Showing posts with label်poem. Show all posts
Showing posts with label်poem. Show all posts

Sunday, January 4, 2009

last 10 years

ကျနော် တစ်နေ့ နက်ပေါ် လျှေက်သွားရင်းနဲ့ ကြယ်စင်မင်း ဆိုတဲ့ လူငယ်တစ်ယောက်ကို သိရှိခဲ့ပါတယ်။ ကျနော် အရင်က ကဗျာရေးတိုင်း ကြယ်စင် ဆိုတဲ့ ကလောင်ကို အသုံးပြုခဲ့ပါတယ်။ နောက်မှ အဇူရီ ဆိုတာကို ပြောင်းလဲခဲ့တာပါ။ ခု ကြယ်စင်မင်းနဲ့ တွေ့တော့ ဟိုးအရင် (၁၀) နှစ်လောက်တုန်းက ရေးဖူးတာလေးကို သတိရမိရင်း အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

ကြယ်စင်ရေ..........အစ်မကတော့ ကဗျာတွေကို ချစ်တဲ့သူဆိုတော့ အမြဲတမ်းကဗျာတွေနဲ့ ရှင်သန်နေဦးမှာပါ။ မင်းလည်း မင်းဘ၀အတွက် ကြိုးစားရုန်းကန်ရင်း ကောင်းကင်မှာ အမြဲလင်းလက်နိုင်ပါစေနော်.........၊

ကြယ်များနှင့်ကောင်းကင်

မိုးကောင်းကင်ဟာ
ကြယ်တာရာတွေကြောင့်
လှနေခဲ့ပါတယ်။ ။

တချို့တချို့
မြေပြင်ကြွေဆင်းကျတာတောင်
သူ့အလင်း စူးရှဆဲ.................။

အချို့အချို့
ကောင်းကင်မှာ ရှိနေတာတောင်
မှိန်ဖျော့အားချည့်လို့ ..............။

ကြယ်စင် ဆိုတဲ့ ကျနော်ကတော့
မိုးယံထက်မှာ တောက်ပချင်
သက်ဆင်းနိမ့်လည်း ထိန်လင်းချင်
ဒီ့အတွက်ကြောင့်
(ကျွန်တော်ဟာ)
သေငယ်ဇောထိ
ကဗျာတွေ ရေးနေ၇မယ်လေ...............။

အဇူရီ
13-11-99(Saturday)
11:45 pm