Sunday, December 27, 2009

Happy Newyear အတွက်ပါ

နှလုံးသားအလို

ကျမမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပြီလား…….ဘယ်သူကမှ ဒီလိုမပြောကြပေမယ့် ကျမသိနေတယ်။ အဖေရယ် အမေရယ် အစ်မရယ်…ကျမ မိသားစု တစ်ခုလုံးရဲ့ အကြည့်တွေ အပြောတွေက ကျမကို ရောဂါသည်တစ်ယောက်လို သဘောထားနေတာ ကျမ သိတာပေါ့။ ကျမဟာ သူတို့အတွက် သနားစရာ သတ္တ၀ါဖြစ်နေပြီလား………..။ ကျမ တကယ်ရူးတော့မှာလား……..။စိတ်ညစ်တယ်။ ပြောရရင် စိတ်ညစ်တာထက် အများကြီးပိုပါတယ်။ စိတ်ပျက်လှပြီ။ စိတ်ကုန်လှပြီ။ အိမ်နဲ့ ဝေးရာ လူတွေနဲ့ဝေးရာ တစ်နေရာရာကို ထွက်ပြေးချင်လိုက်တာ…….။
ကျမက ငယ်ငယ်ကတည်းက လှချင်တာ။ ၀ရင် အရုပ်ဆိုးမှာဆိုတာ သိနေတော့ ၀မှာလည်း သိပ်ကြောက်တာပဲ။ ဒါ့ကြောင့် အစားရှောင်တယ်။ လေ့ကျင့်ခန်းတွေ ဖိလုပ်တယ်။ ကြာတော့ ဘာမှ စားချင်သောက်ချင်စိတ် မရှိတော့ဘူး။ ခံတွင်းပျက်လာတယ်။ ညညဆိုရင်လည်း အိပ်မပျော်တော့ဘူး။ အိပ်ပျက်ညတွေ များလာတယ်။ မှန်ကြည့်လိုက်ပြန်တော့လည်း မှန်ထဲက " အရိုးပဒေသာမ " က ကျမကို ပြောပြနေတယ်။ ကျမ အသက်(၁၈)နှစ် အရပ်က ၅' ၈" ကိုယ်အလေးချိန်က ၉၅ ပေါင်ပဲ ရှိတယ်။ ကျောင်းက ကောင်လေးတွေပြောင်ခေါ်ကြသလို ကောင်မလေးတွေ မကြားနိုးနား အတင်းခုတ်သလို " အရိုးပဒေသာမ " ဆိုတာ ဟုတ်မှာပါပဲ………..။
ကျမမှာ အပေါင်းအသင်းဆိုတာလည်း မရှိပါဘူး။ ကျောင်းက ပျော်ပွဲရွှင်ပွဲတွေနဲ့လည်း ဝေးဝေးပဲ နေပါတယ်။ သူတို့က သူတို့ ကျမက ကျမ… ဘာဆိုဘာမှ မတူကြဘူးဆိုတာ စိတ်ထဲက အလိုလို သိနေတယ်။ သူတို့ရဲ့ သရော်စော်ကားအကြည့်တွေ၊ အပြောတွေ၊ အပြုံးတွေကို ကျမ မုန်းလှပြီ။ ဒီလိုနဲ့ ဘယ်သူနဲ့မှ ဘာစကားမှ မပြောချင်တော့ဘူး။ ခက်တာက ကျမအစ်မ။ တစ်ခန်းတည်းမှာ နေရတာဆိုတော့ ဘယ်လိုမှ ရှောင်မရဘူး။ အစ်မက ကျမကို အချိန်ပြည့်အကဲခတ်နေတာ။ ဟိုဟာလေးစားလိုက်ဦး။ ဒီဟာလေး စားလိုက်ဦးလို့လည်း စားစရာတစ်ခုခုကို ခဏခဏ ကျွေးတတ်တယ်။ ကျမမှ မစားချင်တာ။ ဘာတတ်နိုင်မှာလဲ။ အပြင်ကို အလည်ထွက်ဖို့လည်း ခဏခဏခေါ်ပါတယ်။ ကျမမှ မလည်ချင်တာ။ ဘာတတ်နိုင်မှာလဲ။ သူဖြစ်ချင်တာ မဖြစ်ရတော့ သူကပဲ ဒေါသထွက်ချင်သေးတယ်။ ကျမကို ဆူုတယ်။ ချက်ချင်းပဲ မျက်နှာပြင်ပြီး ညီမလေးရယ် ဘာရယ်ညာရယ် ဆိုပြီး ချော့ပြန်တယ်။ ပြီးတော့ မာရသွန်မိန့်ခွန်းရှည်ကြီး ခြွေပါလေရော………………..။ ပျင်းလိုက်တာ။
တစ်နေ့တော့ အဖေက ကျမကို အ၀တ်ဗီရိုလေးတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို အ၀တ်ဗီရိုတစ်လုံး ၀ယ်ပေးပါတယ်။ သိတာပေါ့။ ကျမကို ချော့နေတာ။ ဗီရိုအသစ်ထဲကို အ၀တ်အစားတွေ ထည့်ပြီးပြီဆိုတာနဲ့ အမေက ထမင်းစားဖို့ လာခေါ်တယ်။ မဆာသေးဘူး အမေ လို့ ပြောပေမယ့် မရဘူး အခုစား တဲ့။ နောက်တော့ အဖေရော အမေရောက သူတို့ရှေ့မှာ တစ်ခုခု စားပြရမယ်လို့ လုပ်လာရော။ ကျမ စိတ်ပျက်လက်ပျက်နဲ့ အော်ရယ်ပစ်လိုက်တယ်။ ဘာပြောကောင်းမလဲ။ တစ်အိမ်သားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ ကျမကို ဇွတ်ဖမ်းပြီး ဆေးခန်းတစ်ခုကို ခေါ်သွားကြတယ်။ စိတ်ကုဆရာဝန်ဆိုလား မသိပါဘူး။ လေတော့ အတော်ပန်းနိုင်တဲ့သူပါ။ တစ်နာရီနီးပါးလောက် သူကပဲ မရပ်မနား စကားတွေပြောတော့တယ်။ ပြောရင်းက ဟုတ်လား ဟုတ်လား လို့လည်း ခဏခဏ မေးသေးတယ်။ ကျမလည်း စိတ်ချဉ်ချဉ်ရှိတာနဲ့ ဟုတ်ဘူး ဟုတ်ဘူး လို့ အော်ပစ်လိုက်တာပေါ့။
ဒီလိုနဲ့ အိမ်မှာနေရတာ စိတ်အဆင်းရဲဆုံးအချိန်မှာ ကျမကောလိပ်တက်ရပါတယ်။ တစ်ခြားမြို့ ကိုသွားတက်ရတာဆိုတော့ အိမ်နဲ့ ဝေးပြီပေါ့။ ပျော်လိုက်တာ။ တစ်ခုပဲ စိတ်ထဲက ထင့်နေတာ ရှိတယ်။ ကျမတို့ အဆောင်က လေးယောက်ခန်းဆိုတော့ တစ်ခြားကျောင်းသူသုံးယောက်နဲ့ အတူနေရမှာ။ သူတို့နဲ့ အဆင်ပြေမှ ပြေပါ့မလား…….။ တကယ်တမ်းအတူနေရတော့လည်း စိုးရိမ်သလိုဖြစ်မယ် မထင်တော့ပါဘူး။ ကျမ အခန်းဖော်တွေနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဟိုခပ်၀၀တစ်ယောက်က ဂျူလီယာ တဲ့။ သူ့ကြည့်လိုက်ရင် အမြဲတမ်း တစ်ခုခုစားနေတာ တွေ့ပါလိမ့်မယ်။ ခပ်ပိန်ပိန် အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ပန် တဲ့။ လူပိန်သလောက် အရယ်သန်တဲ့ မိန်းမပေါ့။ အလှဆုံးတစ်ယောက်ကတော့ ဒိုင်ယာနာ တဲ့။ အမြဲတမ်းလို သီချင်းတအေးအေးနဲ့ နေတတ်တယ်။ အရုပ်ဆိုး အကျည်းတန်ဆုံးကတော့ ပြောဖို့မလိုပါဘူးနော်။ ကျမပေါ့…………။
ကျမတို့လေးယောက် ကျောင်းအတူတူ တက်ကြတယ်။ အတူလျှောက်လည်ကြတယ်။ အတူစားသောက်ကြတယ်။ အတူစာကျက်ကြတယ်။ ညတိုင်းလိုလို ရောက်တတ်ရာရာ လေပန်းကြတယ်။ သူငယ်ချင်းသုံးယောက်လုံးက ကျမကို လူထူးလူဆန်းလို မဆက်ဆံဘူး။ သြဇာမာလကာတွေ မပေးကြသလို ဘာမှလည်း တယုတယ လုပ်မနေကြပါဘူး။ ကျမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တသီးတခြားလို့ မမြင်လှတော့ဘူး။ သူတို့နဲ့ အတူတူလို့ တဖြည်းဖြည်း ထင်လာတယ်။ ကျမတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ရင်ဖွင့်ကြတယ်။ ကျမပြဿနာတွေကို ပြောပြတော့ ပန် က တဟားဟားရယ်တယ်။ ဂျူလီယာ ကတော့ ခုလို မှတ်ချက်ချတယ်။ နင်ကလည်းဟာ စားတာများ ခက်တာမှတ်လို့ ဒီမှာကြည့် ငါစားပြမယ်လ ပြောရင်းက ဟန်ဘာဂါကို ပလုတ်ပလောင်း စားပြတော့ ကျမဖြင့် ရယ်လိုက်ရတာ။ စိတ်ညစ်ခဲ့ဖူးတာကိုတောင် မေ့သွားပါရော…….။ ဒိုင်ယာနာ ကတော့ ဘာမှ မပြောဘူး။ သူ့ထုံးစံအတိုင်း သီချင်းတစ်ပုဒ်ကို ကောက်ညည်းလိုက်တယ်။ အမိန့်တွေ ပေးတာ မကျေနပ်ဘူး။ ရင်ထဲမှာရှိတာ အမှန်တရား ….ဟား …..ဟား ……..ဟေ့……..။
ကျမတို့သုံးယောက်လုံုးဒိုင်ယာနာ သီချင်းကို သံပြိုင်ဟစ်လိုက်ကြပါတယ်။

ဆူဆန် လို့ခေါ်တဲ့ ကလေးမလေးရဲ့ ကိုယ်တွေ့ဖြစ်ပါတယ်။ ကောလိပ်ရောက်လို့ နှစ်ဝက်မကျိုးခင်ပဲ ဒီကလေးမရဲ့ စိတ်အခြေအနေဟာ ပုံမှန်ဖြစ်သွားပါတယ်။ သူ့ကို ကုလိုက်တာ ဘယ်ဆရာဝန်မှ မဟုတ်ပါဘူး။ သူ့သူငယ်ချင်းလေးသုံးယောက်ပါ သူတို့သုံးလိုက်တဲ့ ကုသနည်းမှာ ဘာဆေးဝါးမှ မပါဘူး။ ဘာညွှန်ကြားချက် ဘာမိန့်ခွန်းမှ မခြွှေဘူး။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး လိုအပ်ချက်ကို ဖြည့်စွမ်းပေးလိုက်တာသာ ဖြစ်ပါတယ်။ အဲဒါကတော့ နားလည်မှု ပါ။ လူမှုဆက်ဆံရေးမှာ နားလည်မှုကိုသာ ဖန်တီးနိုင်ရင် တစ်ဝက်မက အောင်မြင်ပြီလို့ ဆိုနိုင်လောက်ပါတယ်။

Source: : နှစ်ဆယ့်တစ်ရာစု သားရွှေဥ( ကျော်ဝင်း )

Sunday, December 13, 2009

Friendship

လက်

ဟုတ်တယ် သူငယ်ချင်း

လက်တစ်ဖက်ကို ထောင်ကြည့်.။

င့ါဘက်က လက်ဖမိုးဆိုရင်

မင်းဘက်က လက်ဖ၀ါးပေါ့.။

ဒါက ကလေးကလားပါ

ငါပြောတာက

လက်တစ်ဖက်ကို ဘေးတိုက်ကြည့်

အင်း ……..မင်းမြင်လား …….။

ငါ့ဘက်က လက်မက စရင်

မင်းဘက်က လက်သန်းက စမယ်..

ဒါဟာလည်း အမှန်တရားပဲ..။

လူတွေက.

မှောက်ချည် လှန်ချည် လုပ်ဖို့သာ

သူတို့ စဉ်းစားနေကြတာ……

လက်ဆိုတာ.

ခုတ်လို့ ထိုးလို့လည်း ရသေးတယ်

ဘ၀ဆိုတာ အပိုင်းအစ တစ်ခု

နှိုင်းပြညှိဖို့ ဆိုတာ

တော်တော်တော့ ခက်တယ်..။

အမရာဒေ၀ီလက်ဝါးထောင်ပြတာ

မင်းကလည်း တစ်မျိုးတွေးချင် တွေးမှာပေါ့…။

ငါကလည်း တစ်မျိုးတွေးမိတယ်လေ

ဒါကြောင့် ………ငါတို့ …….

အမရာနဲ့ ဝေးလိုက်ရတာ ဖြစ်မယ်.။

ဟော……….မဟော်သဓာကတော့

ဒီလက်ဖ၀ါးကို ကောင်းကောင်း အသုံးချသွားတယ်..။

ကဲပါ……….သူငယ်ချင်း ..

မင်းနဲ့ငါ ဘယ်လောက်ဝေးဝေး ..

ရော့ကွာ ……ငါ့လက်တစ်ဖက် ……..

လာကွာ ……..မင်းလက်တစ်ဖက်ကမ်း ..

သူငယ်ချင်းရေ.ရှိတ်ကမ်း (shaking) .။

ဒယ

Source: myanmarcupid.net


သူငယ်ချင်း ဇင်ယော်အတွက် တင်ပေးလိုက်ပါတယ်...

Saturday, September 12, 2009

12-9-09

ကိုယ်ချင်းစာတရား

လူတွေဟာ ကိုယ်တွေ့ကြုံလာမှ သူများကို ကိုယ်ချင်းစာတတ်ကြတာပါ။ တစ်ချို့ဆိုရင် သူများကို ကိုယ်ချင်းစာဖို့တောင် သတိမရကြပါဘူး။ ကိုယ်လုပ်ချင်တာကို ဘေးပတ်ဝန်းကျင် ဂရုမစိုက်ဘဲ လုပ်မိတတ်ကြပါတယ်။ သူတို့တွေရဲ့ ဘ၀မှာ အောင်မြင်မှုရဖို့ ကိုယ်သာလျှင် အထူးချွန်ဆုံးဖြစ်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒီလိုလူမျိုးတွေဟာ အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဓာတ်ခွန်အား ချို့တဲ့နေတတ်ပါတယ်။ ကိုယ်က သူများကို ချ ပစ်လိုက်လို့ တစ်ဘက်သားတော့ ဘယ်လိုခံသွားရရှာတယ်လို့ မတွေးမိတတ်ကြပါဘူး။ မိမိကိုယ်တိုင် အချခံ ရသူဖြစ်လာမှ ချတဲ့သူ ကို ဒေါသထွက်တတ်ပါတယ်။ တကယ်တော့ ကိုယ်က သူများကို မချခင် အချခံရသူ နေရာမှာ ငါသာဆိုရင် ဆိုပြီး အရင်ဆုံး ခံစားကြည့်စေချင်ပါတယ်။

လူကြီးတွေဟာ ကလေးဘ၀၇ဲ့ အရိပ်

အထက်ပါ စာသားလေးဟာ စာရေးဆရာမ မစန္ဒာ ရဲ့ အရိပ် ၀တ္ထုထဲက စာသားလေးတွေပါ။ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီဝတ္ထုကို ဒါရိုက်တာမီးပွားက ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ပါတယ်။ အဓိကဇာတ်ကောင် စုစုလှိုင် အဖြစ် သရုပ်ဆောင်တဲ့ ပန်းဖြူ လည်း အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ မစန္ဒာ ရေးသားခဲ့သလိုပါပဲ ဒီနေ့လူကြီးတွေဟာ တချိန်က ကလေးဘ၀ကို ဖြတ်သန်းခဲ့ရဖူးသူချည်းပါ။ အဲ့ဒီကလေးတွေဟာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ထိတွေ့မှု၊ မိသားစုရဲ့ နွေးထွေးမှု၊ ပင်ကိုယ်ဗီဇတွေနဲ့ ကြီးပြင်းလာကြပါတယ်။ ကလေးဘ၀က အရိပ်တွေဟာ လူကြီးဘ၀အထိ အရိပ်မိုးလာခဲ့ပါတယ်။ အထူးသဖြင့် မိသားစု တစ်ခုရဲ့ သာယာချမ်းမြေ့မှုကို ရယူနိုင်ခဲ့သူ ကလေးတွေဟာ ကြီးပြင်း ကြီးပြင်းလာတဲ့အခါ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တတ်ပါတယ်။ မိဘတွေ၇ဲ့ ဂရုတစိုက် ချစ်ခင်မှုကို ခံယူရရှိခဲ့တဲ့ ကလေးငယ်တွေမှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေတတ်ပါတယ်။ အိမ်ထောင်ကျိုးမိသားစုမှာ ကြီးပြင်းခဲ့တဲ့ ကလေးနဲ့ မိဘစုံစုံလင်လင် ကြီးပြင်းခဲ့တဲ့ကလေးဟာ စိတ်ဓာတ်ချင်း ကွာခြားတတ်ပါတယ်။ အိမ်ထောင်ကျိုးမိဘက မွေးဖွားခဲ့တဲ့ ကလေးတွေဟာ မေတ္တာကို တောင့်တတတ်ကြပါတယ်။ သူတို့လိုချင်တဲ့ မေတ္တာကို မရရှိတဲ့အခါ အရွဲ့တိုက်ပြီး လောကကို ရင်ဆိုင်လာကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့လေးတွေဟာ လူ့ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ပျက်ပြားသူလေးတွေ ဖြစ်လာကြတော့တာပါပဲ။ သာယာချမ်းမြေ့တဲ့ မိသားစုဘ၀ထဲက ကလေးတွေမှာတော့ မိဘမောင်နှမတွေ၇ဲ့ နွေးထွေးတဲ့ မေတ္တာကို အပြည့်အ၀ ရရှိခဲ့ပါတယ်။ သူတို့တွေမှာ မိမိကိုယ်မိမိ ယုံကြည်ခြင်း၊ သူတစ်ပါးအား စာနာသနားစိတ်ရှိခြင်း၊ ရဲဘော်၇ဲဘက်စိတ်ရှိခြင်း၊ မေတ္တာတရားလက်ကိုင်ထားနိုင်ခြင်း စသည်တို့ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ တွေကို ပေးနိုင်တဲ့၊ အရိပ်အာဝါသကောင်းတဲ့၊ အချစ်သစ်ပင်လေး ရှင်သန်နေစေဖို့ မိမိကိုယ်တိုင် အချစ်ခံဖူးပါစေ၊ ချစ်တတ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီစာသားလေးကို တစ်ခါလောက် အသံထွက်ပြီး ရွတ်ဆိုကြည့်လိုက်ပါ။


အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ဘူး တဲ့။

Sunday, August 23, 2009

Happy Birthday To xinyaw

Number 4 people

မည်သည့်လတွင်မဆို 4, 13, 22, 31 ရက်နေ့များတွင် မွေးသောသူများကို လေးဂဏန်းသမားများလို့ သတ်မှတ်ပါတယ်။

သူတို့တွေဟာ အရာရာကို သူများတွေနဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်မြင်လေ့ရှိပါတယ်။ သူများနဲ့ မတူတဲ့အတွေးတွေကြောင့် အတိုက်အခံ ဖြစ်လေ့ရှိပါတယ်။ လျှို့ ၀ှက်တဲ့ ရန်သူတွေလည်း ပေါများတတ်ပါတယ်။ လေးဂဏန်းသမားတွေဟာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချူပ်ခြယ်မှုကို မနှစ်သက်ကြပါဘူး။ အမြဲလိုလို တော်လှန်ပုန်ကန်လိုစိတ် ရှိကြပါတယ်။ အတွေးအခေါ်အဟောင်းတွေကို ဆန့်ကျင်ပြီး အယူအဆအသစ်တွေကို တီထွင်တတ်ပါတယ်။ သူတို့တွေဟာ မိတ်ဆွေသူငယ်ချင်းကို အလွယ်တကူ မဖွဲ့တတ်ပေမယ့် ရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာတော့ အလွန်သစ္စာရှိတဲ့ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံတတ်ပါတယ်။

သူတို့ရဲ့ စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေကို သူတို့ရဲ့ ဂ ဏန်းဖြစ်တဲ့ ၄ ၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့တွေမှာ လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ဇွန် ၂၁ မှ ဇူလိုင် ၂၀ကြား၊ ဇူလိုင် ၂၂ မှ သြဂုတ်လကုန်အထိ ရက်ပိုင်းမှာ ၄ ကျတဲ့ နေ့တွေမှာဆိုရင် ပိုပြီး ထိရောက်ပါတယ်။ သူတို့အတွက် lucky အရှိဆုံး ရက်တွေကတော့ ၄၊ ၁၃၊ ၂၂၊ ၃၁ ဂဏန်းတွေကျရောက်တဲ့ စနေ၊ တနင်္ဂနွေ နဲ့ တနင်္လာ တွေ ဖြစ်ပါတယ်။ အပြာရောင် ၊ မီးခိုးရောင်နဲ့ အရောင်မှိုင်းတွေကတော့ အသင့်တော်ဆုံး အရောင်တွေလို့ ဆိုကြပါတယ်။ ၀တ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ sapphire နီလာ ဖြစ်ပါတယ်။

Source: numbers4_people.php.htm

Saturday, June 13, 2009

my feeling

၁၃ .......၁၃.....

တော်တော်လေးကို အမှတ်တရ ရှိလှပါလား။

ဒီနေ့ နည်းနည်းလေး အချိန်၇တာရယ်..ကွန်နက်ရှင်လေး အဆင်ပြေနေတာရယ်ကြောင့် နက်ပေါ် လာခဲ့ပါရဲ့။
ကျနော့်အတွက် စိတ်ထိခိုက်စရာ တစ်ခု သိလိုက်ရတယ်။ ကျနော်တို့တွေ အသက်ရှင်တုန်း တွေ့ဆုံခိုက်မှာ ခင်ကြမင်ကြတယ်။ မမြင်ဖူးဘဲ ခင်မင်နေကြသလို အပြင်မှာ တကယ်တွေ့ပြီး ဆက်လက်ခင်မင်နေကြသူတွေလည်း ရှိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောကြပေါ့ဗျာ။။ ခုတော့..................။
ထားပါတော့လေ။ ကျနော်လည်း ရင်ထဲ မကောင်းလွန်းလို့ လာညီးမိတာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က 13 ရက်နေ့နော်။
ကျနော့်အတွက် ထူးခြားတဲ့ အဖြစ်အပျက်တွေ ပေးလေ့ရှိတဲ့ နေ့ရက်လေးပါ။
ဒီနေ့တော့ အ၇မ်းကိုထူးခြား လွန်းလို့ ရင်ထဲ မှာ နာကျင်နေကြောင်း ...............။


ချစ်သူကို မျှော်လင့်စောင့်စားနေကြသူများအတွက် ကဗျာလေးတစ်ပုဒ်ကို ဆက်လက်တင်ပေးလိုက်ပါတယ်။

မနက်ဖြန်

မနက်ဖြန် ပြန်လာမယ်ဆိုပြီး

သူ ကိုယ့်ကို ထားခဲ့တယ်

ကိုယ်လေ

အိမ်ကြမ်းပြင်တစ်ခုလုံး ပြည့်သွားအောင်

' မနက်ဖြန် ' ဆိုတဲ့ စာလုံးတွေ

ရေးမိတယ်။

မိုးသောက်တဲ့အခါ

သူငယ်ချင်းတွေလာတယ်

' ဆိုစမ်းပါဦး သူငယ်ချင်းရယ်

မင်းရဲ့ မနက်ဖြန်ဆိုတာက

ဘယ်တော့လဲ............' တဲ့ကွယ်

သြော်...........မနက်ဖြန်။ မနက်ဖြန်၊ မနက်ဖြန်ရယ်

ကိုယ့်မျှော်လင့်ချက်တွေ

စွန့်လွှတ်လိုက်ရပါပြီ

ချစ်သူ

ဘယ်သောအခါမှ ပြန်မလာတယ်။

သက္ကတကဗျာဆရာ ၀ိဒယပတိ

( ၁၃၅၂-၁၄၄၈ )

ဝိဒယပတိ၏ အချစ်ကဗျာလေးများမှာ နူးညံ့လှပသောကြောင့် အိန္ဒိယနိုင်ငံတွင် အလွန်ထင်ရှား၏။ ယခုတိုင် ဟိန္ဒီမင်္ဂလာဆောင်များတွင် သီချင်းအဖြစ် မြတ်မြတ်နိုးနိုး သီဆိုနေကြဆဲ ဖြစ်သည်။ ယင်းကဗျာလေးများမှာ အိန္ဒိယစာဆိုများ ရေးဖွဲ့ လေ့ရှိသည့် ကရိသျှဏနှင့် ရာဒတို့၏ အချစ်ကိုပင် ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။ ၀ိဒယပတိ၏ ထူးခြားချက်မှာ အချစ်ကဗျာများကို မိန်းကလေးများဘက်မှ ခံစား၍ ရေးဖွဲ့ လေ့ရှိခြင်းပင် ဖြစ်သည်။ စာဆိုသည် မိန်းကလေးတို့၏ စိတ်နှလုံးနှင့် အမူအရာကို ချစ်ခင်လေးစားသူ ဖြစ်လေသည်။ အထက်ပါကဗျာတွင် ခရီးထွက်သွားသော ချစ်သူပြန်အလာကို စောင့်မျှော်နေသော မိန်းကလေးတစ်ယောက်၏ ခံစားမှုကို ဖွဲ့ ဆိုထားသည်။

ဂန္တ၀င်အချစ်ကဗျာ ၁၀၀

ဘာသာပြန်---မောင်ဇေ

13-6-09

မ၀င်တာကြာနေတဲ့ ဘလော့ဂ်လေးထဲကို ပြန်ဝင်မိခဲ့တယ်။ ခုတလော စိတ်တွေရှုပ်နေတာနဲ့ စာအုပ်တွေလှိမ့်ဖတ်နေမိတယ်။ ကဗျာလေးတွေ ပြန်ဖတ်ရင်း ဘလော့ဂ်မှာ တင်မိလိုက်တယ်။ တဆက်တည်း စာအုပ်လေး ပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်နေမိတယ်။

ရူဘိုင်ယတ်မှ

ဟောဒီသစ်ပင်အောက်မှာ

ပေါင်မုန့်တစ်လုံး

ဝိုင် တစ်ပုလင်း

ကဗျာတစ်အုပ်

ပြီးတော့ အရိုင်းတေးကို ဆိုနေတဲ့

မင်းရယ်

ကန္တာရ ဆိုတာ

နိဗာန်ဘုံပါပဲ

ကိုယ့်အတွက် ပြီးပြည့်စုံနေတယ်။

အိုမာခေယမ်

ရူဘိုင်ယတ် သည် အလွန်ထင်ရှားသော ပါသျှန်းကဗျာစု ဖြစ်သည်။ ရူဘိုင်ယတ်ဟု ခေါ်သော ကဗျာအဖွဲ့ ပုံစံကို အစွဲပြု၍ ဤအမည်ပေးထားခြင်း ဖြစ်သည်။ သေရည်အားဖြင့် ဘ၀၏ သုခချမ်းသာကို ရယူနိုင်သည်။ မနက်ဖြန်ဟူသည် မရှိ။ ယခု လက်ရှိအချိန်တွင် ပျော်ရွှင်စွာ နေထိုင်ခြင်းသည် ဘ၀၏ တန်ဖိုးသာ ဖြစ်သည်ဟု စာဆို အိုမာခေယမ် ယုံကြည်သည်။

ဂန္တ၀င်အချစ်ကဗျာ ၁၀၀

ဘာသာပြန်---မောင်ဇေ

Friday, May 1, 2009

ပါရမီဖြည့်ဖက်

တစ်ခါတုန်းက စာရေးဆရာလောင်းလျာ တစ်ယောက်မှာ ထူးခြားသော ဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။

သူမနာမည်က ဆိုဖီယာ ဖြစ်သည်။

သူမ၏ခင်ပွန်း နသန်နီယယ်သည် အကောက်ခွန်ရုံး အမှုထမ်းတစ်ဦးဖြစ်၍ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက် ပြန်ရောက်လာသည်။ သူ အလုပ်ပြုတ်လာခဲ့ပြီဖြစ်ကြောင်း စိတ်ပျက်လက်ပျက်ပြောသည့်အခါ ဇနီးသည်က ၀မ်းသာအားရ ထအော်သည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူ ငေးမောနေစဉ် ဇနီးသည်က

ဟန်ကျပြီ။ ရှင်ရေးချင်နေတဲ့ ၀တ္ထု အခုမှ ရေးရတော့မယ် ဟု ဆိုသည်။

အေးကွာ၊ အားသွားတာတော့ မှန်တယ်၊ ဒါပေမယ့် စာထိုင်ရေးနေတော့ ဘာနဲ့ သွားစားမလဲ ယောင်္ကျားက စိတ်ဓာတ်ကျလျက်ပင် ပြန်ပြောသည်။

ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူတစ်ထပ်ကို ယူ၍ ထောင်ပြလိုက်သည့်အခါ နသန်နီယယ် အံ့အားသင့်သွားသည်။

မင်းဘယ်က ရသလဲ သူ တအံ့တသြ မေးသည်။

ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာ ယုံကြည်ထားပြီးသား။ တစ်နေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္ထုကြီးတစ်ပုဒ် ရှင်ရေးဖြစ်မယ်ဆိုတာ ကျွန်မသိနေတယ်။ အဲဒါကြောင့်မို့လို့ ရှင်အပတ်စဉ်ပေးတဲ့ငွေထဲက နည်းနည်းစီ ကျွန်မဖဲ့ဖဲ့ပြီး စုထားတာ၊ ဒီပိုက်ဆံနဲ့ ကျွန်မတို့ တစ်နှစ်လုံးစားလို့လောက်တယ်၊ ရှင်ရေးပေတော့ ဟု ဆိုဖီယာက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

မိမိအပေါ် အားထားယုံကြည်လှသည့် ဇနီးသည်ထံမှ ထက်သန်တက်ကြွစိတ်တွေ ကူးစက်ကာ နသန်နီယယ်သည် အမေရိကန်စာပေသမိုင်းတွင် အထင်ရှားဆုံး လက်ရာတစ်ခုဖြစ်လာမည့် ကြက်သွေးရောင်စာလုံး ( The Scarlet Letter ) ၀တ္ထုကြီးကို ရေးသားဖြစ်ခဲ့ပြီး နသန်နီယယ်ဟော်သွန်း

( Nathaniel Hawthorne) ဟူသော သူ၏ အမည်ကိုလည်း ကမ္ဘာက သိစေခဲ့ပေသည်။

(မူရင်း။ ။ Nido Qubein ၏ Encouragement)

ဖေမြင့်

နှလုံးသားအာဟာရ ရသစာများ ( ၂ )

1-5-09(friday)

မြန်မာ ဟူသော စကား၏ အဓိပ္ပါယ်

မြန် ဟူသည်မှာ စစ်ချီ စစ်တက်ခြင်းမှ စ၍ ခက်ခဲသော အရေးအကြောင်းနှင့် ကြုံကြိုက်သည့်အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇ၀နဥာဏ်၊ တင်္ခနုပတ္တိဥာဏ်တို့ဖြင့် လျင်မြန်စွာ ကြံစည်တတ်သော သတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း။

မာ ဟူသည် မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း ပေါက်မြောက်အောင် မလျှော့သော လုံ့လ၀ီရိယဖြင့် ဇာတိသွေး ဇာတိမာန် ခက်ထန် တင်းမာသော စိတ်ရင်း သတ္တိနှင့် ပြည့်စုံခြင်း။

Saturday, March 14, 2009

ဗဟုသုတဖတ်စရာ

စာကြည့်နေစဉ် (သို့) အလုပ်လုပ်နေစဉ်တွင် မျက်လုံးကို ခေတ္တပိတ်ထားကာ အနားပေးသော အလေ့အကျင့်သည် မျက်စိကျန်းမာရေးကို အထောက်အကူပြုစေကြောင်း ဗြိတိသျှသုတေသန ပညာရှင်များက ပြောကြားလိုက်သည်။
အလုပ်လုပ်နေစဉ်အချိန်တွင် မျက်စိကိုမှိတ်ကာ ငါးမိနစ်ခန့် အနားပေးသည့် အလေ့အကျင့်ကို တစ်နေ့လျှင် ခြောက်ကြိမ်ခန့် ပြုလုပ်ပေးပါက မျက်စိကျန်းမာရေးကို ကောင်းမွန်စေကြောင်း အမြင်ဓာတ်အမြဲတမ်း ကြည်လင်ပြတ်သားစေနိုင်ကြောင်း သိရသည်။
ထိုသို့ နေ့စဉ် ပြုလုပ်ပေးပါက အသက်(၄၀)ကျော်သည့်တိုင် မျက်စိ အမြင်ဝေေ၀ါးခြင်း၊ အမြင်ချို့ယွင်းခြင်းနှင့် မျက်ကြောနာကျင်ခြင်း ဝေဒနာတို့ မဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။
နေ့စဉ်မျက်စိလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သူများ မျက်စိအမြင် မှုန်ဝါးမှုနှင့် အခြားမျက်စိဝေဒနာများ မဖြစ်နိုင်ကြောင်း ဖြစ်ပွားမှု အခွင့်အလမ်း နည်းပါးကြောင်း သိရပါသည်။

ကိုးကားချက်။ ။ မြန်မာ့အလင်းသတင်းစာ (1-2-2009)
နှလုံးသားမြို့တော် (၃)

ခု ရေဒီယိုက လာနေတဲ့ သီချင်းက ချစ်သူလမ်း တဲ့။ ဟန်ထွန်းနဲ့ Rဇာနည် ဆိုထားတာလေးလေ။ သီချင်းက ဘာကို ခံစားပြီး ဖွဲ့ဆိုထားသလဲဆိုတာတော့ ကျနော် မသိဘူး။ ကျနော် စာရေးမယ်လို့ စဉ်းစားပြီး စာအုပ်နဲ့ ဘောပင် ချထားတုန်း ကြားလိုက်ရတဲ့ အသံက ချစ်သူလမ်း တဲ့လေ။ ကျနော့်အတွေးအိမ်ထဲမှာ မနောမြေ မြစ်ကြီးနားက ချစ်သူလမ်း လေးကို ရောက်သွားမိတယ်။ ဧရာဝတီ မြစ်ကမ်းဘေးက နေရာလေး …..ဗလမင်းထင်တံတားကြီးကို ငေးမောခွင့်ရတဲ့ နေရာလေး ……ဆိုင်တန်းလေးတွေမှာ ထိုင်ရင်း မြစ်ရေစီးတာကို ငေးမောခွင့် ရတဲ့ နေရာလေး ……ဟူး………..လွမ်းတယ် ချစ်သူလမ်း ရေ။
ချစ်သူလမ်းကို ကျနော် နောက်ဆုံး ရောက်ခဲ့တာက ဇန်န၀ါရီလ (၁၈)ရက်နေ့။ ကျနော် မြစ်ကြီးနားက မခွာခင် ချစ်သူလမ်းဘက်ကို ဓာတ်ပုံရိုက်ယူခဲ့ချင်တာနဲ့ ကျနော့်ညီမလေးနဲ့ ကျနော် စက်ဘီးတစ်စီးနဲ့ နေပူတာကို မမှုဘဲ ရောက်သွားခဲ့တယ်။ နေ့ခင်းဘက်ဆိုတော့ လူသိပ်မရှိဘူး။ ကျနော် ရောက်ဖူးတာကလည်း အများအားဖြင့် ညနေခင်းတွေဆိုတော့ နေ့ခင်းဘက်ကို သိပ်မရောက်ဖူးဘူး။ ဆုတောင်းပြည့်နားက KISS ME ဆိုင်ကနေစပြီး ချစ်သူ့ရင်ခွင် ကာရာအိုကေဆိုင်ထိ ဆိုင်တန်းနဲ့ လမ်းတွေကို အမှတ်တရ ဓာတ်ပုံရိုက်ယူနေရင်း ကျနော် လှိုက်ခနဲ ၀မ်းနည်းသွားခဲ့တယ်။ သစ်ပင်ပေါ်က သစ်ရွက်တွေ လေအဝှေ့မှာ ကြွေဆင်းနေတာကို ကြည့်ရင်း နောက်ဆို မြင်ရဖို့ သိပ်မသေချာတော့တဲ့ မြစ်ပြင် ကျယ်ရယ်.. သောင်ပြင် ဖွေးဖွေးတွေရယ်..သစ်ရွက်ခြောက်တွေရယ်….ကျနော့် နှလုံးသားထဲမှာ ဓာတ်ပုံရိုက်ယူလာခဲ့မိတယ်။
ချစ်သူလမ်း ဆိုတာ ဘာကို ကိုယ်စားပြုပြီး ခေါ်ဝေါ်ကြတာလဲဆိုတာ ကျနော်မသိဘူး။ ချစ်သူလမ်း ဆိုတဲ့ ဆိုင်နာမည်ရှိတဲ့ လမ်းမို့လား……..? ဒါမှမဟုတ် နဂိုတည်းက ချစ်သူလမ်း လို့ ခေါ်နေကြလို့ ချစ်သူလမ်း ဆိုတဲ့ ဆိုင်လေး ပေါ်ပေါက်လာတာလား……….? ဘာပဲဖြစ်ဖြစ်..ကျနော် စားခဲ့ဖူးတဲ့ လက်ဖက်ထမင်းနဲ့ ဆတ်သားခြောက်၊ ပဲကြမ်းသုပ်၊ ကြာဇံဟင်း၊ ကော်ပြန့်ကြော်၊ ထမင်းသုပ်၊ ကျောက်ပွင့်သုပ်၊ သြော်………..အတူသွားခဲ့ဖူးတဲ့ ညီမလေးတွေ လုပ်ဖော်ကိုင်ဖက်တွေ အစ်မတွေ………သတိရမိသေးတယ်။

31-1-09(SATURDAY)
9:35 PM

Thursday, February 12, 2009

for 13born

မနက်ဖြန်ဆိုရင် ကျနော့်မွေးနေ့ပါ။ ဗိုလ်ချူပ်နဲ့ မွေးရက်တူပါတာကို ကျနော်ဂုဏ်ယူမဆုံးပါဘူး။
ဒါကြောင့် အမှတ်တရ အနေနဲ့ ဒီပို့စ်လေး တင်လိုက်ပါတယ်။



ဗိုလ်ချူပ်အောင်ဆန်း၏ အမည် (၆) မျိုး

၁။ ငယ်အမည် မောင်ထိန်လင်း
၂။ သခင်အမည် သခင်အောင်ဆန်း
၃။ ဗိုလ်အမည် ဗိုလ်တေဇ ဂျပန်အမည်=အိုမိုရာ
၎။ တရုတ်အမည် တန်လုရှောင်
၅။ တော်လှန်ရေးကာလ လျှို့ဝှက်အမည် ဦးနောင်ချို
၆။ ဗိုလ်ချုပ်ကြီးနေ၀င်းမှ
လျှို့ဝှက်ဆက်သွယ်သည့်အမည် ကိုဆက်ဖေ

Monday, February 2, 2009

၂-၂-၀၉

ရင်မှာထိရှ တွေးမိသမျှ ( ၂ )

မြစ်ကြီးနား တဲ့။ ခုဆို မကန နဲ့ ပတ်သက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားနေမိတယ်။ ပြန်တွေးမိတော့ အရင်ဆုံး ကျနော့်ရဲ့ တိုက်ဆိုင်မှုလေးတွေကို သတိရမိသေးတယ်။ ကျနော်က ရေ မကြိုက်ဘူး။ ၀တ်လည်း မ၀တ်ချင်ဘူး။ ကျနော်ကြိုက်တာတွေက ကျောက်မျက်ရတနာတွေ။ ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ပိုက်ဆံ အ၇မ်းရှိတဲ့အခါ ကျောက်မျက်မျိုးစုံကို တစ်နေ့တစ်မျိုး မရိုးအောင် ၀တ်ချင်တဲ့ ဆန္ဒ ရှိတယ်။ ပြီးတော့ ကျေက်မျက်ရတနာတွေနဲ့ အလှဆင်ထားတဲ့ မြန်မာပြည်မြေပုံ ရင်ထိုးကို အရမ်းလိုချင်ခဲ့တယ်။ ခုထိတော့ ဒီဆန္ဒတွေ မျှော်လင့်ချက်တွေ ဖြစ်မလာသေးပါဘူး။ There must be hope in life တဲ့။ ဖြစ်တာ..မဖြစ်တာ အပထား။ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ ပိုကောင်းတယ်မလား။ ဆက်ပြောရရင်.ကျနော်အကြိုက်ဆုံးက ကျောက်စိမ်း ။ ငယ်ငယ်လေးတည်းက ကျောက်စိမ်းဆွဲကြိုးတွေ၊ လက်စွပ်တွေ၊ နားကပ်တွေ တွေ့တိုင်း အရမ်းကို ကြည်နူးပီတိ ဖြစ်ဖြစ်သွားတဲ့ ကျနော့်ခံစားချက်။ ကြီးလာတော့လည်း ပိုပြီးတောင် သဘောကျလာသေးတယ်။ အထူးသဖြင့် ကျောက်စိမ်းလက်စွပ်လေးကို အ၇မ်းလိုချင်တာပဲ။ ( ခုတော့ ကျနော့်ရဲ့ hope တစ်ခုကို ကျနော်ပိုင်သွားပြီ..နောက်မှ ပြောပြဦးမယ်။)

ကျနော် ကျောင်းပြီးတော့ တာဝန်မထမ်းဆောင်ခင် မွမ်းမံသင်တန်းကို ရန်ကုန်မှာ သွားတက်ရတယ်။ သင်တန်းတက်နေရင်း မြစ်ကြီးနား ကို တာဝန်ကျတယ်လို့ order ထွက်လာတယ်။ ဒီတုန်းက ကျနော်တို့ order မှာ လူ ( ၅ ) ယောက်ပါတယ်။ order တွေ ထွက်ပြီလို့ သိသိချင်း စာရွက်ကို ကြည့်တော့ ကျနော်က မြို့ နာမည်တွေကို အရင်ကြည့်တာ။ မြို့တွေက လားရှိုး၊ ကလေး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ မြိတ တဲ့။ မြို့နာမည်တွေ ဖတ်ပြီးပြီးချင်း မြစ်ကြီးနား ရဲ့ ဘေးက လူနာမည်ကို ကြည့်လိုက်တော့ ကျနော့်နာမည်ကို တွေ့လိုက်ရတယ်လေ။ အ၇မ်းပျော်သွားတာကို ခုထိ မှတ်မိသေးတယ်။ ကျနော့်ရဲ့ မသိစိတ်ထဲမှာကို မြစ်ကြီးနား က ဘယ်တုန်းက နေ၇ာယူထားပါလိမ့်နော်။ ပြီးတော့ မှတ်မှတ်ရရ ဖြစ်တာ တစ်ခု ရှိသေးတယ်။ ကျနော် ရန်ကုန်မလာခင် ညီမလေးတစ်ယောက်က သူ့ဆီမှာ ရှိတဲ့ စာအုပ်တွေ ကျနော့်ကို ပေးဖတ်တယ်။ ( ကျနော်က စာအုပ်ဝါသနာအိုး၊ စာ မဖတ်ရရင် မနေနိုင်တဲ့သူလေ။) သူပေးတဲ့ စာအုပ်တွေထဲမှာ ၀တ္ထုစာအုပ်တစ်အုပ်ပါတယ်။ ရေးတဲ့သူတော့ မမှတ်မိတော့ဘူး။ ၀တ္ထုနာမည်ကတော့ ဖတ်ကတည်းက ရင်ထဲကို စွဲသွားတာ။ နာမည်လေးက ကျမချစ်သော မြစ်ကြီးနား တဲ့။ ကဲ…………ဒီစာအုပ်လေး ဖတ်လိုက်၇လို့ မြစ်ကြီးနားကို တာဝန်ကျတာလား……..? ကျောက်စိမ်းတွေကို သဘောကျလို့ မြစ်ကြီးနားကို တာဝန်ကျခဲ့တာလား………..? ကချင်ရိုးရာ ၀တ်စုံတွေကို သဘောကျတဲ့သူမို့ မြစ်ကြီးနားကို တာဝန်ကျတာလား…………? ဘာအကြောင်းကြောင့် မြစ်ကြီးနား ကို ရောက်ရောက်……….မြန်မာပြည်မြောက်ဖျားက ပြည်နယ်ဒေသလေးကို ကျနော် ရောက်ရတော့မယ်။ မြစ်ကြီးနားက ကျနော့်ကို ဘယ်လိုကြိုဆိုနေမှာလဲ..? ဒေသခံတွေကရော ဘယ်လိုဆက်ဆံကြမလဲ………? ကျနော်တာဝန်ကျရာ ဌာနမှာရော အားလုံးနဲ့ သင့်တင့်မျှတအောင် ကျနော် ဆက်ဆံနိုင်ပါ့မလား….? မိဘရင်ခွင်က ခွဲခွာပြီး ဟိုးဝေးလံလှတဲ့ နေရာဒေသအသစ်ကို ကျနော် ဘယ်လို ခွန်အားတွေနဲ့ သွားနေရမလဲ………? ဘယ်တော့များမှ ကျနော့်မွေး၇ပ်မြေကို ပြန်လည်ခြေချခွင့် ရမှာလဲ……..? အတွေးပေါင်းစုံနဲ့ ကျနော် မြစ်ကြီးနားမသွားခင် နပန်းလုံးခဲ့ရသေးတယ်။

2-2-09

နှလုံးသားမြို့တော်

ရင်မှာထိရှ တွေးမိသမျှ (၁)

နှလုံးသားမြို့တော် တဲ့။ ဟုတ်တယ်။ ကျနော့်ဘ၀ရဲ့ မမေ့နိုင်တဲ့ အမြဲထာဝရ တည်ရှိနေမယ့် မြို့လေးပါ။ ကျနော့် ရင်ဘတ်ထဲက တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားရဲ့ တောင့်တရာ၊ ငတ်မွတ်ရာ၊ လွမ်းမောစရာ ရပ်ဝန်းလေး ………..ဒါ ဘာလဲ.? သိချင်ကြလားဟင်..!

ခုဆို ကျနော်ဟာ မွေးရပ်မြေ ရွှေမန်းလေးကို ပြန်ရောက်နေပေမယ့် အမြဲလိုလို အားချိန်တိုင်း သတိရနေမိတာ မိဘလည်းမဟုတ်။ သူငယ်ချင်းတွေလည်းမဟုတ်.. မောင်နှမတွေလည်းမဟုတ်နဲ့ .၊၊ ကျနော့်ကိုမွေးဖွားခဲ့တဲ့ မန္တလေးရွှေမြို့တော်မှာ ခြေချခွင့်ရနေပေမယ့် ( ၂ ) နှစ်နီးပါး နေထိုင်ခဲ့ရာ၊ တာဝန်ထမ်းဆောင်ခဲ့ရာ၊ မနောမြေလေးကို အချိန်တိုင်းလိုလို သတိရနေမိတာ ဘာကြောင့်လဲလို့တောင် မသိတော့ပါဘူးဗျာ.၊ ဒါ .ရေစက် လား.! ဟိုးအရင် ဘ၀တွေတုန်းက မနောမြေနဲ့ ဘာတွေ ပတ်သက်ခဲ့ဖူးသလဲ! သေချာတာက ကျနော့်နှလုံးသားထဲမှာ အမြဲထာဝရ တည်ရှိနေမယ့် မြို့လေးဟာ ကချင်တိုင်းရင်းသားတို့ရဲ့ မြို့တော်..မနောအက ထွန်းကားရာ မြစ်ကြီးနား မြို့ လေးပါပဲ………

Wednesday, January 14, 2009

ရပ်တော်မူဘုရား



ကျနော်မြစ်ကြီးနားကို ရောက်တာ ၂ နှစ်ပြည့်တော့မယ်။ ရောက်ကတည်းက တည်နေတဲ့ဘုရားပါ။ အဝေးက သူများ ကုသိုလ်ယူနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘုရားတည်နေရာကတော့ မြစ်ကြီးနားမြို့ရဲ့ ဆုတောင်းပြည့်ဘုရားနားကပါ။
သူငယ်ချင်း သဇင် အတွက် မွေးနေ့လက်ဆောင်လေးပါ။ မနိုင်းနိုင်းဘလော့ဂ်ကဟာလေးပါ။ ကြိုက်တာနဲ့ ကျနော့်ဘလော့ဂ်မှာ တင်လိုက်ပါတယ်။

၁)
ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်

ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။

၎) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။

၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။

၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။

အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျွန်မဖတ်ဖို့ကို နိုင်းနိုင်းစနေ ဖတ်သည်။

Tuesday, January 13, 2009

Happy Birthday Thazin


မွေးနေ့မှာ ပျော်ရွှင်ပါစေ။
လတ်တလော စာမေးပွဲ အောင်ပါစေ။

Sunday, January 4, 2009

last 10 years

ကျနော် တစ်နေ့ နက်ပေါ် လျှေက်သွားရင်းနဲ့ ကြယ်စင်မင်း ဆိုတဲ့ လူငယ်တစ်ယောက်ကို သိရှိခဲ့ပါတယ်။ ကျနော် အရင်က ကဗျာရေးတိုင်း ကြယ်စင် ဆိုတဲ့ ကလောင်ကို အသုံးပြုခဲ့ပါတယ်။ နောက်မှ အဇူရီ ဆိုတာကို ပြောင်းလဲခဲ့တာပါ။ ခု ကြယ်စင်မင်းနဲ့ တွေ့တော့ ဟိုးအရင် (၁၀) နှစ်လောက်တုန်းက ရေးဖူးတာလေးကို သတိရမိရင်း အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

ကြယ်စင်ရေ..........အစ်မကတော့ ကဗျာတွေကို ချစ်တဲ့သူဆိုတော့ အမြဲတမ်းကဗျာတွေနဲ့ ရှင်သန်နေဦးမှာပါ။ မင်းလည်း မင်းဘ၀အတွက် ကြိုးစားရုန်းကန်ရင်း ကောင်းကင်မှာ အမြဲလင်းလက်နိုင်ပါစေနော်.........၊

ကြယ်များနှင့်ကောင်းကင်

မိုးကောင်းကင်ဟာ
ကြယ်တာရာတွေကြောင့်
လှနေခဲ့ပါတယ်။ ။

တချို့တချို့
မြေပြင်ကြွေဆင်းကျတာတောင်
သူ့အလင်း စူးရှဆဲ.................။

အချို့အချို့
ကောင်းကင်မှာ ရှိနေတာတောင်
မှိန်ဖျော့အားချည့်လို့ ..............။

ကြယ်စင် ဆိုတဲ့ ကျနော်ကတော့
မိုးယံထက်မှာ တောက်ပချင်
သက်ဆင်းနိမ့်လည်း ထိန်လင်းချင်
ဒီ့အတွက်ကြောင့်
(ကျွန်တော်ဟာ)
သေငယ်ဇောထိ
ကဗျာတွေ ရေးနေ၇မယ်လေ...............။

အဇူရီ
13-11-99(Saturday)
11:45 pm

My experience

ကျနော်တို့ ပထမနှစ်တက်တုန်းက ခံစားခဲ့ရတဲ့ အတွေ့အကြုံလေးတွေပါ။
ကဗျာတွေ ပြန်ဖတ်ရင်းနဲ့ တွေ့တာနဲ့ အမှတ်တရအနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။
အားလုံးအမှတ်ရကြမယ်ထင်ပါတယ်။ ကျောင်းသွားဖို့ စီးခဲ့၇တဲ့ ရွှေမန်းမေ အတွေ့အကြုံလေးတွေကို ရေးသားထားတာပါ။ ခံစားပေးလှည့်ပါနော်။

1CST's ရင်ခုန်သံ

နှင်းမှုန်ဝေသီ ဆောင်းနံနက်တွင်
မပီဝိုးတ၀ါး လှုပ်ရှားသူများ
မြင်တွေ့နိုင်ရန် ခဲယဉ်းလှ၏။

ဝေလီဝေလင်း အလင်းပျံ့ချိန်
မည်းမည်းမြင်၇ာ ကြည့်မိခဏ
စိတ်ဝယ်ပင်ပန်း စောင့်စားရ၏။

ကဆုန်ခုန်ပေါက် သူရောက်ချိန်၌
မြင်သာထင်ရှား မကျန်ခဲ့၇န်
ဝှေ့ယမ်းလက်ပြ တားဆီးရ၏။

သူနဲ့သွားစဉ် ခရီးတစ်လျောက်
စိတ်အိုက်နားဆူ ဒေါသဝေလည်း
သည်းခံခြိုးခြံ နှုတ်ဆိတ်ရ၏။

လိုရာပန်းတိုင် ရောက်ပြန်သော်ငြား
ညောင်းညာခန္ဓာ ဆန့်တန်းကာဖြင့်
အိပ်ချင်မူးတူး မျက်လုံးမှေးကာ
သွက်လက်လှုပ်ရှား သွားရပြန်သည်
" စာသင်ခန်းဆီ "..............။

အဇူရီ

30-11-2000( Thursdau)
11:50 pm


4--1-09

ဒီနေ့ဖတ်လိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အ၇မ်းလှတဲ့စာသားလေးတွေက ကျနော့်ကို ဘလော့ဂ်မှာ တင်ဖို့ တိုက်တွန်းတာနဲ့ ပို့စ်တင်ပေးလိုက်ပါတယ်။
သူငယ်ချင်းများအားလုံးအတွက် ရည်ရွယ်ပါတယ်။
ရောက်လာသူအပေါင်း အေးချမ်းကြပါစေ။

REMEMBER

You may forget me
But don't forget that
I never forget you

You may forget me
But don't forget that
I like you until now

You may forget me
But....................
Friend, never forget that
I'll have an attachment for you always!


composed by Khin Myat Mon( Yamethin)

The Light
July, 2002


Thursday, January 1, 2009

၂၀၀၈ ရဲ့ ဒီဇင်ဘာ ၃၁ ကို လက်ပြခဲ့ရပါပြီ။
၂၀၀၉ ရဲ့ အစကို ရောက်ခဲ့ပြီ။
ကျနော့်သူငယ်ချင်းများအားလုံး နှစ်သစ်မှာ အစစ အဆင်ပြေကြပါစေ။

သူငယ်ချင်းတို့ကို ကျနော် နှစ်သစ်လက်ဆောင်အဖြစ် ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
ကျနော်သိပ်ကြိုက်တဲ့ ကဗျာလေးပါ။

ဘာမှမလိုဘူး

အိပ်မက်နဲ့ညရေးက အစပ်အဟပ်မတည့်ဘူး
အလွမ်းက ခေါင်းထောင်လာတယ်။

ငါ့ကိုယ်ငါ
ထမင်းမေ့ ဟင်းမေ့ မေ့နေသလို တစ်လျှောက်လုံး
မင်းဆီမှာ ရှိနေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်တစ်ခါမှ ပြန်မလာဘူး။

နေ့ရောညပါ ဒီစိတ်နဲ့
မင်းကိုချစ်တဲ့ အမှတ်တံဆိပ်မှာ
ကျန်တာ ဘာမှ မလိုဘူး။

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး............။

မိုသျှန်း

ကလျာ

2004, November