Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Friday, June 11, 2010

Green Tea

လက်ဖက်နှပ်နည်းသစ်

လက်ဖက်ရှားပါးတဲ့ နိုင်ငံခြားရောက် လက်ဖက်ကြိုက်တဲ့ ရွှေမြန်မာတွေအတွက် ဒီက အစ်မတစ်ယောက်ဆီက ရတဲ့ လက်ဖက်လုပ်နည်းလေး ဝေမျှချင်လို့ပါ..

ချန်းနီမတို့ဆီမှာလည်း လက်ဖက်ဆိုတာ မြန်မာပြည်က လာတဲ့လူကြုံရှိမှ စားရတာ.. လာတဲ့လူကြုံတိုင်းကလည်း လက်ဖက်က အလေးချိန်စီးတော့ တော်ရုံ မသယ်လာချင်ကြဘူး.. ဒီကလူတွေကလည်း လက်ဖက်က ကြိုက်တတ်ပါဘိနဲ့ဆိုတော့ လက်ဖက်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး တွေးနေကြတာ ကြာပြီ.. အဲဒါနဲ့ပဲ အစ်မက စမ်းသပ်ကြည့်တာကနေ အောင်မြင်သွားလို့ ပြန်ပြီး ဝေမျှတာပါ..

နီဒါန်းချီနေတာ များနေပြီ.. နည်းက လွယ်လွယ်လေးပါ..
လက်ဖက်နှပ်ဖို့အတွက်တော့ အာရှဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ green tea လက်ဖက်ခြောက်တွေကိုပဲ သုံးပါတယ်..
လက်ဖက်ခြောက်တွေကို ပြန်ပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါပဲ.. ပေါင်းလိုက်တဲ့အတွက်ကြောင့် အရွက်လေးတွေ ပျော့သွားပြီး အခါးရည်တွေလည်း ထွက်မသွားပါဘူး..
ပြီးတော့ လက်ဖက်နှပ်သလိုပဲ သံပုရာသီး၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ တို့နဲ့ ကိုယ်ကြိုက်သလို နှပ်စား၊ သုပ်စားနိုင်ပါတယ်..
မြန်မာပြည်က လာတဲ့ လက်ဖက်လိုပဲ စားကောင်းပါတယ်..


source: myanmarcupid

Sunday, May 2, 2010

http://burglish.my-mm.org/latest/trunk/web/testarea.htm


ပေါ်လာတဲ့ box ထဲမှာ barglish လို ရိုက်ထည့်လိုက်ရင် မြန်မာလို ပြန်ပေါ်ပေးတာလေးဗျ။ မြန်မာလို ရိုက်ဖို့ အခက်အခဲ ရှိသူတွေအတွက် အသုံးဝင်နိုင်တဲ့ ဆိုဒ်လေးပါ။


azzurri

Friday, May 1, 2009

1-5-09(friday)

မြန်မာ ဟူသော စကား၏ အဓိပ္ပါယ်

မြန် ဟူသည်မှာ စစ်ချီ စစ်တက်ခြင်းမှ စ၍ ခက်ခဲသော အရေးအကြောင်းနှင့် ကြုံကြိုက်သည့်အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇ၀နဥာဏ်၊ တင်္ခနုပတ္တိဥာဏ်တို့ဖြင့် လျင်မြန်စွာ ကြံစည်တတ်သော သတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း။

မာ ဟူသည် မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း ပေါက်မြောက်အောင် မလျှော့သော လုံ့လ၀ီရိယဖြင့် ဇာတိသွေး ဇာတိမာန် ခက်ထန် တင်းမာသော စိတ်ရင်း သတ္တိနှင့် ပြည့်စုံခြင်း။

Thursday, February 12, 2009

for 13born

မနက်ဖြန်ဆိုရင် ကျနော့်မွေးနေ့ပါ။ ဗိုလ်ချူပ်နဲ့ မွေးရက်တူပါတာကို ကျနော်ဂုဏ်ယူမဆုံးပါဘူး။
ဒါကြောင့် အမှတ်တရ အနေနဲ့ ဒီပို့စ်လေး တင်လိုက်ပါတယ်။



ဗိုလ်ချူပ်အောင်ဆန်း၏ အမည် (၆) မျိုး

၁။ ငယ်အမည် မောင်ထိန်လင်း
၂။ သခင်အမည် သခင်အောင်ဆန်း
၃။ ဗိုလ်အမည် ဗိုလ်တေဇ ဂျပန်အမည်=အိုမိုရာ
၎။ တရုတ်အမည် တန်လုရှောင်
၅။ တော်လှန်ရေးကာလ လျှို့ဝှက်အမည် ဦးနောင်ချို
၆။ ဗိုလ်ချုပ်ကြီးနေ၀င်းမှ
လျှို့ဝှက်ဆက်သွယ်သည့်အမည် ကိုဆက်ဖေ

Wednesday, December 17, 2008

ကြိုတင်ကာကွယ် အသည်းရောဂါ

အသည်းရောဂါအကြောင်းသိကောင်းစရာ

ခန္ဓာကိုယ်တွင်း အသည်း၏ အရေးပါပုံ

အသည်းသည် ခန္ဓာကိုယ်တွင် မရှိမဖြစ် အရေးကြီးသော အင်္ဂါတစ်ခု ဖြစ်သည်။ နေ့စဉ် အသက်ရှင်နေထိုင်ရေးအတွက် အမျိုးပေါင်း (၅၀၀)ကျော်မျှသော ဇီဝကမ္မ၊ ဇီဝဓာတု ဖြစ်စဉ်များကို ဆောင်ရွက်ပေးသည်။ အသည်၏ အရေးကြီးသော တာဝန်များမှာ
- ခန္ဓာကိုယ်ကို အန္တရာယ် ပြုနို်င်သော အဆိပ်အတောက်များနှင့် ဆေးဝါးများကို အန္တရာယ်ကင်းသည့် အဆင့်သို့ ပြောင်းလဲစွန့်ထုတ်ပေးခြင်း။
- ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ပေးခြင်း။
- သွေးနီဥနှင့် သွေးခဲပစ္စည်းများ ထုတ်ပေးခြင်း။
- ခန္ဓာကိုယ် ခုခံကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ခြင်း။
- ကိုယ်အပူချိန် ထိန်းညှိပေးခြင်း။
- အစာချေဖျက်ရန် သည်းခြေရည် စစ်ထုတ်ပေးခြင်း။

အသည်းကို ထိခိုက်ပျက်စီးခြင်း အကြောင်းအချက်များ

- အရက်အမျိုးမျိုးနှင့် ဆေးလိပ်
- ဓာတုဗေဒ ဆိုးဆေးပါ အစားအသောက်များ ၊ ဓာတုဗေဒ ဆေးသုံး တာရှည်ခံ အစားအစာများ
- မှိုတက်အစားအစာများ ( ငရုပ်သီး၊ မြေပဲမှို )
- အသည်းကို ထိခိုက်စေသော ဆေးဝါးများ ၊ ဥပမာ---တီဘီဆေး
- အသည်းရောင်ဗိုင်းရပ်စ်ပိုး ( Hepatitis Virus A, B, C )
- ၀မ်းကိုက်ရောဂါပိုး
- အဆီဓာတ်လွန်ကဲသော အစားအစာများ

အဖြစ်များသော အသည်းရောဂါများ

- အသည်းရောင်အသားဝါရောဂါ ( Viral Hepatitis A, B, C )
- အသည်းအဆီဖုံးခြင်း
- အသည်းခြောက်ရောဂါ
- အသည်းကင်ဆာရောဂါ

အသည်းရောဂါလူနာများ လိုက်နာရန်

- ပင်ပန်းစွာ အလုပ်လုပ်ခြင်း၊ ကစားခြင်း၊ အိပ်ရေးပျက်ခံခြင်းများ မပြုလုပ်သင့်ပါ။
- အချိုဓာတ်များများပါသော အာဟာရပြည့်ဝသော အစာများ စားသုံးပါ။
- ဗိုင်းရပ်စ်အသည်းရောင်အသားဝါရောဂါတွင် အခြားသူများကို မကူးစက်စေရန် အစားအသောက်ပန်းကန်၊ သောက်ရေခွက်နှင့် ဟင်းချိုပန်းကန်များကို သီးသန့်ထားပါ။
- အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။
- တစ်ခါသုံး ဆေးထိုးအပ်များကိုသာသုံးပါ။
- လိင်ကိစ္စ အပျော်ျကျူးခြင်း ရှောင်ပါ။
- အသည်ုးလုပ်ငန်း စစ်ဆေးခြင်း အတွက် ပုံမှန်သွေးဖောက်စစ်ပါ။

ရှောင်ကြဉ်ရန်

- အရက်၊ ဘီယာ၊ ၀ိုင်၊ ထန်းရည်
- ဆေးလိပ်နှင့် စီးကရက်
အစားအစာ
- ဆိုးဆေးပါသော အစားအစာ
- မီးကင်ထားသော အစားအစာ
- မှိုတက်သော အစားအစာ

ဆေးများ

- အိပ်ဆေး
- ဟော်မုန်းအားဆေးများ
- ကိုယ်ဝန်တားဆေး
- သံဓာတ်များများပါသောဆေးများ၊ Steroids ပါသော ဆေးများ

Wednesday, December 10, 2008

English Alphabet

The Many Meaning of the Letter X

Wrong ( မှားသည် )
အဖြေတစ်ခု မှားယွင်းသည်ကို ပြရန် စံသတ်မှတ်ထားသည့် သင်္ကေတဖြစ်သည်။ ဤကြက်ခြေခတ်နှင့် ကျောင်းသူကျောင်းသား အတော်များများ အကျွမ်းတ၀င်ရှိပြီး ဖြစ်ပါလိမ့်မည်။

Adult ( အရွယ်ကြီးရင့်လာသူ )
အချို့နိုင်ငံများတွင် လူငယ်လူရွယ်နှင့် ကလေးငယ်များ မရှုစားသင့်သော ရုပ်ရှင်နှင့် video ဇာတ်ကားများကို “ X “ အက္ခရာဖြင့် ဖော်ပြထားလေ့ရှိသည်။ ဤနေရာတွင် X အက္ခရာသည် အရွယ်ကြီးပြင်းလာသော လူကြီးကို ဆိုလိုပါသည်။ အညှီအဟောက်အခန်းများ၊ ရက်စက်စွာ သတ်ပုတ်ခန်းများပါဝင်သော ရုပ်ရှင်နှင့် video ဇာတ်ကားများသည် အရွယ်မရောက်သေးသော လူငယ်များ ကြည့်ရှုရန် မသင့်တော်ကြောင်းကို “ X “ အက္ခရာဖြင့် ဖော်ပြထားလေ့ ရှိသည်။

Unknown ( မသိသော )

အသိအမှတ်ပြုရန် အခက်အခဲဖြစ်နေသော လူ သို့မဟုတ် အရာများကို “ X “ အက္ခရာဖြင့် ဖော်ပြလေ့ ရှိသည်။အက္ခရာသင်္ချာတွင် မသိကိန်းကို “ X “ ဖြင့် သတ်မှတ်လေ့ရှိသည်ကို မှတ်မိကြလိမ့်မည်။ ဥပမာ--မှုခင်းစုံစမ်းရေးအဖွဲ့အနေဖြင့် အမည်မသိသော လူသေ အလောင်းကို တွေ့လျှင် Mr.X ဟု သတ်မှတ်ကြသည်။

Uneducated ( စာပေချို့တဲ့သော/ စာမတတ်သော )

“ X “ အက္ခရာသည် စာမတတ်သူ အတော်များများ၏ လက်စွဲဖြစ်သည်။ စာရွက်စာတမ်းများ လက်မှတ်ထိုးရာတွင် မိမိ၏ အမည် မိမိ မပေါင်းတတ်၊ မရေးတတ်သဖြင့် “ X “ အမှတ်အသားကို ရေးခြစ်လိုက်ခြင်း ဖြစ်သည်။

Choice ( ရွေးချယ်မှု )
လျှောက်လွှာပုံစံ အချို့တွင် ရွေးချယ်မှု အမျိုးမျိုး ရွေးချယ်ရန် အကွက် သုံးလေးမျိုးပါသော လျှောက်လွှာပုံစံများကို မြင်ဖူးကြလိမ့်မည်။ ထိုအကွက်များအနက် တစ်ကွက်ကို ရွေးချယ်လျှင် ထိုလက်ကွက်အတွင်း၌ “ X “ အမှတ်အသားကို ပြလေ့ရှိသည်။ Computer တွင် options
( စိတ်ကြိုက်ရွေးချယ်မှု ) အကွက်ကို နှိပ်လိုက်လျှင် မြင်ရလေ့ ရှိသည်။

Location ( တည်နေရာ )
ပင်လယ်ဓားပြများခေတ်က ဓားပြတိုက်၍ ရရှိလာသော ရွှေငွေပစ္စည်းများကို မြေမြုပ်ကာ တည်နေရာကို “ X “ အမှတ်အသားဖြင့် ပြလေ့ရှိသည်။ ထိုနည်းတူပင် ယခုခေတ်တွင် မြေပုံများပေါ်၌ တည်နေရာတစ်ခုကို မှတ်သားလိုလျှင် “ X “အက္ခရာဖြင့် မှတ်သားလေ့ရှိသည်။

Multiply ( အမြောက်လက္ခဏာ/ အဆပွားခြင်း )

အပေါင်း( + ) အနှုတ် ( _ ) အမြှေက် ( x ) အစား ( % ) သင်္ချာသင်္ကေတ လေးမျိုးးတွင် “ X “ သည် အမြှောက်လက္ခဏာဖြစ်ပြီး အဆပွားခြင်း သဘောကို ဆောင်သည်။ အလျားအနံ အတိုင်းအတာများတွင်လည်း “ X “ ကို အသုံးပြုသည်။ ဥပမာ----3’ x 4’ ဆိုလျှင် အလျား သုံးပေ၊ အနံ လေးပေ ဟု ဆိုလိုခြင်း ဖြစ်သည်။ 3’x4’ ရေးသားချက်တွင် “ X “ ကို “ by “ ဟု ဖတ်ရသည်။ ထို့ကြောင့် 3’x4’ ကို 3’ by 4’ ဟု ဖတ်သည်။

Ten (တစ်ဆယ်)
ရောမဂဏန်းများ ( Roman Numberals ) ဖြင့် ရေးလျှင် “ X “ အက္ခရာသည် “ တစ်ဆယ် “ ဟူသော ပမာဏကိုကိုယ်စားပြုပါသည်။ ရောမဂဏန်းတွင် V အက္ခရာသည် “ 5 “ ဂဏန်း၊ X သည် “ 10 “ v သည် “ 50 “ D သည် “ 500 “ M သည် “ 1000 “ စသည် ဖြင့် သတ်မှတ်ထားကြသည်။

Magnification (ချဲ့ထွင်ခြင်း)
ကင်မရာ ဆရာများ အသုံးတွင် “ X “ သည် “ ချဲ့ထွင်ခြင်း “ သဘောကိုဆောင်သည်။ eg: 50x ဆိုလျှင် အဆ( ၅၀ ) ချဲ့ခြင်းဟု ဆိုလိုသည်။

Male (အထီး)
Genetics ခေါ် မျိုးရိုးဗီဇ ဆက်နွယ်မှု ပညာရပ်တွင် “ X “ ကို အထီးဟု သတ်မှတ်သည်။
ဥပမာ။ ။ the X chromozone

Kisses(အနမ်းများ)
စာ(သို့မဟုတ်) ပို့စကဒ်(သို့မဟုတ်) ခရစ္စမတ်ကဒ်များ၏ အဆုံးတွင် လူအတော်များများ “ X “ အက္ခရာလေးခုခန့်မျှကို ဤအတိုင်း xxxx ဆက်တိုက်ရေးလေ့ ရှိသည်။ “ အနမ်းပေါင်းများစွာဖြင့် “ ဟူသောအဓိပါယ်ကို ဆောင်ပါသည်။

***ဘယ်စာအုပ်ထဲကမှန်းတော့ မမှတ်မိတော့ပါဘူး။ သိတဲ့သူရှိရင်ပြောခဲ့ပေးပါနော်။