Sunday, May 2, 2010

2-5-2010

ဒီတစ်ခါတော့ ကျနော် မကျေမနပ်ဖြစ်နေတာလေးတွေ ရေးဦးမယ်ဗျာ။

ကျနော်ခု နေနေရတာက လူ (၈)ယောက်ကို အဆောင်တစ်ခုတည်းမှာ တူတူနေရတယ်ဗျ။ အခန်း (၄)ခန်း ရှိတယ်။ တစ်ခန်းကို နှစ်ယောက်ပေါ့။ အဆောင်မှာ အဆောင်မှူးဆိုပြီး ရှစ်ယောက်ထဲကနေ တစ်ယောက်ကို ခန့်ထားကြတယ်။

ကျနော်ပြောချင်တာကတော့ လူတွေက ဘာလို့ ကိုယ့်အိမ်ကိုယ့်ယာလို သဘောမထားဘဲ ထင်သလို လုပ်နေကြတာလဲဗျာ။ တစ်ယောက်ကို ကူညီပေးချင်စိတ်တွေ ခန်းခြောက်နေကြတာလဲ။ ဘာလို့ တွက်ကပ်နေကြတာလဲဗျာ......။

ကျနော်တို့က မနက် ၈း၃၀ လောက်ဆို အားလုံး အဆောင်က ထွက်ကြရပြီ။ အဲ့ဒီအခါမှာ အဆောင်မှာ ရှိတဲ့ တံခါးတွေကို နောက်ဆုံးကျန်ခဲ့တဲ့သူက ပိတ်ပေရော့ပဲ။ အဲ.........အမှန်က အရင်ထွက်သွားတဲ့သူတွေက တံခါးမကြီးပဲ ချန်ပြီး ကျန်တဲ့တံခါးတွေကို ပိတ်ပေးခဲ့မယ်ဆိုရင်..............နောက်ဆုံးကျုန်ခဲ့တဲ့သူအတွက် မသက်သာဘူးလား ........................။

ပြီးတော့ (ကန်တော့ဗျာ) အိမ်သာရေပေါ့။ ရေလွှတ်တုန်းဆို ရေပိုက်ကနေ ရေလာတယ်။ ရေလွှတ်ချိန်မဟုတ်ရင် အိမ်သာရေက မလာတော့ဘူး။ နည်းနည်းချင်းပဲ ကျတော့တယ်။ ဒီတော့ သူတို့က ရေပုံးနဲ့ ခပ်မထည့်ချင်တော့ ဘယ်လိုလုပ်တယ်မှတ်လဲ။ နည်းနည်းချင်းကျနေတဲ့ ရေ ကို ဖွင့်ထားခဲ့ကြတယ်။ ဖွင့်ထားခဲ့ရင်လည်း ပြန်တော့ ပိတ်ဦးမှပေါ့ဗျာ.......။ ခုတော့ အမြင်မတော်တိုင်း ကျနော်က အနောက်ကနေ လိုက်လုပ်နေရတာဗျာ။ သူတို့ ဒီလိုလုပ်တာဟာ ရေစင်မှာ နည်းနည်းပဲ ကျန်တော့တဲ့ ရေကို မချွေတာရာ မရောက်ဘူးလားဗျာ။

ပြီးတော့ တချို့ကိစ္စတွေမှာ သစ္စာသိပ်ရှိကြတယ်ဗျ။ ဘယ်လို ရှိသလဲ ဆိုတော့ ကိုယ်က ဒီတံခါးကို မဖွင့်ဘူးဆိုရင် ပြန်ပြီး မပိတ်ဘူးဗျ။ မနေ့ကပေါ့။ ကျနော်က မီးဖိုချောင်မှာ ထမင်းချက်ပြီး ပြတင်းပေါက်တံခါး မပိတ်ခဲ့ရသေးဘူး။ ကျနော်ချက်ပြူတ်ပြီးတော့ တစ်ယောက်က ချက်နေသေးတော့ ကျနော်က လေ၀င်လေထွက်ကောင်းအောင်လို့ တံခါးကို မပိတ်ခဲ့သေးဘူးပေါ့ဗျာ။ အဲ့ဒါဗျာ...........အဲ့ဒီတစ်ယောက်က သူ ချက်ပြီးတဲ့အခါ တံခါးပေါက်ကို မပိတ်ခဲ့ဘူးဗျာ။ ကျနော်ဖွင့်ထားခဲ့တဲ့ တံခါးပေါက်ကိုပဲ မပိတ်ခဲ့တာနော်။ ကဲ................ဘယ့်နှယ့်လဲ ။

အဲ့လို ကိုယ်လုပ်ခဲ့တဲ့ကိစ္စကို ကိုယ်ကပဲ အဆုံးသတ်ရမယ်ဆိုရင် ဘာလို့ အိမ်သာရေကိုတော့ မပိတ်ခဲ့ကြတာလဲ မသိဘူးနော်။

ပြီးတော့ ရှိသေးတယ်ဗျ။ ရေသွန်ကြတာလေ။ အဆောင်ရှေ့တံခါးပေါက်မှာ ဘာလို့ သွန်ကြတာလဲ မသိဘူးဗျာ။ သူတို့ ဒီလို ရေသွန်တော့ အဆောင်အ၀င်အထွက် ရေတွေနဲ့ ချော်လဲမှာပေါ့ဗျာ။ ဒီတော့ မနေနိုင်တဲ့ ကျနော်က လိုက်ပြီး ရှင်းနေရတယ်ဗျ။

ကျနော် ခုလို ရေးမိတာက ကျနော်လုပ်နေရလို့ ရေးတာတော့ မဟုတ်ပါဘူး။ ကျနော်ကတော့ အမြင်မတော်တိုင်း လုပ်ပေးနေမိဦးမှာပဲလေ။ ကျနော့်ဆန္ဒကတော့ သူတို့ကို လူပီသစေချင်တယ်။ နည်းနည်းများ ကြီးကျယ်သွားမလား မသိဘူး။ အမှန်ကတော့ ကိုယ့်ကြောင့် သူတစ်ပါးမှာ ထိခိုက်မှု မဖြစ်သွားအောင် နေထိုင်ပြုမူမိစိတ်တွေ ရှိနေစေချင်တာပါပဲဗျာ။

ကျနော်လည်း စိတ်ထားကောင်းဖို့ လူပီသဖို့ ဆက်လက်ကြိုးစားပါဦးမယ်။


အဇူရီ

2 comments:

thaingarra said...

အတူနေတွေထဲ အဲလိုတွေ ဖြစ်နေရင်

တော်တော်လေရတယ် ဗျာ ... ဟုတ်ပ

Unknown said...

အင်းလေ
အဆောင်ဆိုတော့လည်း လူအမျိုးမျိုး စိတ်အထွေထွေ ပေါ့ဟာ။ ဟုတ်တယ်။ တစ်ခါတစ်ခါ အဲ့လိုမျိုးတွေ ရှိတယ်။ လူတော်တော်များများက တာဝန်မယူချင်တတ်ကြတာပေါ့ဟာ။ တစ်ခါတစ်ခါများ ဆို ဒေါသအရမ်းထွက်ရတာ။ အလိုက်မသိတတ်ကြတာလို့လေ။
ဒါပေမယ့်လည်း သည်းခံရတာပဲပေါ့လေ။