Saturday, June 13, 2009

ချစ်သူကို မျှော်လင့်စောင့်စားနေကြသူများအတွက် ကဗျာလေးတစ်ပုဒ်ကို ဆက်လက်တင်ပေးလိုက်ပါတယ်။

မနက်ဖြန်

မနက်ဖြန် ပြန်လာမယ်ဆိုပြီး

သူ ကိုယ့်ကို ထားခဲ့တယ်

ကိုယ်လေ

အိမ်ကြမ်းပြင်တစ်ခုလုံး ပြည့်သွားအောင်

' မနက်ဖြန် ' ဆိုတဲ့ စာလုံးတွေ

ရေးမိတယ်။

မိုးသောက်တဲ့အခါ

သူငယ်ချင်းတွေလာတယ်

' ဆိုစမ်းပါဦး သူငယ်ချင်းရယ်

မင်းရဲ့ မနက်ဖြန်ဆိုတာက

ဘယ်တော့လဲ............' တဲ့ကွယ်

သြော်...........မနက်ဖြန်။ မနက်ဖြန်၊ မနက်ဖြန်ရယ်

ကိုယ့်မျှော်လင့်ချက်တွေ

စွန့်လွှတ်လိုက်ရပါပြီ

ချစ်သူ

ဘယ်သောအခါမှ ပြန်မလာတယ်။

သက္ကတကဗျာဆရာ ၀ိဒယပတိ

( ၁၃၅၂-၁၄၄၈ )

ဝိဒယပတိ၏ အချစ်ကဗျာလေးများမှာ နူးညံ့လှပသောကြောင့် အိန္ဒိယနိုင်ငံတွင် အလွန်ထင်ရှား၏။ ယခုတိုင် ဟိန္ဒီမင်္ဂလာဆောင်များတွင် သီချင်းအဖြစ် မြတ်မြတ်နိုးနိုး သီဆိုနေကြဆဲ ဖြစ်သည်။ ယင်းကဗျာလေးများမှာ အိန္ဒိယစာဆိုများ ရေးဖွဲ့ လေ့ရှိသည့် ကရိသျှဏနှင့် ရာဒတို့၏ အချစ်ကိုပင် ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။ ၀ိဒယပတိ၏ ထူးခြားချက်မှာ အချစ်ကဗျာများကို မိန်းကလေးများဘက်မှ ခံစား၍ ရေးဖွဲ့ လေ့ရှိခြင်းပင် ဖြစ်သည်။ စာဆိုသည် မိန်းကလေးတို့၏ စိတ်နှလုံးနှင့် အမူအရာကို ချစ်ခင်လေးစားသူ ဖြစ်လေသည်။ အထက်ပါကဗျာတွင် ခရီးထွက်သွားသော ချစ်သူပြန်အလာကို စောင့်မျှော်နေသော မိန်းကလေးတစ်ယောက်၏ ခံစားမှုကို ဖွဲ့ ဆိုထားသည်။

ဂန္တ၀င်အချစ်ကဗျာ ၁၀၀

ဘာသာပြန်---မောင်ဇေ

No comments: