးဖြင့် ဖြန်းခနဲ ရိုက်လိုက်လေသည်။ မြင်းသည် သူ့အသားကို အထိမခံချင်သည့်ပုံစံနှင့် အတော်လှမ်းလှမ်းသို့ သွားနေလေသည်။ဤလို ချမ်းစိမ့်စိမ့် ညမျိုးတွင် အသားကို တစ်စုံတစ်ယောက်က လာထိပါက တုန်ခါသွားတတ်သည်။ ပက်ဒရိုလည်း တုန်ခါသွားပုံရသည်။
ပက်ဒရိုသည် တစ်ကိုယ်တည်း နေချင်ပုံရသည်။ ဤသည်ကို မတ်က သိပုံမရ။ မတ်က တိုးသွားလိုက် ပက်ဒရို က ရွေ့သွားလိုက် ဖြစ်နေသည်။ နောက်ဆုံးတွင် မတ်သည် ပက်ဒရို၏ တင်ပါးကို ဇွတ်အတင်း ပုတ်လိုက်ပြန်သည်။ ပက်ဒရို၏ နားရွက်နှစ်ဖက်သည် ဆတ်ခနဲ တုန်သွားသည်။
မတ်သည် ပက်ဒရို၏ တင်ပါးမည်းမည်းကြီးကို ဖျတ်ခနဲ မြင်လိုက်ရသည်။ မြင်းခွာနှစ်ဖက်သည် မတ်၏ လက်ဝဲဘက် မျက်လုံးတစ်ဝိုက်သို့ အရှိန်ပြင်းစွာ ကျလာလေတော့၏။ တော်သေးသည်။ ပက်ဒရိုတွင် သံခွာတပ်မထားပါ။ သံခွာသာ တပ်ဆင်ထားလျှင်မတ်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး လောက်ပေသည်။
ပက်ဒရို၏ ကန်ချက်ကြောင့် မတ်သည် မူးမေ့သွား၏။ တစ်မိနစ်အတွင်းမှာပင် သတိပြန်လည်လာသည်။ မျက်နှာကို လက်ဖြင့်စမ်းကြည့်သည်။သွေးတွေ။မတ်သည်အော်ဟစ်ငိုယိုကာ အိမ်သို့ အမြန်ပြေးလာခဲ့တော့သည်။ ခလုတ်ကန်သင်းများကို ကျော်လွှား၍မြန်နိုင်သမျှမြန်အောင် သုတ်ချေတင်သည်။ မည်သည့်နေရာတွင်မှ ရပ်နားခြင်းမရှိ။ မတ်သည် အလွန်ထိတ်လန့်နေလေသည်။
အဖေဂျိုးဇက်သည် မတ်ကို မမြင်ရမီကပင် မတ်၏ငိုသံကို အရင်ကြားရသည်။ စပါးကျီအောက်တွင် ထူထပ်စွာ ပေါက်နေသောချုံပင်များကြားမှ တစ်ဟုန်ထိုး ပြေးလာသောသားကို မြင်ရ၏။ သားသည် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလေသည်။
ဂျိုးဇက်သည် အိမ်ထဲမှ ပြေးထွက်လိုက်သည်။ ဂိတ်ပေါက်ဝသို့ မရောက်မီမှာပင် မတ်၏မျက်နှာပြင်မှ သွေးတို့ကို ဂျိုးဇက်မြင်သွားလေပြီ။ တံခါးမင်းတုပ်ကိုပင် ဖြုတ်မနေတော့။ ခြံကို လွှားခနဲ ခုန်ကျော်လိုက်သည်။ မတ်သည် ဖခင်ကို မြင်နေရသည်။ နာကျင်မှုများကြားမှပင် အံ့သြစိတ်သည် ဖျတ်ခနဲ ၀င်၏။ သူ၏ တစ်သက်တာတွင် ဖခင်၏ ဤမျှသွက်လက်သော လှုပ်ရှားမှုမျိုးကို သူတစ်ရံတစ်ခါမျှ မမြင်ဖူးခဲ့။
ဂျိုးဇက်သည် မတ်ကို ပွေ့ချီကာ အိမ်ဘက်သို့ ပြန်ပြေးခဲ့ပြန်သည်။မကြာမီအချိန်အတွင်းမှာပင် မတ်တို့၏ အိမ်ကလေးသည်သတင်းလာမေးသူ အိမ်နီးချင်းတို့၏ အသံနှင့် ဆူညံနေလေတော့သည်။ လူတိုင်းက သူ့အား ဂရုစိုက်သည့်အတွက် မတ်သည် နာကျင်မှုကို မေ့နေသည်။ အသက်ရှူရန်ကိုပင် သတိမရ။ သူ့စိတ်အစဉ်သည် ဂုဏ်ယူမှုတွင် နစ်မျောနေလေ၏။
မတ်က မှန်ကြည့်ချင်သည်ဟု အဖေ့ကို ပူဆာသည်။
မကြည့်စေနဲ့၊ မကြည့်စေနဲ့ ဂျိုးဇက်၊ မတ်ကို မှန်မကြည့်စေနဲ့
အမေက လှမ်းတားသည်။ အဖေက ဂရုမစိုက်။ မတ်ကို ပွေ့ချီ၍ မတ်၏ ဆန္ဒကို လိုက်လျောသည်။ မတ်၏ မျက်နှာပြင်တွင်ညိုမည်းသော ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။
မတ်သည် အားလုံးကိုတော့ မမှတ်မိနိုင်ပါ။ သို့သော် သူ့အဖေသည် ခါတိုင်းနှင့်မတူ၊ တစ်မူထူးနေသည်ကိုတော့ သူကောင်းကောင်း သိပါသည်။ အဖေ ဘာတွေလုပ်သည်၊ ဘာတွေ ဆက်ပြောသည် ဆိုသည် ကိုတော့ မတ် လုံးစေ့ပတ်စေ့ မမှတ်မိနိုင်ပါ။
အဖေသည် ထမင်းစားပွဲနှင့် အခြားစားပွဲများကို တစ်ခုနှင့်တစ်ခု ဆက်စပ်လိုက်သည်။ ဆရာဝန်ရောက်လာချိန်တွင် မတ်သည်ထိုစားပွဲများအပေါ်တွင် လဲလျောင်းလျက် ရှိနေလေသည်။ ဆရာဝန်သည် မတ်၏ ဒဏ်ရာများကို သေသပ်စွာ ချုပ်လုပ်ပေးခဲ့သည်။
ဆရာဝန်က ကလိုရိုဖောင်းဖြင့် မေ့ဆေးပေးသောအခါ အဖေသည် တုန်လှုပ်ခြင်းကင်းစွာဖြင့် ဆေးပုလင်းကို ကိုင်ထားခဲ့ကြောင်းကိုမူကာား မတ်မှတ်မိနေလေသည်။ အဖေသည် နေ့ဘက်တွင် တစ်ကြိမ်၊ ည အိပ်ရာမ၀င်မီ တစ်ကြိမ် မတ်ကို လာရောက်ပြုစုပေးလေ့ရှိသည်။ မတ်၏ မျက်နှာတစ်ခုလုံးကား ရောင်ကိုင်းနေလေ၏။ မျက်သားများမှာလည်း ၀င်လုဆဲ နေမင်းပမာ နီရဲနေလေတော့သည်။
အဖေ့ခြေသံကို ကြားရသည့် အခါတိုင်းသည် မတ်မှန်ကြည့်နေချိန်နှင့် တိုက်ဆိုင်နေလေ့ ရှိသည်။ ထိုအခါတိုင်းတွင် မတ်က မှန်ကို အိပ်ရာအောက်သို့ မြန်မြန်ထိုးထည့်ရသည်။
အဖေနှင့် မတ်တို့ ပြောသော စကားများသည်လည်း အမြဲလိုပင် ကပေါက်တိ ကပေါက်ချာ ဖြစ်လျက် ရှိသည်။ အဖေသည်မည်သည့်အခါမျှ ထိုင်၍ စကားပြောလေ့မရှိ။ မိုးတိုးမတ်တတ် ရပ်ကြည့်ကာ ပြေချင်ရာပြော၍ ထွက်သွားတတ်သည်သာ များသည်။
ဆရာဝန်က မတ်အား အပြင်ထွက်ခွင့်ပေးလိုက်သော နံနက်ခင်းတွင် ဖြစ်၏။ မတ်က အပြင်သို့ လမ်းလျှောက်၍ ထွက်ချင်သည်။ သို့သော် အဖေက ဘာမပြော၊ ညာမပြော ပွေ့ချီလိုက်သည်။ မတ်ကလည်း ငြင်းဆိုခြင်းမပြုပါ။ မတ်သည် ဒဏ်ရာရစဉ်ကာလကလို တုန်လှုပ်ချောက်ချားခြင်း မရှိတော့။ သူ့ကို ပွေ့ချီထားသော အဖေ၏ လက်များသည် တုန်ယင်နေလေသည်။ မနိုင့်တနိုင့် ချီပိုးထားရခြင်းကို အထိအတွေ့များအရ မတ်သိပါသည်။
ဤနံနက်ခင်းကား မတ်တွေ့ဖူးသမျှ နွေဦးရာသီ နံနက်ခင်းများတွင် အလတ်ဆတ်ဆုံး၊ အလှပဆုံး၊ အတောက်ပဆုံး နံနက်ခင်းတစ်ခု ဖြစ်သည်ဟု မတ်ခံစားနေမိလေသည်။ အဖေနှင့် မတ်သည် အိမ်မှ ထွက်လာခဲ့ကြပြီ။ ဤသို့ ထွက်လာခဲ့ခြင်းသည် အဓိပါယ်မဲ့ အပျော်ခရီးထွက်ခြင်းမျိုးမဟုတ်ဟု မတ် အလိုလို သိနေလေသည်။ အဖေသည် မတ် ကို သူကြိုတင်စိတ်ကူးထားသောနေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားနေမှန်းကိုလည်း မတ် သိနေပါသည်။
အဖေသည် မတ် ကို ချီပိုးကာ အိမ်ခြံဝင်းကို ဖြတ်၍ ကုန်းစောင်းလေးအတိုင်း ဆင်းလာခဲ့လေ
သည်။ ရှေ့ဆီတွင် တစ်ချိန်က မတ် လိမ္မော်စေ့များကို တူးဆွစိုက်ပျိုးခဲ့သော နေရာလေး ရှိနေလေ
သည်။ အဖေ့ဦးတည်ရာကို မတ် အတိအကျ ခန့်မှန်းနိုင်လေပြီ။
အဖေနှင့်သားတို့သည် ယခုထိ စကားတစ်ခွန်းမျှ မဆိုမိကြပေ။ မတ်လည်း နှုတ်ဆိတ်မြဲ နှုတ်
ဆိတ်နေမိသည်။ စကားပြောရန် ကြိုးစားလျှင် မတ် ငိုမိပေမည်။
အဖေသည် မတ် ကို စိုက်ခင်းငယ်လေးဘေးတွင် အသာအယာချထားလိုက်၏။ စိုက်ခင်းလေး
ကား သေသေသပ်သပ် လှလှပပပင် ဖြစ်၏။ ဖြစ်ကတတ်ဆန်း ဖန်တီးထားခြင်းမျိုးမဟုတ်။ ပေါက်တူး၊
ဂေါ်ပြားတို့ကို အသုံးပြု၍ ကျကျနန ဖန်တီးထားသော စိုက်ခင်းလေး။
မတ် အိပ်ယာပေါ်တွင် လဲလျောင်းနေသော ကာလများတွင် အဖေသည် ဤစိုက်ခင်းလေးကို ဖန်တီးခဲ့ခြင်း ဖြစ်ပေမည်။ ယခုတော့ သစ်စေ့လေးများသည် မြေသားပေါ်တွင် အမြစ်တွယ် အညှေက်
ထွက်နေလေပြီ။
အဖေသည် ဤကိစ္စကို မတ် အား အရိပ်အယောင်မျှပင် ပြောမပြခဲ့ပါ။
ဒါဟာ သားအတွက်ပဲ သာ
အဖေက စကားစပြောလာပါသည်။
အို အဖေရယ်
မတ် နှုတ်မှ ရေရွတ်လိုက်မိသည်။
သားတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး
မတ်သည် အံ့အားသင့်စွာ ပျော်ရွှင်နေလေသည်။
ဘာပင်လေးတွေလဲ အဖေရဲ့
မတ်သည် အညွန့်ထွက်စ အပင်လေးတစ်ပင်ကို ထိရန် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ အရွက်လေး
များကို လက်နှင့်ထိကာ မေးလိုက်ခြင်းဖြစ်သည်။
သားထိလိုက်တဲ့အပင်က ဖရဲပင်လေးပေါ့သားရွဲှ့
အဖေက အခြားအပင်လေးများကိုပါ လက်ဖြင့်ညွှန်ပြ၍ ပြောလိုက်ပြန်သည်။
ဟိုဘက်မှာကတော့ ငရုတ်ကောင်းအနီပင်တွေ၊ ပြီးတော့ ရှောက်ပင်တွေ သားရဲ့
အားလုံးသည် မတ် စိုက်ပျိုးခဲ့သော လိမ္မော်မျိုးစေ့များကဲ့သို့ပင် ရှားပါးမျိုးစေ့များ ဖြစ်ကြသည်။
တကယ်တော့ သားမသိလို့ပါ၊ အဖေတို့မြေမှာက ဒီလိုမျိုးစေ့မျိုးသာ အပင်ပေါက်နိုင်တာကွဲ့
အဖေက ဆက်ပြောနေလေသည်။ မတ်သည် စကားပင် မပြောနိုင်တော့။ သူသည် အဖေ့ကို ကျောပေး
ထားသော်လည်း သူ့မျက်နှာသည် အံ့သြမှုဖြင့် ကြည်လင်နေမည်ဖြစ်ကြောင်းကို အဖေ မုချသိပေလိမ့်
မည်။ ထို့ကြောင့်လည်း အဖေသည် စကားကို ဆက်ပြောနေခြင်းဖြစ်မည်။
ဟိုနေ့က....သားကို ဒဏ်ရာနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ နွားတွေနောက်ကို အလိုက်ခိုင်းတယ်
လို့တော့ သားမထင်ပါဘူးနော်
အဖေက စိတ်မကောင်းသောလေသံဖြင့် ဆက်ပြောနေပြန်သည်။
နောက်များတော့ သားကို အဖေ မလွှတ်တော့ပါဘူးကွာ၊ ဒီနွားမကောင်တွေ စားကျက်ထဲမှာ
ကြိုက်သလိုနေပါစေ၊ နွားနို့မရရင်လည်း နေစမ်းပါစေ၊ အဖေ ဂရုမစိုက်တော့ပါဘူးကွာ
အဖေ၏ စကားသံအဆုံးမှာ မတ်သည် အဆက်အစပ်မရှိသော စကားတစ်ခွန်းကို ဖျတ်ခနဲ ပြန်ပြောလိုက်မိသည်။ ၄င်းသည် သူနှင့် အဖေ့ကြားတွင် ရှိနေသော ကွာဟမှုတစ်စုံတစ်ရာကို ဆက်စပ်လိုက်သလို ဖြစ်သွားရ၏။
သားဒဏ်ရာရတော့ အဖေဟာ ခြံတန်းကို လွှားခနဲ ခုန်လိုက်တယ်နော်အဖေ၊ တံခါးမင်းတုပ်
ကိုတောင် မဖြုတ်နိုင်ခဲ့ဘူး၊ ဒီလောက် ခြံအမြင့်ကြီးကို အဖေဟာ လွယ်လွယ်လေးနဲ့ ခုန်နိုင်တယ်
နော်။
အဖေသည် ဘာစကားမှမဆိုနိုင်။ အဝေးဆီသို့သာ ငေးရီနေလေတော့၏။ အဖေ့ပခုံးသားများလှုပ်သွားသည်ကို ကြည့်၍ သက်ပြင်းရှည်တစ်ခုကို အဖေမှုတ်ထုတ်လိုက်မှန်း မတ် သိလိုက်ရပါသည်။
အဖေနှင့်သားတို့သည် အိမ်သို့ ပြန်ခဲ့သည်။ အိမ်အရောက်တွင် မီးဖိုချောင်ထဲသို့ တန်းဝင်၏။
မတ်၏အစ်မဖြစ်သူက မတ်ကို လှမ်းမေးလိုက်၏။
မတ် နင်တို့ဘယ်သွားနေတာလဲ
မတ်က အကျိုးအကြောင်းကို ပြောရန် နှုတ်ဆွံ့နေမိသည်။ သူနှင့်အဖေကြားတွင် ရရှိခဲ့သော
နားလည်မှုကို လျှို့ဝှက်ထားသင့်သည်ဟု မတ် ဆုံးဖြတ်လိုက်သည်။
ဟိုနားဒီနားပါ မမရာ
မတ်က ပြောလိုက်သည်။
ဟုတ်ပါတယ်၊ ဟိုနားဒီနားပေါ့
အဖေက ထောက်ခံလိုက်သည်။
နောင်အခါတွင် အဖေ၏ ခြေသံကိုကြားတိုင်း မတ် ရှောင်တိမ်းနေရန် မလိုတော့ပါတည်း။ ။


မူရင်း------Ernest Buckler ၏ A Son’s Discovery
1969, December, Reader’s Digest

ကျနော်ဘာသာပြန်ထားတာမဟုတ်ပါ။ စာအုပ်တစ်အုပ်မှ ကူးယူထားတာပါ။

Wednesday, December 10, 2008

Do u like this poem? Pls tell me.

ဂန္တ၀င်မြောက်ချစ်ခြင်း


ဒီတစ်နေ့လုံး
ရင်ခုန်ခြင်းတွေ……….မွေးဖွား
မျှော်လင့်ခြင်းတွေ…..စောင့်ကြိုလို့
တိတ်တဆိတ် ကြေကွဲနေခဲ့တယ်။

ရင်မှာတင်းကြပ် ငိုချင်ပေမယ့်
ဖန်တီးရတဲ့ အပြုံးနောက်မှာ
ခွင့်လွှတ်ခြင်း ဆိုတာ
နှလုံးသားအလိုကျ ဖြစ်တည်နေခဲ့တယ်။

နှလုံးသားနဲ့ နားဆင်လိုက်ပါ
မပြောဖြစ်လိုက်တဲ့ “…………….” တွေ
ဒီတစ်ညလုံး အိပ်မက်မှာ
ဆုံဖြစ်ခဲ့ရရင်----------------


အဇူရီ

ဖတ်ဖူးတဲ့စာလေးတစ်ပုဒ်

အီးကော်လာ
(မင်းလူ)


သူ့လက်မှာ ပတ်ထားသော ဇီဝမှတ်တမ်း ကိရိယာလေးက တစ်ညတာအတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သော အချိန်တွေကို စုပြီးမှတ်ထားသည်။ အိပ်ရေးဝလောက်ပြီ ဆိုသောအခါ အာရုံကြောမှတစ်ဆင့် ဦးနှောက်ဆီသို့ လျှပ်စစ်လှိုင်းများ လွှတ်ပြီး လှုံ့ဆော်လိုက်သည်။ ထိုအခါ သူ အိပ်ရာမှနိုးလာ၏။
ဇီဝမှတ်တမ်း ကိရိယာလေးကို ကြည့်လိုက်သည်။ သွေးဖိအား နှလုံးခုန်နှုန်းကို ပြနေသည်။ ပုံမှန်ပဲ။ ဆက်လက်ပြီး အသက်ရှုနှုန်း၊ အောက်ဆီ ဂျင်ရရှိမှု၊ သွေးထဲရှိ ကောလက်စထရော အခြေအနေ စသော အချက်အလက်များ ပေါ်လာသည်။ သူက ဒါတွေ ဂရုစိုက် မကြည့်တော့ဘဲ ရီမုကွန်ထရိုးဖန်ရှင်ကို ပြောင်း လိုက်သည်။ စားသောက်ခန်းရှိ ကွန်ပျူတာကို ဆက်သွယ်ပြီး စားသောက်စရာများ အဆင်သင့် ပြင်ထားရန် ခလုတ်နှိပ် မှာကြားလိုက်သည်။
ကော်ဖီ---- ၅း၃း၂
ပေါင်မုန့်မီးကင်---အဆင့်-၂
ကြက်ဥကြော်---ကျက်နှုန်း--၇၅%
ထို့နောက် သူသည် သန့်စင်ခန်းထဲ ၀င်သည်။ သွားတိုက်ကိရိယာကို ပါးစပ်ထဲ ထည့်ပြီး ခလုတ်ဖွင့် လိုက်သည်။ နူးညံ့သည့် အမွေးအမျှင် က လေးများက သွားတွေကို ပွတ်တိုက်သည်။ လုံးဝ သန့်စင်သွားသော အချိန်တွင် အလိုအလျောက် ရပ်သွားသည်။
မှန်ထဲမှာ သူ့ရုပ်သွင်ကို ကြည့်လိုက်သည်။ မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး စိမ်းစိမ်းက သူ့အကြိုက် အနေ တော်ပဲ။ ဆံပင်ကတော့ ရှည်နေပြီ။ ထို့ကြောင့် ဆံပင်ညှပ်အုပ်ဆောင်းကို ခေါင်းမှာ စွပ်လိုက်သည်။ တိုတိုပါးပါး ညှပ်မည်ဟု စိတ်ကူးပြီး ပုံစံနံပါတ်ကို နှိပ်လိုက်သည်။ ဆံပင်ပေါ်မှာ ပိုးကောင်တွေ တရွရွ သွားနေသလိုမျိုး ခံစားရသည်။ တကယ်တော့ ဆံပင်ကို ညှပ်ပစ်ခြင်း မဟုတ်ဘဲ လေဆာရောင်ခြည်ဖြင့် တိပစ်ခြင်းသာ ဖြစ်၏။ ထို့ကြောင့်ဆံပင်မွေး အစအနတွေ ထွက်ပေါ်လာခြင်း မရှိ။ ဆံပင်ညှပ်ပြီး ခေါင်းလျှော်စရာလည်းမလို။
ဆံပင်ညှပ်လို့ ပြီးစီးကြောင်း အချက်ပေးသံ ပေါ်လာသဖြင့် အုပ်ဆောင်းကို ဖြုတ်လိုက်သည်။ မှန်ထဲမှာ ကြည့်သည်။ သူ့ပုံစံမှာ သပ်သပ်ရပ်ရပ်ဖြစ်ပြီး နုပျိုသွားသည်ဟု ထင်ရ၏။
စားသောက်ခန်းထဲ ၀င်လာသည်။ စားပွဲမှာထိုင်ပြီး အဝေးထိန်းခလုတ်ကို နှိပ်သည်။ မိုက်ကရိုဝေ့ဗ် မီးဖိုခန်းတံခါး ဖွင့်ပြီး စားစရာတွေ တင်ထားသော တွန်းလှည်းကလေး ထွက်လာသည်။ စားပွဲနားအရောက်မှာ ရပ်သွားသည်။ စားစရာတွေ တင်ထားးသော လင်ပန်းကိုယူပြီး တွန်းလှည်းပေါ်က အိုကေ ခလုတ်ကို နှိပ်လိုက်သည်။ တွန်းလှည်းသည် သူ့နေရာသို့ ပြန်ထွက်ခွာသွားသည်။
ထိုအချိန်တွင် ဇီဝလက်ပတ်က တီတီ ဆိုပြီး အချက်ပေးပြန်သည်။ ထုံးစံအတိုင်း ယခုစားမည့် အစားအစာများ၏ အာဟာရတန်ဖိုးတွေကို တွက်ပြနေခြင်း ဖြစ်၏။ ကယ်လိုရီတွေ၊ သတ္တုဓာတ်တွေ၊ ဗိုက်တာမင်တွေ၊ ကော်လက်စထရော ပါဝင်မှုတွေ အမှန်တကယ် လိုအပ်ချက်ထက်ပိုနေသော
ဓာတ်တွေ၊ လိုနေသော ဓာတ်တွေကို ဖော်ပြသည်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်သင့်ကြောင်းကိုလည်း အကြံပေးထားသေးသည်။
သူကတော့ လိုက်နာလေ့မရှိ။ တခါတလေ ဘာစားရကောင်းမယ် စဉ်းစားလို့မရသဖြင့် ကွန်ပျူတာကို အကြံဥာဏ်တောင်းကြည့်ဖူးသည်။ ထိုအခါ ပေါင်မုန့်ညို၊ လိမ္မော်ခွံယို၊ ကြက်သွန်စွပ်ပြုတ်နှင့် ပဲနို့ရည် ဆိုတာမျိုး သူ ဘယ်လိုမှ မစားနိုင်သော အတွဲအစပ်မျိုး ထွက်ချင်ထွက်လာတတ်သည်။
စားသောက်ပြီးတော့ အအေးခန်းတံခါးမှာ တပ်ထားသော ဖန်သားပြင်ရှေ့ သွားရပ်ပြီး ခလုတ် ဖွင့်လိုက်သည်။ အအေးခန်းထဲမှာ သိုလှောင်ထားသော အစားအသောက်များစာရင်း ပေါ်လာသည်။ အရေအတွက်နှင့်တကွ အပြည့်အစုံ ဖော်ပြထားသည်။ လက်ကျန်နည်းနေသော ပစ္စည်းများကို မှိတ်တုတ်၊ မှိတ်တုတ် လုပ်ပြီး သတိပေးထားသည်။ ထိုပစ္စည်းမျာ၏ ကုတ်နံပါတ်များအတိုင်း စက်ထဲ ရိုက်ထည့်ပြီး ထောက်ပံ့ရေးဌာနသို့ အကြောင်း ကြားလိုက်၏။ ထိုမှာကြားချက်သည် ထောက်ပံ့ရေးဌာန၏ ကွန်ပျူတာသို့ အလိုအလျောက် ရောက်သွားလိမ့်မည်။
မီးဖိုခန်းထဲက ထွက်လာပြီးနောက် နားနေခန်းသို့ သွားသည်။ နားနေခန်၏ နံရံမှာ ချိတ်ထားသော မှတ်တမ်းတင်ကိရိယာက အိမ်အတွင်းရှိ အပူချိန်၊ စိုထိုင်းဆ၊ ပိုးမွှားကင်းစင်မှု စသည်တို့ကို ပြနေသည်။ လေသန့်စင်မှုကတော့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကျနေသည်။
ဟုတ်တာပေါ့။ သူက စီးကရက်တစ်လိပ် မီးညှိပြီး သောက်နေတာကိုး။ စီးကရက်သုံးလိပ်လောက်သာ ဆက်တိုက်သောက်မိလျှင် လေသန့်စင်မှုခုနစ်ဆယ်ရာခိုင်နှုန်း အောက်သို့ ကျသွားလိမ့်မည်။ ထိုအခါ လျှပ်စစ်မီးများ အလိုအလျောက် ပြတ်တောက်သွားလိမ့်မည်။ ဆေးလိပ်များများ မသောက်မိအောင် ပြုလုပ်ထားသော အစီအစဉ် ဖြစ်၏။ အိမ်တိုင်း အိမ်တိုင်း ထိုကိရိယာများ တပ်ဆင်ဖို့ ဥပဒေပြဋ္ဌာန်းထားသည်။
ဆိုဖာပေါ် ထိုင်လိုက်ပြီး ရုပ်မြင်သံကြားစက်ကို ဖွင့်သည်။ သတင်းအစီအစဉ်ကို ကြည့်သည်။ လတ်တလော ဖြစ်ပျက်နေတာတွေကို အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်လွှင့်ပေးနေသည်။ သတင်းတွေက သိပ်ထူးထူးခြားခြား စိတ်ဝင်စားစရာ မရှိ။ ထို့ကြောင့် အားကစားချယ်နယ်ကို ပြောင်း လိုက် သည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော တောက်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲကို မနေ့က ကျင်းကခဲ့သည်။ သူတို့ စံတော်ချိန်နှင့်ဆိုလျှင် ညသန်းခေါင်ကျော်လောက် ဖြစ်၏။ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်တိုင် သူအိပ်ပျော်နေသဖြင့် မကြည့်ခဲ့ရ။ ထိုပွဲကို အင်တာနက်မှတဆင့် ပြန်ခေါ်လိုက်သည်။ ပွဲအစအဆုံးကြည့်ဖို့ အချိန်မရ။ ထှို့ကြောင့် highlight အစီအစဉ်ကို ကြည့်သည်။ ဘောလုံးပွဲ၏ အကောင်းဆုံးကစားကွက်များကို ဆယ့်ငါးမိနစ်အတွင်း စီစဉ်ပြသသည်။ နှစ်ဂိုးစီ သရေပွဲ ဖြစ်သွား၏။
ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ပြီးနောက် ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။ ဒီနေ့ လုပ်ငန်းခွင် စောစောဝင်မည်ဟု စိတ်ကူးသည်။ လုပ်စရာအလုပ်တွေ စောစောပြီးပြတ်လျှင် ညနေပိုင်းတွင် သူ့ချစ်သူနှင့် လူကိုယ်တိုင် ချိန်းတွေ့နိုင်ဖို့ မျှော်လင့်ထားသည်။
သူတို့နှစ်ယောင်သည် ခုချိန်မှာ ခေတ်စားနေသော အွန်လိုင်းချစ်သူများ ဖြစ်ကြ၏။ အင်တာနက်မှတဆင့် မိတ်ဆက်ကြပြီးနောက် ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် တီဗီဖုန်းဖြင့်သာ ဆက်သွယ်စကားပြောရတာ များသည်။ တစ်လတစ်ကြိမ်လောက်သာ လူကိုယ်တိုင် တွေ့နိုင်သည်။
အကြောင်းကတော့ သူတို့နေသော မြို့ များသည် ကီလိုမီတာ ငါးရာလောက် ဝေးကွာနေသောကြောင့်ပင် ဖြစ်၏။ လူချင်း တွေ့ချင်သောအခါမြို့ နှစ်မြို့ ၏ အလယ်လောက်မှာရှိသော ကြားမြို့ ကလေးမှာ ချိန်းဆိုကြသည်။ သံလိုက်ရထားနှင့်ဆိုလျှင် တစ်နာရီသာသာလောက် သွားရ၏။ အလုပ်စောစောပြီးလျှင် ညနေစောင်း မတိုင်ခင်တောင် ရောက်သွားနိုင်သည်။ ချစ်သူနှင့် အေးအေးဆေးဆေး တွေ့ဆုံစကားပြောပြီး ညစာတောင် အတူစားနိုင်သေးသည်။
သူသည် ရုံးခန်းထဲက စားပွဲမှာထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဒီနေ့လုပ်ရမည့် လုပ်ငန်း အစီအစဉ်များ ပေါ်လာသည်။ နိုင်ငံခြား ကုမ္ပဏီတစ်ခုသို့ အီးမေးလ်ကို စောင့်သည်။ ဆယ်မိနစ်အတွင်း အကြောင်းပြန်လာသည်။ သူတို့အဆိုပြုထားသော ဈေးနှုန်းကို လက်ခံကြောင်း ပြန်ကြားသည်။ဒီနေ့အဖို့တော့ မင်္ဂလာရှိသော သတင်းနှင့် စတင်ကြုံတွေ့ရပြီး တစ်နေ့လုံး အဆင်ပြေမှုတွေကိုသာ ကြုံရတော့မည်ဟု တွေးပြီး ကျေနပ်သွားသည်။ ထိုအကြောင်းကို ရုံးချုပ်ရှိ ပင်မကွန်ပျူတာသို့ သတင်းပို့လိုက်၏။
ဒုတိယ အစီအစဉ်က ဘဏ်နှင့် ဆက်သွယ်ရခြင်း ဖြစ်၏။ ထို့နောက် ငွေစာရင်းဌာန၊ ပြီးတော့ ကြော်ငြာဌာနခွဲ၊ အချိန်တိုတိုအတွင်းမှာပင် အလုပ်တွေ အများကြီး ပြီးသွားသည်။ ဒီလို လုပ်ရည်ကိုင်ရည် ရှိသောကြောင့်လည်း အသက်ငယ်ငယ်လေးနှင့် ဒီရာထူးကို ရရှိခဲ့ခြင်းဖြစ်၏။ ကုမ္ပဏီ၏ အရာထမ်း အဆင့်ထဲမှာတော့ သူ အသက်အငယ်ဆုံးပဲ။
ကွန်ပျူတာမှ အချက်ပေးသံ ထွက်ပေါ်လာသည်။ ရုံးချုပ်မှ တစ်စုံတစ်ခု အသိပေး အကြောင်း ကြားလိုသော သဘောဖြစ်၏။ ရုံးချုပ်နှင့် တိုက်ရိုက်ဆက်သွယ်သော လိုင်းကို ဖွင့်လိုက်သည်။ နောက် ဆယ့်ငါးမိနစ်အကြာတွင် အစည်းအဝေးရှိမည် ဖြစ်သောကြောင့် အဆင်သင့်ပြင်ထားဖို့ အသိပေးခြင်းဖြစ်၏။ ဆွေးနွေးမည့် အကြောင်းအရာတွေကတော့ ၀န်ထမ်းများကို ယခုနှစ်အတွက် ဆုကြေး ဘယ်လောက်ပေးသင့်သလဲဆိုတာ ညှိနှုင်းဖို့ ကိစ္စနှင့်သူ အဆိုပြု တင်ပြထားသော တောင်အာရှမှာ ဌာနခွဲတစ်ခု ထပ်ဖွင့်ဖို့ ကိစ္စများ ဖြစ်၏။
ထိုကိစ္စ နှစ်ခုစလုံးသည် လောလောလတ်လတ် ရရှိထားသော လုပ်ငန်းအောင်မြင်မှုနှင့် ဆက်နွယ်နေ သည်။ ဒီအောင်မြင်မှုမှာလည်း သူ၏ ကြိုးစားအားထုတ်မှုသည် အဓိက အခန်းက ပါဝင်နေသည်။ သူ့အနေဖြင့် မကြာခင်မှာ ရာထူးတိုးဖို့ သေချာသလောက် ဖြစ်နေပြီ။
အစည်းအဝေးချိန် ရောက်လာသည်။ သူက ကွန်ဖရင့်အစီအစဉ်ကို တင်လိုက်သည်။ ကွန်ပျူတာပေါ်မှာ အစည်းအဝေး တက်ရောက်မည့်သူ များ၏ ရုပ်ပုံများ ပေါ်လာသည်။ အပေါ်ဆုံးက ကွက်လပ်တစ်ခုသာ လွတ်နေ သည်။ ထုံးစံအတိုင်း ကုမ္ပဏီဥက္ကဌ တက်မလာသေး။
အစည်းအဝေး တက်ရောက်သူများသည် မိမိတို့အိမ်ရှိ ကွန်ပျူတာများရှေ့ မှာ အသီးသီး ထိုင်နေကြခြင်းဖြစ်၏။ ကွန်ပျူတာတွေကို ရုံးချုပ်ရှိပင်မကွန်ပျူတာကြီးမှတစ်ဆင့် ကွန်ရက်သဖွယ် ဆက်သွယ် ထား သည်။ ကွန်ပျူတာမှာ ပါဝင်သော ကင်မရာငယ်က ရုပ်ပုံတွေကို ရိုက်ပြီး ပေါင်းစပ် ပေးခြင်းဖြင့် ဖန်သား ပြင်ပေါ်မှာ အစည်းအဝေးတက်သူ အားလုံး၏ ပုံများပေါ်နေခြင်း ဖြစ်၏။
အပေါ်ဆုံးမှ လွတ်နေသော ကွက်လပ်နေရာတွင် ကုမ္ပဏီဥက္ကဌ၏ပုံ ဖျတ်ခနဲ ပေါ်လာသည်။ ဥက္ကဌက ဆောရီးပဲ၊ ကိုယ်နည်းနည်းနောက်တျသွားတယ် ဟု ပြောနေကျအတိုင်း ဆိုသည်။ ထို့နောက် အစည်းအဝေး စတင်သည်။
ဝန်ထမ်းများ၏ ဆုကြေးငွေကိစ္စကို ဘဏာရေးဌာန တာဝန်ခံက တင်ပြသည်။ ကုမ္ပဏီ၏ ရှေ့အလားအလာ အလွန်ကောင်းနေသဖြင့် ဆုကြေးငွေကို နည်းနည်းတိုးပေးသင့်ကြောင်း သူက ၀င်ဆွေးနွေးသည်။ ဘဏာရေးတာဝန်ခံ အပျိုကြီးသည် သူ့အိတ်ထဲက စိုက်ပေးရမှာ မဟုတ်ဘဲလျက် အင်တင်တင် လုပ်နေသေးသည်။ ဥက္ကဌက ပေးလိုက်ပါဟု ဆုံးဖြတ်ချက် ချလိုက်၏။
ထို့နောက် တောင်အာရှဌာနခွဲ အသစ်ဖွင့်ဖို့ကိစ္စ ဆက်ဆွေးနွေးသည်။ အားလုံးကပင် ဖွင့်သင့်ကြောင်း ထောက်ခံကြသည်။ ထိုကိစ္စအတွက်စီမံချက်ရေးဆွဲရန် သူ့ကိုပင် တာဝန်ပေးသည်။ ထိုဌာနခွဲ ဖွင့်ပြီးလျှင် သူပဲ ဦးဆောင်ရလိမ့်မည်ဟု နားလည်သဘောပေါက်ပြီးသား ဖြစ်သွား၏။
အစည်းအဝေး ပြီးဆုံးသွားသည်။ အစည်းအဝေးတက်ရောက်နေသူများ၏ ရုပ်ပုံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ကြော်ငြာဌာနတာဝန်ခံ တစ်ယော်သာ ကျန်သည်။ ကွန်ကရက်ကျုးရှင်းဟုဝမ်းသာစကားဆိုပြီးနောက်ဘယ်လိုလဲသူငယ်ချင်း၊ညနေကျရင် စစ်တုရင်တစ်ပွဲလောက်ထိုးရအောင် ဟု ပြောသည်။
သူက မမှတ်သေးဘူးလား ဟု ရယ်ရင်းပြောသည်။ ပြီးခဲ့သော သုံးပွဲစလုံး သူကချည်း နိုင်ခဲ့တာကိုး။ သူက ဆက်၍ ညနေကျရင် ခရီးထွက်စရာရှိတယ်။ ရထားပေါ်မှာ တစ်နာရီကျော်ကျော်လောက် အချိန်ရတယ်။ ကိုယ်ဆက်သွယ်လိုက်မယ်။ အိမ်မှာပဲ စောင့်နေ ဟု ပြောလိုက်၏။ ကြော်ငြာတာဝန်ခံက ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်းပဲ၊ စူပါဒိတ်ဘလူးရဲ့ ကစားကွက်တွေ ကိုယ် လေ့လာထားတယ်၊ တွေ့ကြသေးတာပေါ့ ဟု ပြန်ပြောသည်။

သူသည် တောင်အာရှဒေသအကြောင်းကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်နေလိုက်သည်။ အထူးသဖြင့် တောင်အာရှနိုင်ငံများ၏ ပထ၀ီအနေအထား၊ လူဦးရေ၊ စီးပွားရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုများကို ဆန်းစစ်ကြည့်လိုက်၏။ ဘယ်နိုင်ငံမှာ ဌာနခွဲကို ရုံးစိုက်သင့်သလဲ ဆိုတာ ရွေးချယ်နိုင်ဖို့ ဖြစ်၏။ အချက်အလက် အပြည့်အစုံကို မိနစ်ပိုင်းလေးအတွင်းမှာပင် အလွယ်တကူ ရှာဖွေကြည့်နိုင်သည်။
ထိုအခါ သူ့အဖေ ပြန်ပြောသော အကြောင်းများကို သွားသတိရမိ၏။ အဖေတို့ လူငယ်ဘ၀က အလုပ်စ၀င်စဉ် အချိန်တုန်းကဆိုရင် အချက်အလက်ကလေး အနည်းငယ်ကို သိရဖို့အရေး နေ့တစ်ဝက်လောက် အချိန်ကုန်ခံပြီး နေရာ သုံးလေးနေရာလောက်ကို အပင်ပန်းခံ ပြေးလွှားရှာဖွေရသတဲ့။
ပြီးတော့ ထိုအချိန်က ရုံးဆိုသည်မှာ မြို့ လယ်က ကြီးမားသော အဆောက်အအုံကြီးဖြစ်၏။ ဒီထဲမှာ စားပွဲတွေ အများကြီး၊ လူတွေအများကြီး စုပြီး တကုပ်ကုပ် လုပ်ကြရသည်။ မှတ်တမ်းမှတ်ရာ အားလုံးမှာ စာရွက်တွေ၊ဖိုင်တွဲတွေချည်းပဲ။ကိစ္စအတော်များများကို ဖောင်တိန်တွေ၊ ဘောပင်တွေသုံးပြီး ကိုယ်တိုင် လက်ရေးနှင့် ရေးကြရသည်။
ဝန်ထမ်းအများစုသည် ရုံးနှင့် အတော်ဝေးရာ အရပ်မှာ နေထိုင်ကြသည်။ နေရာအနှံ့ ၀န်ထမ်းများသည် ဘတ်စ်ကား၊ မီးရထားတို့နှင့် ရုံးကို လာကြရသည်။ ရုံးချိန်ဆိုလျှင် ရထား၊ ကား ကြပ်လေ့ရှိပြီး လမ်းမှာတင် နာရီနှင့်ချီပြီး အချိန်ကြာတတ်သည်ဆို၏။ ရုံးတစ်ခါတက်ဖို့အရေး အတော် ပင်ပန်းခဲ့ကြရှာတာပါလား။ လူတွေက လမ်းပေါ်မှာပဲ အချိန်တွေ အလဟဿ ကုန်ခဲ့ကြတာပါလား။
ရုံးမှာလည်း လူတွေ အများကြီးဆိုတော့ မျက်စိနောက်စရာပဲ။ ပြဿနာတွေလည်း စုံနေလိမ့်မယ်။ အဖေကတော့ လူအများကြီးနဲ့ အလုပ်လုပ်ရတော့ လူမှုဆက်ဆံရေးမှာ ပိုကျွမ်းကျင်လာတာပေါ့ တဲ့၊ သိုက်သိုက်ဝန်းဝန်း အလုပ်လုပ်ရတာ ပျော်စရာကြီးဆိုပဲ။
သူတို့ခေတ် ရောက်တော့ ရုံးဆိုသည်မှာ လူတွေအများကြီး တရုံးရုံး ၀င်ထွက်နေသော အ ဆောက်အ အုံကြီး မဟုတ်တော့။ ရုံးဝန်ထမ်းတွေက ကိုယ့်အိမ်ရှိ ကွန်ပျူတာရှေ့ မှာ ထိုင်လိုက်လျှင် ရုံးတက်တာပဲ ဖြစ်၏။ ရုံးကို အဝေးကြီး သွားတက်နေစရာမလို။ ရုံးချုပ်ဆိုတာကလည်း ၀န်ထမ်းများ၏ကွန်ပျူတာများကို ဆက်သွယ် ထိန်းချုပ်ထားသော ပင်မ ကွန်ပျူတာများကို ဆက်သွယ်ထိန်းချုပ်ထားသော ပင်မကွန်ပျူတာကြီးနှင့် လူအနည်း ငယ်လောက်သာ ရှိသော နေရာဖြစ်၏။
အလုပ်ချိန် ဆိုတာကလည်း ဘယ်နှနာရီဟု သတ်မှတ်ထားခြင်းမဟုတ်။ တစ်နေ့တာအတွက် ကိုယ်လုပ် ရမည့် တာဝန်ကို ပြီးအောင် ဆောင်ရွက်ပြီးလျှင် ရုံးဆင်းလို့ရပြီ။
ဟိုအချိန်က ကာယလုပ်သားတွေကို ကော်လာပြာလူတန်းစား(ဘလူးကော်လာ) ဟု ခေါ်ကြသည်။ ၀တ်စုံအပြာရောင် ၀တ်ဆင်လေ့ရှိကြသောကြောင့်ဖြစ်၏။အဖြူရောင်အင်္ကျီဝတ်လေ့ရှိသောဥာဏလုပ်သားတွေကိုတော့ကော်လာဖြူလူတန်းစား(၀ှိုက်ကော်လာ) ဟုခေါ်သည်။ နောက်ပိုင်း စက်ရုပ်လုပ်သားတွေ ပေါ်လာ သောအခါ သံမဏိကော်လာ( စတီးလ်ကော်လာ) ဟု ခေါ်ကြပြန်သည်။ ခုတော့ သူတို့လို ကွန်ပျူတာရှေ့ မှာ ထိုင်ပြီး အလုပ်လုပ်ကြသော သူများကို ခေါ်သော ဝေါဟာရသစ်တစ်ခု တွင်လာသည်။
အီလက်ထရွန်းနစ်ကော်လာ(အီးကော်လာ) ဟူ၍ ဖြစ်လေ၏။
တစ်ချိန်က ကလောင်တွန်းသမားများ ဟု ခေါ်ကြသလို ခုလည်း ခလုတ်နှိပ်သမားများ ဟု ခေါ်ကြသည်။ ခေတ်ပေါ်ဝေါဟာရ အရဆိုလျှင်တော့ ကလစ်ကာများ ပေါ့။ မောက်စ်ကီပါ ဟု ဆိုသူကလည်း ဆိုသည်။
ဟုတ်လည်းဟုတ်သည်။သူတို့သည်ရုံးကိစ္စတွင်မကအခြားသောကိစ္စတွေကိုပါခလုတ်နှိပ်ရုံဖြင့်ပီးမြောက်အောင်ဆောင်ရွက်နိုင်နေပြီ။ စစ်သားများပင်လျှင် သေနတ်မကိုင်တော့ဘဲ ကီးဘုတ်ကိုင်ပြီး စစ်တိုက်နေကြပြီ။

ဇီဝမှတ်တမ်းကိရိယာဆီက အချက်ပေးသံ ပေါ်လာပြန်သည်။ ကြည့်လိုက်တော့ ၀မ်းဗိုက်ထဲမှာ အစားဟောင်းတွေ
ပြည့်နေပြီ ဖြစ်သဖြင့် စွန့် ထုတ်ပစ်သင့်ပြီ ဟု အကြံပေးထားသည်။ သူလည်း ၀မ်းထဲက ရစ်ချင်သလို ဖြစ်လာ၏။
ထို့ကြောင့် အိမ်သာထဲသို့ သွားသည်။ ကမုတ်ပေါ်မှာ ထိုင်လိုက်သည်။ အိမ်သာတံခါး အတွင်းဘက်မှာ ကပ်ထားသော ဖန်သားပြင်ပေါ်တွင် ဒစ်ဂျစ်တယ်ကိန်းဂဏန်းများ ပေါ်လာသည်။ လက်ရှိ ကိုယ်အလေးချိန်၊ လွန်ခဲ့သော တစ်ပတ်က ကိုယ်အလေးချိန်၊ ပြီးခဲ့သော တစ်နှစ်အတွင်းက လစဉ် ရှိခဲ့သော ကိုယ်အလေးချိန်များကို အတိုးအလျှော့ ရာခိုင်နှုန်းများနှင့်တကွ ဖော်ပြထားသည်။
သူသည် သူ့အဖေဆီက အကျင့်တစ်ခုကို အမွေရခဲ့သည်။ သူ့အဖေက အိမ်သာတက်လျှင် သတင်းစာ ဖတ်တတ်သည်။ သူကတော့ အိမ်သာတက်ရင်း သတင်းကြည့်တတ်သည်။ ထို့ကြောင့် ရှေ့က ဖန်သားပြင်ကို ရုပ်မြင်သံကြား သတင်းအစီအစဉ်သို့ ပြောင်းပြီး ကြည့်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာသည်အထိ သူ့ဝမ်းဗိုက်က မထူးခြားသေး။ ဘယ်လိုဖြစ်တာပါလိမ့်။ ပြီးတော့မှ သူ့ဖာသာ အတွေးပေါက်ပြီး ပြုံးလိုက်မိ၏။ သူသည် အရာရာကို အလိုအလျောက်စနစ်ဖြင့် ခလုတ်နှိပ်ပြီး ဆောင်ရွက်နေကျ ဖြစ်သောကြောင့် အကျင့်ပါနေတာလေ။ ဟုတ်သားပဲ၊ ခုကိစ္စကတော့ ကိုယ့်အားကိုယ်ကိုးရမှာပေါ့။ ထို့ကြောင့် ကြွက်သားတွေ်ကို တအားညှစ်ထုတ်လိုက်တော့မှ လျှောခနဲ ထွက်ကျပြီး အဆင်ပြေသွားသည်။

ခုမှပဲ ကိုယ့်လုပ်အားကို အပြည့်အ၀ အသုံးချခွင့် ရတော့သည်။





English Alphabet

The Many Meaning of the Letter X

Wrong ( မှားသည် )
အဖြေတစ်ခု မှားယွင်းသည်ကို ပြရန် စံသတ်မှတ်ထားသည့် သင်္ကေတဖြစ်သည်။ ဤကြက်ခြေခတ်နှင့် ကျောင်းသူကျောင်းသား အတော်များများ အကျွမ်းတ၀င်ရှိပြီး ဖြစ်ပါလိမ့်မည်။

Adult ( အရွယ်ကြီးရင့်လာသူ )
အချို့နိုင်ငံများတွင် လူငယ်လူရွယ်နှင့် ကလေးငယ်များ မရှုစားသင့်သော ရုပ်ရှင်နှင့် video ဇာတ်ကားများကို “ X “ အက္ခရာဖြင့် ဖော်ပြထားလေ့ရှိသည်။ ဤနေရာတွင် X အက္ခရာသည် အရွယ်ကြီးပြင်းလာသော လူကြီးကို ဆိုလိုပါသည်။ အညှီအဟောက်အခန်းများ၊ ရက်စက်စွာ သတ်ပုတ်ခန်းများပါဝင်သော ရုပ်ရှင်နှင့် video ဇာတ်ကားများသည် အရွယ်မရောက်သေးသော လူငယ်များ ကြည့်ရှုရန် မသင့်တော်ကြောင်းကို “ X “ အက္ခရာဖြင့် ဖော်ပြထားလေ့ ရှိသည်။

Unknown ( မသိသော )

အသိအမှတ်ပြုရန် အခက်အခဲဖြစ်နေသော လူ သို့မဟုတ် အရာများကို “ X “ အက္ခရာဖြင့် ဖော်ပြလေ့ ရှိသည်။အက္ခရာသင်္ချာတွင် မသိကိန်းကို “ X “ ဖြင့် သတ်မှတ်လေ့ရှိသည်ကို မှတ်မိကြလိမ့်မည်။ ဥပမာ--မှုခင်းစုံစမ်းရေးအဖွဲ့အနေဖြင့် အမည်မသိသော လူသေ အလောင်းကို တွေ့လျှင် Mr.X ဟု သတ်မှတ်ကြသည်။

Uneducated ( စာပေချို့တဲ့သော/ စာမတတ်သော )

“ X “ အက္ခရာသည် စာမတတ်သူ အတော်များများ၏ လက်စွဲဖြစ်သည်။ စာရွက်စာတမ်းများ လက်မှတ်ထိုးရာတွင် မိမိ၏ အမည် မိမိ မပေါင်းတတ်၊ မရေးတတ်သဖြင့် “ X “ အမှတ်အသားကို ရေးခြစ်လိုက်ခြင်း ဖြစ်သည်။

Choice ( ရွေးချယ်မှု )
လျှောက်လွှာပုံစံ အချို့တွင် ရွေးချယ်မှု အမျိုးမျိုး ရွေးချယ်ရန် အကွက် သုံးလေးမျိုးပါသော လျှောက်လွှာပုံစံများကို မြင်ဖူးကြလိမ့်မည်။ ထိုအကွက်များအနက် တစ်ကွက်ကို ရွေးချယ်လျှင် ထိုလက်ကွက်အတွင်း၌ “ X “ အမှတ်အသားကို ပြလေ့ရှိသည်။ Computer တွင် options
( စိတ်ကြိုက်ရွေးချယ်မှု ) အကွက်ကို နှိပ်လိုက်လျှင် မြင်ရလေ့ ရှိသည်။

Location ( တည်နေရာ )
ပင်လယ်ဓားပြများခေတ်က ဓားပြတိုက်၍ ရရှိလာသော ရွှေငွေပစ္စည်းများကို မြေမြုပ်ကာ တည်နေရာကို “ X “ အမှတ်အသားဖြင့် ပြလေ့ရှိသည်။ ထိုနည်းတူပင် ယခုခေတ်တွင် မြေပုံများပေါ်၌ တည်နေရာတစ်ခုကို မှတ်သားလိုလျှင် “ X “အက္ခရာဖြင့် မှတ်သားလေ့ရှိသည်။

Multiply ( အမြောက်လက္ခဏာ/ အဆပွားခြင်း )

အပေါင်း( + ) အနှုတ် ( _ ) အမြှေက် ( x ) အစား ( % ) သင်္ချာသင်္ကေတ လေးမျိုးးတွင် “ X “ သည် အမြှောက်လက္ခဏာဖြစ်ပြီး အဆပွားခြင်း သဘောကို ဆောင်သည်။ အလျားအနံ အတိုင်းအတာများတွင်လည်း “ X “ ကို အသုံးပြုသည်။ ဥပမာ----3’ x 4’ ဆိုလျှင် အလျား သုံးပေ၊ အနံ လေးပေ ဟု ဆိုလိုခြင်း ဖြစ်သည်။ 3’x4’ ရေးသားချက်တွင် “ X “ ကို “ by “ ဟု ဖတ်ရသည်။ ထို့ကြောင့် 3’x4’ ကို 3’ by 4’ ဟု ဖတ်သည်။

Ten (တစ်ဆယ်)
ရောမဂဏန်းများ ( Roman Numberals ) ဖြင့် ရေးလျှင် “ X “ အက္ခရာသည် “ တစ်ဆယ် “ ဟူသော ပမာဏကိုကိုယ်စားပြုပါသည်။ ရောမဂဏန်းတွင် V အက္ခရာသည် “ 5 “ ဂဏန်း၊ X သည် “ 10 “ v သည် “ 50 “ D သည် “ 500 “ M သည် “ 1000 “ စသည် ဖြင့် သတ်မှတ်ထားကြသည်။

Magnification (ချဲ့ထွင်ခြင်း)
ကင်မရာ ဆရာများ အသုံးတွင် “ X “ သည် “ ချဲ့ထွင်ခြင်း “ သဘောကိုဆောင်သည်။ eg: 50x ဆိုလျှင် အဆ( ၅၀ ) ချဲ့ခြင်းဟု ဆိုလိုသည်။

Male (အထီး)
Genetics ခေါ် မျိုးရိုးဗီဇ ဆက်နွယ်မှု ပညာရပ်တွင် “ X “ ကို အထီးဟု သတ်မှတ်သည်။
ဥပမာ။ ။ the X chromozone

Kisses(အနမ်းများ)
စာ(သို့မဟုတ်) ပို့စကဒ်(သို့မဟုတ်) ခရစ္စမတ်ကဒ်များ၏ အဆုံးတွင် လူအတော်များများ “ X “ အက္ခရာလေးခုခန့်မျှကို ဤအတိုင်း xxxx ဆက်တိုက်ရေးလေ့ ရှိသည်။ “ အနမ်းပေါင်းများစွာဖြင့် “ ဟူသောအဓိပါယ်ကို ဆောင်ပါသည်။

***ဘယ်စာအုပ်ထဲကမှန်းတော့ မမှတ်မိတော့ပါဘူး။ သိတဲ့သူရှိရင်ပြောခဲ့ပေးပါနော်။

Thursday, December 4, 2008

For My Friends

Sand and Stone
A story tells that two friends were walking through the desert. During some point of the journey they had an argument, and one friend slapped the other one in the face. The one who got slapped was hurt, but without saying anything, wrote in the sand: "TODAY MY BEST FRIEND SLAPPED ME IN THE FACE."
They kept on walking until they found an oasis, where they decided to take a bath. The one, who had been slapped, got stuck in the mire and started drowning, but the friend saved him. After the friend recovered from the near drowning, he wrote on a stone: "TODAY MY BEST FRIEND SAVED MY LIFE."
The friend who had slapped and saved his best friend asked him, "After I hurt you, you wrote in the sand and now, you write on a stone, why?"
The other friend replied: "When someone hurts us, we should write it down in sand where winds of forgiveness can erase it away. But, when someone does something good for us, we must engrave it in stone where no wind can ever erase it."
LEARN TO WRITE YOUR HURTS IN THE SAND, AND TO CARVE YOUR BENEFITS IN STONE

Sunday, November 30, 2008

FOR 1-12-08 ( Monday )


ချစ်သူငယ်ချင်း နွယ်ဆွိ အတွက်

#include
void main( )
{

printf("Happy Birthday to You");

}


ဒီ program လေးကို နှလုံးသားထဲမှာ run လိုက်ပါ။ error ပါရင်တော့ check လုပ်ပြီး ပြင်လိုက်ပါနော်။

သူငယ်ချင်းတစ်ယောက် ဒီဇင်ဘာ တစ်ရက် မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်ဝပါစေ။


အဇူရီ



Friday, November 28, 2008

ဆရာ

တိုက်ပုံ
သုမောင်

(၁)

လူမှန်းသိတတ်စမှ စပြီး တိုက်ပုံ စတင်ဝတ်ဖူးခဲ့ဖူးတာ ရှစ်တန်းကျောင်းသားဘ၀ကျမှ ဖြစ်သည်။ တိုက်ပုံဝတ်ချင်သည့် စိတ်ကတော့ မူလတန်း ကျောင်း သားဘ၀ကတည်းက ဖြစ်၏။ အကြောင်းမှာ မူလတန်း အင်္ဂလိပ် စာပြဆရာ ဦးစောစိန်သည် တိုက်ပုံအမြဲဝတ်သောကြောင့် ဖြစ်၏။ လူဆိုသည်မှာ ကိုယ့် ဆရာ လုပ်တာမှန်သမျှကို အထင်ကြီးမြဲပဲ မဟုတ်ပါလား။ ပြီးတော့ လူငယ်ဆိုတာ လူကြီးသိပ်ဖြစ်ချင်သည် မဟုတ်လား။

ကျွန်တော့်ဆရာသည် တိုက်ပုံအမြဲဝတ်သော်လည်း အရောင်တော့ မပြောင်းပေ။ အမြဲတမ်း မီးခိုးရောင်နုနုကိုသာ ၀တ်သည်။ဆရာ့မှာ တိုက်ပုံမီးခိုးရောင် ဘယ်နှထည်ရှိသလဲ ဟူသော မေးခွန်းကိုကား မမေးရဲ။ မေးစရာလည်း မလို။ အကြောင်းမှာ ဆရာဝတ်သော မီးခိုးရောင်တိုက်ပုံသည် တစ်ထည်တည်းသာဖြစ်မှန်း သိလာသောကြောင့်ဖြစ်၏။
အရောင်အဆင်းက မှိန်သထက်မှိန်လာခြင်း၊ ဟိုနားဒီနား အနားစတွေ ဖွာလာခြင်း၊ ဟိုတစ်စ သည်တစ်စ ပြဲလာစုတ်လာခြင်းကို မြင်ရသောကြောင့် ဖြစ်၏။ ဆရာက အဲသည် နေရာလေးတွေကို ပြန်í ပြန်í ဖာထေးခြင်းပြုခဲ့လေသည်။
မဟုတ်မှလွဲရော၊ ဆရာ့ရည်းစားက လက်ဆောင်ပေးတာဖြစ်မယ်ကွ ဟု လေးတန်းသုံးခါကျ ကျောင်းသားကြီးတစ်ယောက်က ကွယ်ရာမှာပြောတာ မှတ်မိသေးသည်။
သည်လိုနှင့် တစ်ခုသော ဆရာကန်တော့ပွဲတွင် ကျွန်တော်တို့ သူငယ်ချင်းတွေ ပေါင်းပြီး ချုပ်ပြီးသား မီးခိုးရောင်တိုက်ပုံတစ်ထည် ဈေးထဲ အပြေးဝယ်ပြီး ဆရာ့ကို ကန်တော့လိုက်ကြသည်။ ဆရာက----------
သာဓု သာဓု သာဓု ဟု သုံးကြိမ်ခေါ်သော်လည်း ပထမ သာဓု သာ ပီသပြီး ဒုတိယနှင့် တတိယ သာဓု ကတော့ တစ်ဆို့နစ်ဝင်သွားလေ သည်။ ပြီးတော့ ဆရာ့မှာ ပီတိမျက်ရည်တွေနှင့်။သို့သော် ကျွန်တော်တို့ ကန်တော့သော တိုက်ပုံကိုမူတစ်ခါမျှ ၀တ်တာ မတွေ့ဖူးသေး။ မမေးရဲ မေးရဲ မေးကြည့်တော့-------------
ငါ့တိုက်ပုံက ပစ်လိုက်ရတဲ့အဆင့် လက်နှီးစုတ် မဟုတ်သေးပါဘူးကွယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့တိုက်ပုံကို တစ်နေ့တော့ ၀တ်ပြပါ့မယ်။

ထိုတစ်နေ့ကား တစ်နေ့တော့ရောက်ရှိလာခဲ့သည်။ ဆရာ့ မင်္ဂလာဆောင်မှာ။ ဆရာဆင်းရဲသလို ဆရာ့ ဇနီးကလည်း ဆင်းရဲပုံရသည်။ ဆရာတို့ မင်္ဂလာဆောင်မှာ ရပ်ကွက်ဘုန်းကြီးကျောင်းမှာပဲ ဖြစ်သလို ပြုလုပ်လိုက်ကြသည်။ ပရိသတ်ကလည်း ရပ်မိရပ်ဖနှင့် ဆရာ့တပည့် မိဘများ၊ လုပ်ဖက်ကိုင်ဖက်များမျှသာ။ ကျွန်တော်တို့ကတော့ ကူဖော်လောင်ဖက်။ မင်္ဂလာဆောင်မှာ ဧည့်ခံတာက ကိတ်မုန့်ကြမ်းပါးပါးလေးတွေနှင့် ကာကာကုလားဆိုင်က လက်ဖက်ရည်။ကျွန်တော်ဝမ်းသာတာက ထိုပွဲတွင် ဆရာသည် ကျွန်တော်တို့ ကန်တော့ထားသော တိုက်ပုံအင်္ကျီ အသစ်ကို ၀တ်ထားခြင်းဖြစ်၏။ ရယ်စရာကောင်းနေတာက ကျွန်တော်တို့ ၀ယ်လာခဲ့သော တိုက်ပုံက ကြီးပြီး ပိန်ညှော်ညှော်ဆရာနှင့် ဘယ်လိုမှ မလိုက်ဖက် ဖြစ်နေခြင်းပင်။ ကျောင်းဆင်းကျောင်းတက်ထိုးသော ဂလိုင် ကဲ့သို့ဖြစ်နေလေသည်။ ဘာပဲဖြစ်ဖြစ် ထိုအကြိမ် ပီတိမျက်ရည် ကျကြရတာက ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေပါပဲ။

(၂)

ဘ၀တွေပြောင်းခဲ့ပြီ။ အချိန်တွေနှောင်းခဲ့ပြီ။ ကျွန်တော်လည်း မြို့ တက် အလုပ်လုပ်ရင်း အရာရှိတစ်ယောက် ဖြစ်နေပါပြီ။ သူငယ်ချင်းတွေလည်း ဖြစ်ချင်ရာဖြစ်၊ နစ်ချင်ရာနစ်ကုန်ကြပြီ။ တစ်ယောက်နှင့်တစ်ယောက် တစ်နှစ် နေလိုမှ တစ်ခါ မတွေ့ရတော့။ ဆရာ့ကို ဆိုတာကတော့ ဝေလာဝေး
ပေါ့။ အင်း ခုလောက်ရှိ ဆရာလည်း ပါသွားတန်ကောင်းပါပြီ။ ( ဖွဟဲ့ ........ လွဲပါစေ ဖယ်ပါစေ)
ကိုင်း.....ထိပ်ဆုံးကစကား ပြန်ဆက်ကြရအောင်။
ကျွန်တော်သည် အရာရှိဆိုတော့ တိုက်ပုံမရှိမဖြစ် ၀တ်ရသည်။ အရောင်စုံ ၀တ်ရသည်။ ရုံးတက်ဖို့၊ အစည်းအဝေးထိုင်ဖို့၊ ပွဲတက်ဖို့၊ ညစာစားပွဲ သွားဖို့၊ မင်္ဂလာဆောင်၊ အလှူသွားဖို့ စသဖြင့်။
သည်နေရာမှာ မင်္ဂလာဆောင်သွားဖို့ ဆိုတဲ့ ကိစ္စသည် အရေးပါလာ၏။ ဟုတ်ပါ့၊ တိုက်ပုံပါပဲ။ အစဉ်အလာလို ဖြစ်နေသည်မှာ အလှူမင်္ဂလာဆောင် သွားသည်ဆိုလျှင် တိုက်ပုံသည် အဖြူသာ ဖြစ်တတ်ပေသည်။
ကျွန်တော့်မှာ တိုက်ပုံဖြူတစ်ထည်ပဲ ရှိသည်။ ဒါလည်း မကြာခဏ ၀တ်စရာ မလိုလို့ အပို ချုပ်မထားခြင်းပင်။
ကိုင်း ဆရာကြီး၊ ရှေ့အပတ် မင်္ဂလာဆောင်က ရှင့်အထက်လူကြီးသမီး၊ လုပ်မှာက ဟိုတယ်ကြီးမှာ၊ ဒီတော့ တိုက်ပုံဖြူတစ်ထည်တော့ထပ်ချုပ်ဦးမှ
ငါ့တိုက်ပုံဖြူ ရှိသားပဲ
ပြောရ တယ်ခက်ပါလား၊ ရှင့်တိုက်ပုံက တိုက်ပုံ မဟုတ်တော့ဘူး၊ တိုက်ဆွေးဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီနေ့ ဈေးသွားမယ်။

တိုက်ပုံဖြူစ တစ်စ ၀ယ်မယ်၊ ဒါပဲ
နေဦးကွယ့်၊ အဖြူမ၀ယ်နဲ့၊ ညစ်လွယ် ပေလွယ်တယ်။ ပြီးတော့ နေရာတကာ ၀တ်လို့လည်း မရဘူး
ဒါဖြင့် နံ့သာလုပ်
ငါ့အသားနဲ့ မလိုက်ပါဘူးကွာ
နော့ဖြင့် အ၀ါနု
ပိုဆိုးတာပေါ့ဟ၊ ဒီလိုလုပ်ကွာ၊ အစည်းအဝေး သွားသွား၊ မသာပို့ပို့၊ မင်္ဂလာဆောင်ပဲဝတ်ဝတ်၊ သင့်တဲ့အရောင်ဝယ်
ဘာအရောင်လဲ
မီးခိုးရောင်နုနုလေး

ထိုစကားကို ရိုးရိုးပြောလိုက်သော်လည်း ဘာကြောင့်မှန်းမသိ၊ လှိုက်ခနဲ ဖြစ်သွားသည်။ ငယ်ဆရာကို သတိရသွားသည်။



(၃)

ဆူညံပေါက်ကွဲသံများ၊ ပြိုးပြိုးပြက်ပြက် အရောင်တွေကြားမှာ မွန်းကြပ်လှသည်။ ပိုဆိုးတာက တိုက်ပုံအသစ်ကြောင့် ချွေးတွေပြန်နေသည်။ ပိုးလုံချည်ကြောင့် အောက်ချွေးပြန်သည်။ အခါတော်ပေး ပွဲထုတ်ပြီးတာနှင့် ထပြန်မည် စိတ်ကူးသည်။ သို့သော် ဒါသည် မကောင်းတတ်ပေ၊ တစ်ယောက်တည်း
ထ ပြန်ဖို့ကလည်း လူကြားသူကြား ရှက်စရာ။ မူးနောက်နောက်ပင် ဖြစ်လာသည်။
ထိုအချိန်မှာပင် ကယ်တင်ရှင်တစ်ဦး ပေါ်လာသည်။
ဟာ ကိုဘရှင်၊ မတွေ့တာ ကြာပြီဗျာ၊ ခင်ဗျားရှိမှန်း မသိလို့ ဒီ့ပြင်ဝိုင်း သွားထိုင်နေရတယ်
အင်း၊ ၀မ်းသာတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားက ပြန်တော့မလို့လား
ပြန်ဖို့တော့ မသင့်သေးဘူးပေါ့ဗျာ၊ ဒါပေမယ့် ရပ်ကွက်ထဲက အဘိုးကြီးတစ်ယောက် အသုဘရှိနေတော့ .................
ဟာ အတော်ပဲဗျို့ ကျုပ်လည်း ထ လစ်ချင်နေတာ၊ အဖော်ရပြီ

ခန်းမအပြင်ရောက်တော့-------------
ခင်ဗျား ဘယ်ပြန်မှာလဲ
မြောက်ဥက္ကလာ
အတော်ပဲ၊ ကျုပ် ရေဝေးသုသာန်သွားမှာ၊ လမ်းကြုံတယ်

သူ့ကား အကောင်းစားကြီးနှင့် ဟန်ကျလှသည်။ လေအေးစက်ဖွင့်ထားသဖြင့်လည်း ပေါ့ပါးလန်းဆန်းသွားသည်။ သည်လိုနှင့် မြောက်ဥက္ကလာ ရောက်လာသည်။
ဘယ်လမ်းလဲဗျ
နေဦး၊အပြန်မှ ဆင်းမယ်၊ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကြုံတုန်း အသုဘ ၀င်ပို့မယ်ဗျာ
ခင်ဗျား အသိမို့လို့လား
သိသိ မသိသိ၊ ကျုပ်ကတော့ အသုဘ ကားတန်းနဲ့ ကြုံရင် လိုက်ပို့တာ အကျင့်လို ဖြစ်နေပြီ
သာဓုဗျာ၊ သာဓု.....သာဓု




(၄)

ဟိုရောက်တော့ ကားကြီးကားငယ် အသွယ်သွယ်တို့ ပြန်ထွက်ကုန်ကြတာနဲ့ တိုးတော့၏။
ဟေ့လူ၊ မမီတော့ဘူးဗျ
ဟာ အဲဒီ အသုဘ မဟုတ်ပါဘူး၊ လာစမ်းပ

သူ့နောက် လိုက်သွားတော့ ပရိသတ် သုံးလေးဆယ်လောက်သာ ရှိသော ဆင်းရဲသား အသုဘ။ အလောင်းမှာလည်း ဇာအုပ်ဆောင်းကလေးမျှ မိုးမထား။ မျက်နှာမှာ မိတ်ကပ်ခြယ်မထား။ မျက်တွင်းဟောက်ပက်၊ ပါးစပ်အဟောင်းသား။ ငိုမယ့် ယိုမယ့်သူလည်း မရှိ။ အင်္ကျီနွမ်းလုံခြည်နွမ်းကလေး အပေါ်က လွှမ်းထား၏။ ဘယ့်နှယ် ဒီလို အသုဘကို ကျုပ်မိတ်ဆွေက ကားအကောင်းစားကြီးနှင့် သွားပို့ရသတဲ့။ သို့သော်သူက ပြောသည်။
အဲဒီ ဆရာကြီးက ကျောင်းဆရာဟောင်းကြီးဗျ။ မသေခင် ရက်ပိုင်းထိ ကျုပ်မြေးကို ကကြီးခခွေး သင်ပေးသွားသေးတာ၊ ဆင်းရဲရှာပါတယ်ဗျာ။ ကျုပ်ပေးတဲ့ လခလေးနဲ့ သူရို့ လင်မယား စားသောက်သွားရတာ။ အိမ်ငှားခလည်း ကျုပ်ပဲ ပေးတယ်လေ၊ သိပ်သဘောကောင်းတဲ့ဆရာကြီး။
သူ့စကားကြားရတော့ ကျွန်တော့်ဆရာကြီး ဦးစောစိန်ကို ချက်ချင်းပြေးပြီး သတိရမိသည်။ ထို့ကြောင့်ပင် အလောင်းထည့်ရန် ပြင်ဆင်ထားသော အပေါစား ခေါင်းတလားဆီ လှမ်းကြည့်မိသည်။
ဟာ..............

ဆရာကြီး ဦးစောစိန် ( အသက် ၇၉ ).......တဲ့။

ကျွန်တော် ဘယ်လို ဖြစ်သွားသည် မသိတော့။ရုတ်ခနဲ ထိုင်ချလိုက်ပြီး ဆရာကြီးကို ဦးငါးကြိမ် ချလိုက်ပါသည်။
ပထမအကြိမ်တွင် ကျွန်တော် မျက်ရည်လည်သည်။ဒုတိယအကြိမ်တွင် ကျွန်တော် ရှိုက်လိုက်မိသည်။
တတိယအကြိမ်တွင် မျက်ရည်တွေ ကျလာသည်။စတုတ္ထအကြိမ်တွင် ကျွန်တော် ငိုကြီးချက်မ ဖြစ်နေပြီ။
ပဉ္စမအကြိမ်တွင် ကျွန်တော် ဆရာ ဟု အော်လိုက်မိသည်။ကျွန်တော့်အပြုအမူကို ကျွန်တော့် မိတ်ဆွေကြီးရော၊ ငိုမည့်သူမရှိသော ပရိသတ်ကပါ မှင်သက်မိနေကြ၏။ တကယ်တော့ သည်မျှအထိ ကျွန်တော့်လို
အရာရှိတစ်ယောက် အဖြစ်သည်းဖို့ မသင့်ပေ။သူ့အဖေများလား မသိဘူး ဆိုသည့် အသ့သဲ့သဲ့ကို ကြားလိုက်သည်။အမှန်တော့ မဟုတ်ပါ။အဓိကမှာ တိုက်ပုံဖြစ်သည်။ သည်ကနေ့ကျမှ ကျွန်တော်သည် ဘာကြောင့် တိုက်ပုံ မီးခိုးနုနုရောင် ကို ၀တ်လာမိသနည်း။ ထိုအရောင်ကိုရောဘာကြောင့် ရွေးပြီး ချုပ်ခိုင်းခဲ့သနည်း။
တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ အတွင်းစိတ်သည် ထူးဆန်းပေစွ။ခေါင်းတလားတွင်းသို့ ထည့်သွင်းရန် သူရို့ ပြင်ဆင်လိုက်ချိန်တွင် ကျွန်တော်သည် အသစ်စက်စက် မီးခိုးရောင်တိုက်ပုံနုနုကို ချွတ်လိုက်သည်။
ဆရာကြီး၏ ကိုယ်ပေါ် လွှမ်းပေးလိုက်သည်။

Thursday, November 27, 2008

BuddhaGaya



၂၀၀၆ တုန်းက ရန်ကုန်ကို သင်တန်းတက်ဖို့သွားနေတုန်းကပေါ့။ မအိအိခင် ဆိုတဲ့ စီနီယာအစ်မတစ်ယောက်က
ဒီဘုရားပုံတော်( ဓာတ်ပုံ)လေးကို အမှတ်တရ ပေးခဲ့ပါတယ်။ တာဝန်ကျရာ မြစ်ကြီးနားကို လာတော့ ဒီဘုရားပုံတော်ကို ယူခဲ့ပါတယ်။ ဒီတစ်ခေါက် ( ၂၀၀၈ ) မှာ ရန်ကုန်ကို အလုပ်တာဝန်နဲ့သွားရင်း ဒီဘုရားပုံတော်ကို ကွန်ပျုတာတစ်လုံးမှာ တွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ ကျနော်လည်း ကျနော့် mp3 လေးထဲထည့်ပြီး
သိမ်းထားခဲ့ပါတယ်။ သူငယ်ချင်းတစ်ချို့ကိုတော့ ဒီပုံလေးကို မေးလ်နဲ့ ပို့ပေးဖူးပါတယ်။ မရသေးသူတွေအတွက် ကျနော်တင်ပေးလိုက်ပါတယ်။ အားလုံး ကုသိုလ်ပွားနိုင်ကြပါစေ။

Tuesday, November 25, 2008

နှစ်ဆယ့်သစ်ရာစု သားရွှေဥ

ပင်လယ်နှစ်စင်း

ပါလက်စတိုင်းဒေသတွင် ပင်လယ်နှစ်စင်း ရှိပါသည်။ တစ်ခုသော ပင်လယ်တွင် အေးမြကြည်လင်သော ရေအယဉ်ရှိ၏။ စိမ်းစိုလန်းဆန်းသော ကမ်းနဖူး ရှိ၏။ ငါးမျိုးစုံတို့ ရှင်သန်ကျက်စားရာ ဖြစ်သလို၊ ကမ်းစပ်သစ်ပင်အားလုံး၏ရေကြည်ပေးရာ အေးမြကန်သာ ဖြစ်ပါ၏။ လူတို့က ဤပင်လယ်ကို " နှစ်လိုဖွယ်ရာ ရှိသော ပင်လယ် " ( The Seaof Galilie) ဟုခေါ်ကြသည်။

တစ်ခုသော ပင်လယ်တွင်မူ ညိုညစ်သော ရေပြင်အတိ ပြီး၏။ ခြောက်သယောင်းသော ကမ်းပါးတို့ဖြင့် ၀န်းရံ၏။ လေပြည်မညင်း၊ ငါးတို့မပျော် သတ္တ၀ါအပေါင်းတို့ ရှောင်ကွင်းခြင်း ပြုကြ၏။ လူတို့က ဤပင်လယ်ကို "မရဏပင်လယ် " ( Dead Sea ) ဟု ခေါ်ကြသည်။

ဂျော်ဒန်မြစ်ရေသည် အဆိုပါ ပင်လယ်နှစ်ခုသို့ အညီအမျှ စီးဝင်ပါသည်။ သို့နှင့်တိုင် ပင်လယ်နှစ်ခုမှာ ခြားနားလွန်းလှ၏။ အသို့နည်း။ " နှစ်လိုဖွယ်ပင်လယ် " က မြစ်ရေကို လက်ခံသည်နှင့်အမျှ ပြန်ထုတ်ပေးသည်။ အ၀င်နှင့် အထွက် ညီမျှနေရာ ထာဝစဉ် စီးဆင်းနေပြီး ကြည်လင်နေခြင်း ဖြစ်ပါသည်။ " မရဏပင်လယ် " ကမူ မြစ်ရေကို လက်ခံရုံမျှသာ ရှိပြီး ပြန်လည်မဝေမျှ။ တွန့်တိုစွာ သိမ်းဆည်းထားသည်။ သို့ဖြင့် ရေသေတို့ သဘာဝအတိုင်း မှုံမှိုင်းအုံ့ဆိုင်းနေခြင်း ဖြစ်ပါသည်။

သင်ကိုယ်တိုင် ရွေးချယ်ရမည်ဆိုလျှင် မည်သို့သော ပင်လယ်ဖြစ်လိုပါသနည်း။
..........နှစ်လိုဖွယ်လော............မရဏလော...................။


" ဘရုစ်ဘာတန်" ရဲ့ အညတြ ( The Man Nobody knows ) စာအုပ်ထဲက ထုတ်နုတ်ထားတာပါ။ အပေးအယူမျှတသူနဲ့ အယူသာရှိပြီး မပေးချင်သူဆိုတဲ့ အကျင့်နှစ်ခုကို နှိုင်းယှဉ်ပြတာလို့ နားလည်ရပါတယ်။ " အတ္တ " ဟာ ချိုတယ်ဆိုတာတော့ လူတိုင်း အသိမို့ အကျယ်မချဲ့လိုတော့ပါဘူး။ ဒါပေမယ့် ချိုလွန်းရင်လည်း ခါးတတ်ပါတယ်။ "ပရ " ဟာ စပ်ပူစပ်လောင် ဖြစ်တတ်ပေမယ့် ခံစားတတ်ရင် အရသာရှိနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က နွမ်းပါးသူတွေကို ကိုယ့်ရှိတာလေးထဲက နည်းနည်းခွဲပေးကြည့်ပါလား။ ဒါမှမဟုတ် နည်းနည်းလောက် အလုပ်ရှုပ်ခံပြီး သူများကို ကူညီကြည့်ပါလား။ ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းပူပူ လွေးလိုက်ရသလို ခံတွင်းတွေ့နိုင်စရာ ရှိပါတယ်။ " နိုင်သလောက်ကူညီ " ချင်တဲ့ အကျင့်ကောင်းလေးတစ်ခုမို့ စမ်းသပ်ကြည့်စေချင်ပါတယ်။


နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်မှ ကူးပါသည်။

( ကျော်ဝင်း )


ပန်းနဲ့လင်းတဲ့ လမင်း

အကြည့်တစ်ချက် ထောက်လိုက်ရုံနဲ့
ရင်ခုန်သံတွေ ကျိုးပေါက်ခဲ့ရတာ
စိတ်ရှိလက်ရှိ ဟစ်ပြောလိုက်ချင်တယ်။

အနက်ရှိုင်းဆုံး သံစဉ်ဆိုတာ
မျက်လုံးတွေနဲ့ သီဆိုရတဲ့ ကဗျာတစ်မျိုးမို့
နားမထောင်လည်း တိုးတိုးလေး ကြားရတာပါပဲ။

နောက်ဆုံးမှာ..........
ဘယ်လောက်ရှုံးရှုံး
အဲ့ဒီ အပြုံးလေး တစ်ချက်လောက်အပွင့်မှာ
အာရုံတွေ စေစား လွှင့်လိုက်ချင်တယ်။

ရင်ခုန်သံအကြွင်းမဲ့
ငါဟာ မင်းကြောင့် လင်းခဲ့ရတဲ့ လမင်းပါ
ညခင်းတိုင်းမှာ သာချင်တယ်။


လရောင်ချို
ပန်းနဲ့လင်းတဲ့လမင်း
2003, March

This poem is my first poem at Myitkyinar

ဖြစ်စဉ်

ဘယ်သူမှ မရှိတဲ့ အခန်းမှာ
ဖုန်အထပ်ထပ် ရေးခြစ်ထားတဲ့ ခုံတန်းရှည်
ဖွေးဖွေးဖြူတဲ့ အမည်းရောင် သင်ပုန်း
တလိပ်လိပ် တက်တဲ့ ဒေါသတွေ
ဂရုမစိုက်တဲ့ မျက်ဝန်းတွေ
စေတနာထားမိတဲ့ ငါ့စိတ်တွေ
ယိုင်.............ယိုင်............သွားခဲ့ရတာ။

တသက်စာ ပြဋ္ဌုာန်းချက်တဲ့
ဒီလိုနဲ့ အဆုံးသတ်ရမှာ
ငါ့လိပ်ပြာ ငါရှက်တယ်။

ဂန္တ၀င်ဖြစ်ခွင့်မရတောင်
ခဏတာ အားဖြည့်ဖို့
ဘာတွေလိုနေကြတာလဲ ?

အဇူရီ

19-3-07(Monday)
4:35 pm


Can u tell me ur feeling?

အသွင်ပြောင်းပွဲတော်

- သန်းခေါင်ကျော် မဟူရာည
ဟိုတစ်စ ဒီတစ်စ အလင်းတစ်ချို့နဲ့
အလွှာစုံ ဆင်နွှဲတဲ့
" ကမ္ဘာ့ပွဲတော်ည "

- ဒီအချိန်ဆို
အားလုံး .............. ကခုန်ကြ
ရွှင်လန်းကြ
ငိုရှိုက်ကြနဲ့
လောကဓံ စုံလင်ပုံများ
မျက်တောင်ခတ်ဖို့တောင် မေ့နေကြ ....................။

- ပြီးတော့ ............... လက်ခုပ်သံတွေ
စကားစစ်ထိုးသံတွေအောက်မှာ
ငါတို့ရဲ့ ပွဲတော်ဟာ အသွင်ပြောင်းခဲ့ရ ။

- ငါ့အတွက်တော့
ဒီပွဲတော်မှာ ပါဝင်ဖို့
အရေခွံ ထူဖို့ပဲလိုတယ်............။

- ကဲ...........မင်းနဲ့ငါ
ရိုးသားစွာနဲ့
အတူ ဆင်နွှဲကြပါစို့ .............။

အဇုရီ

15-5-03(Thursday)
12:45 am


Monday, November 24, 2008

25-11-08

နိုဝင်ဘာ ၂၅ ရက်နေ့ဟာ သူငယ်ချင်းရဲ့ မြန်မာလို မွေးနေ့နော်။
အဝေးတစ်နေရာမှ သူငယ်ချင်းတစ်ယောက် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
မွေးနေ့လက်ဆောင်ကိုတော့ အင်္ဂလိပ်မွေးနေ့ရက်ရောက်မှပဲ မေးလ်နဲ့ ပို့တော့မယ်နော်။
အမှတ်တရအနေနဲ့ နင်နဲ့ငါ အကြေအလည် ဆွေးနွေးဖူးတဲ့ ကဗျာလေးကို တင်ထားပေးလိုက်တယ်။
ကဗျာခေါင်းစဉ်ကိုတော့ နင်ပေးချင်သလို တပ်လိုက်တယ်။

ဘ၀ထဲကအချစ်

ပီးခဲ့တာတွေ နောက်ကြောင်းပြန်
မဖြစ်သေးတာ ခန့်မှန်းကြ
ပစ္စုပန်မှာ ရင်ခုန်ကြတဲ့
............ငါတို့ရဲ့ စာမျက်နှာတွေ...........။

တစ်ချို့လည်း ရောင်းဈေးမြှင့်ကြ
တစ်ချို့လည်း အထူအပါးညှိကြ
သေချာတာက......... ငါတို့ရဲ့ ရင်ခုန်သံတွေ
................ထပ်တူကျဆဲပဲ............။

အဇူရီ

1-7-08(Monday)

Master CT














သူငယ်ချင်းတို့ရေ.....................

ဒီပုံလေးကို မှတ်မိကြသေးလား?

ကင်းကောင်....နင့်ကင်မရာနဲ့ ရိုက်ထားတာနော်။ ခုရော နင် ဓာတ်ပုံတွေ ရိုက်ဖြစ်သေးလား။ ဆုတွေရရင် ပြောဦးနော်။
အင်းသားတို့စုံတွဲ.....ခုရောအရင်လိုရန်ဖြစ်ကြတုန်းလားဟ။ မဖြစ်ကြပါနဲ့ဟာ။ ဟုတ်လား။ ငါက နင်တို့အနားမှာ မရှိတော့ အရင်လို ဒိုင်မလုပ်ပေးနိုင်ဘူးလေ။
ဟေမာန်ကျား.............ဘာတွေအလုပ်ရှုပ်နေလဲ။ မတွေ့တာကြာပြီနော်။ အစစ ok ပါစေဟာ။
အေးမြတ်ဖြူ....သူဘာတွေလုပ်နေတယ်ကြားသေးလဲ။ သိရင်ပြောကြပါဦး။
နွယ်ဆွိ..................exam အတွက် ပင်ပန်းနေပြီလား။ အောင်မှာပါဟ။ စိတ်ပူမနေနဲ့ ။ ကြားလား။ အေးဆေးလုပ်။
ဝင်းလတ်ရေ............နင်ကတော့ ခုထိ အွန်လိုင်းမ၀င်သေးဘူးနော်။
ကျော်ဆန်းဦးနဲ့ ဇော်ဝင်းမျိုး................သုငယ်ချင်းတို့ အိုကေကြတယ်မလား။

Saturday, November 22, 2008

စိတ်ဓာတ်ကျနေသူတွေ ဒါကိုဖတ်ပါ

လမ်းစရှာဆဲ
တရွေ့ရွေ့သွားနေတဲ့ခရီးပါ
အဲ့ဒီမှာ........
ပန်းမွေ့ယာလို မနူးညံ့ဘူး။
ကျောက်တုံးလိုလည်း မမာခဲ့ပါဘူး။
လဲကျရင်ပြန်ထ
မောရင်ခဏနား
ကူရာမဲ့ ငါတစ်ယောက်တည်း.........

ကာရန်မညီတဲ့ဘ၀တွေ
တော်တော်များများရှိမှာပါ
ငါ့ဖာသာအားတင်းရင်း
သံစဉ်တွေ ညှိလို့ပေါ့............

ဒီလိုနဲ့ ........
အိပ်မက်တွေ ပုံရိပ်ဖော်
ခရီးအဆုံးကို တောင့်တရင်း
ငါ.......ဆက်လက်လျှောက်နေဆဲ.....................။

အဇူရီ
30-6-08(monday)
3:00 pm

Wednesday, November 19, 2008

PHOTO
















၂၀၀၄ ခုနှစ်တုန်းက တောင်ကြီးတန်ဆောင်တိုင်ကို သူငယ်ချင်းတွေနဲ့ သွားတုန်းက အင်းလေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ။ ခု ဒီထဲက ပုံလေးထဲက သူငယ်ချင်းတွေဟာ ခုဆို တစ်ယောက်နဲ့ တစ်ယောက် လူချင်းဆုံတွေ့ ဖို့ ခက်ခဲသွားပါပြီ။


သူငယ်ချင်းတို့ ရေ..........

ငါတို့ ဒီတုန်းက ပျော်ခဲ့ကြတယ်ဆိုတာ ရင်ထဲမှာ
မှတ်တမ်းတင်ထားကြရအောင်နော်။

I am thirteenborn

ကျနော် blog လုပ်ချင်နေတာကြာပြီ။ အဓိက ကတော့ ကျနော့်သူငယ်ချင်းတွေကို သတိရတဲ့ အခါ သူတို့အကြောင်းလေးတွေ ကျနော် ချရေးမယ်။ သူတို့ တွေ ဒါကို ဖတ်ရတဲ့ အခါ ဟိုအရင် ပျော်ရွှင်ခဲ့တာတွေကိုပြန်ပြီး သတိရကြလိမ့်မယ်။ ကျနော့်သူငယ်ချင်းတွေက ကျနော်နဲ့ ဝေးရာမှာ ရောက်နေကြတာကလား။ဒီတော့ သူတို့ တွေ ကျနော့် blog မှာ ၀င်ဖတ်ရင်း ပျော်ရွှင်မှုရကြပါစေလို့ ရည်ရွယ်လိုက်ပါတယ်။

NOW, I am remembering my friends.