Showing posts with label firend. Show all posts
Showing posts with label firend. Show all posts

Sunday, December 13, 2009

Friendship

လက်

ဟုတ်တယ် သူငယ်ချင်း

လက်တစ်ဖက်ကို ထောင်ကြည့်….။

င့ါဘက်က လက်ဖမိုးဆိုရင်

မင်းဘက်က လက်ဖ၀ါးပေါ့….။

ဒါက ကလေးကလားပါ…။

ငါပြောတာက…

လက်တစ်ဖက်ကို ဘေးတိုက်ကြည့် …

အင်း ……..မင်းမြင်လား …….။

ငါ့ဘက်က လက်မက စရင်…

မင်းဘက်က လက်သန်းက စမယ်…..

ဒါဟာလည်း အမှန်တရားပဲ…..။

လူတွေက….

မှောက်ချည် လှန်ချည် လုပ်ဖို့သာ

သူတို့ စဉ်းစားနေကြတာ……။

လက်ဆိုတာ….

ခုတ်လို့ ထိုးလို့လည်း ရသေးတယ်…။

ဘ၀ဆိုတာ အပိုင်းအစ တစ်ခု…

နှိုင်းပြညှိဖို့ ဆိုတာ…

တော်တော်တော့ ခက်တယ်…..။

အမရာဒေ၀ီလက်ဝါးထောင်ပြတာ…

မင်းကလည်း တစ်မျိုးတွေးချင် တွေးမှာပေါ့…။

ငါကလည်း တစ်မျိုးတွေးမိတယ်လေ…။

ဒါကြောင့် ………ငါတို့ …….

အမရာနဲ့ ဝေးလိုက်ရတာ ဖြစ်မယ်….။

ဟော……….မဟော်သဓာကတော့

ဒီလက်ဖ၀ါးကို ကောင်းကောင်း အသုံးချသွားတယ်..။

ကဲပါ……….သူငယ်ချင်း …..

မင်းနဲ့ငါ ဘယ်လောက်ဝေးဝေး …..

ရော့ကွာ ……ငါ့လက်တစ်ဖက် ……..

လာကွာ ……..မင်းလက်တစ်ဖက်ကမ်း …..

သူငယ်ချင်းရေ….ရှိတ်ကမ်း (shaking) ….။ ။

ဒယ

Source: myanmarcupid.net


သူငယ်ချင်း ဇင်ယော်အတွက် တင်ပေးလိုက်ပါတယ်...

Thursday, January 1, 2009

၂၀၀၈ ရဲ့ ဒီဇင်ဘာ ၃၁ ကို လက်ပြခဲ့ရပါပြီ။
၂၀၀၉ ရဲ့ အစကို ရောက်ခဲ့ပြီ။
ကျနော့်သူငယ်ချင်းများအားလုံး နှစ်သစ်မှာ အစစ အဆင်ပြေကြပါစေ။

သူငယ်ချင်းတို့ကို ကျနော် နှစ်သစ်လက်ဆောင်အဖြစ် ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
ကျနော်သိပ်ကြိုက်တဲ့ ကဗျာလေးပါ။

ဘာမှမလိုဘူး

အိပ်မက်နဲ့ညရေးက အစပ်အဟပ်မတည့်ဘူး
အလွမ်းက ခေါင်းထောင်လာတယ်။

ငါ့ကိုယ်ငါ
ထမင်းမေ့ ဟင်းမေ့ မေ့နေသလို တစ်လျှောက်လုံး
မင်းဆီမှာ ရှိနေတဲ့ ငါ့အတွေးတွေ
တစ်ခေါက်တစ်ခါမှ ပြန်မလာဘူး။

နေ့ရောညပါ ဒီစိတ်နဲ့
မင်းကိုချစ်တဲ့ အမှတ်တံဆိပ်မှာ
ကျန်တာ ဘာမှ မလိုဘူး။

ကုန်ကုန်ပြောမယ်
ငါ့ကိုယ်ငါတောင်
မင်းရှိနေတာလောက် မလိုဘူး............။

မိုသျှန်း

ကလျာ

2004, November