Saturday, June 13, 2009

13-6-09

မ၀င်တာကြာနေတဲ့ ဘလော့ဂ်လေးထဲကို ပြန်ဝင်မိခဲ့တယ်။ ခုတလော စိတ်တွေရှုပ်နေတာနဲ့ စာအုပ်တွေလှိမ့်ဖတ်နေမိတယ်။ ကဗျာလေးတွေ ပြန်ဖတ်ရင်း ဘလော့ဂ်မှာ တင်မိလိုက်တယ်။ တဆက်တည်း စာအုပ်လေး ပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်နေမိတယ်။

ရူဘိုင်ယတ်မှ

ဟောဒီသစ်ပင်အောက်မှာ

ပေါင်မုန့်တစ်လုံး

ဝိုင် တစ်ပုလင်း

ကဗျာတစ်အုပ်

ပြီးတော့ အရိုင်းတေးကို ဆိုနေတဲ့

မင်းရယ်

ကန္တာရ ဆိုတာ

နိဗာန်ဘုံပါပဲ

ကိုယ့်အတွက် ပြီးပြည့်စုံနေတယ်။

အိုမာခေယမ်

ရူဘိုင်ယတ် သည် အလွန်ထင်ရှားသော ပါသျှန်းကဗျာစု ဖြစ်သည်။ ရူဘိုင်ယတ်ဟု ခေါ်သော ကဗျာအဖွဲ့ ပုံစံကို အစွဲပြု၍ ဤအမည်ပေးထားခြင်း ဖြစ်သည်။ သေရည်အားဖြင့် ဘ၀၏ သုခချမ်းသာကို ရယူနိုင်သည်။ မနက်ဖြန်ဟူသည် မရှိ။ ယခု လက်ရှိအချိန်တွင် ပျော်ရွှင်စွာ နေထိုင်ခြင်းသည် ဘ၀၏ တန်ဖိုးသာ ဖြစ်သည်ဟု စာဆို အိုမာခေယမ် ယုံကြည်သည်။

ဂန္တ၀င်အချစ်ကဗျာ ၁၀၀

ဘာသာပြန်---မောင်ဇေ

1 comments:

Theingarra said...

အိုမာခယမ် ရဲ့ ကဗျာအတွက်

ကျေးဇူးပါ အဇူရီရေ ...

အားတဲ့အခါ လာလည်ဖို့ ဖိတ်ပါတယ် နော် :)