Wednesday, April 7, 2010

အော်…….သွားလိုက်ပြီလား
နှုတ်မဆက် ထွက်ခွာ
အသံတိတ်နဲ့ တေးဆိုခဲ့တယ်
နောက်ဆုံးတေးသံ ငါမကြားပြီပဲကွယ်…။

အော်…….နှုတ်ဆက်တေးက
မချိုဘူးမို့ တိတ်တဆိတ်များ
အသံမဲ့တေးတွေ ဆိုငြီးရင်း
ထွက်ခွာခဲ့လေသလား……ကွယ်။

အော်……နောက်ဆုံးထွက်သက်
ဝေဒနာတေးတွေ တိတ်ဆိတ်ခံစား
အေးငြိမ်းရာကို သူထွက်သွားခဲ့လေပြီတကား……….။

azzurri
12-1-09(Tuesday)
1:55 afternoon

1 comment:

thaingarra said...

တစ်ထိုင်တည်း ရေးဖြစ်တဲ့ ကဗျာ ဆိုတာ ...

စိတ်ထဲ ထိရှရာ တလျှောက် စီကုံးရတာမို့

တစ်ခါတစ်ခါ မှ ဖြစ်တတ်တာမျိုး ... :)