Tuesday, November 25, 2008

ပန်းနဲ့လင်းတဲ့ လမင်း

အကြည့်တစ်ချက် ထောက်လိုက်ရုံနဲ့
ရင်ခုန်သံတွေ ကျိုးပေါက်ခဲ့ရတာ
စိတ်ရှိလက်ရှိ ဟစ်ပြောလိုက်ချင်တယ်။

အနက်ရှိုင်းဆုံး သံစဉ်ဆိုတာ
မျက်လုံးတွေနဲ့ သီဆိုရတဲ့ ကဗျာတစ်မျိုးမို့
နားမထောင်လည်း တိုးတိုးလေး ကြားရတာပါပဲ။

နောက်ဆုံးမှာ..........
ဘယ်လောက်ရှုံးရှုံး
အဲ့ဒီ အပြုံးလေး တစ်ချက်လောက်အပွင့်မှာ
အာရုံတွေ စေစား လွှင့်လိုက်ချင်တယ်။

ရင်ခုန်သံအကြွင်းမဲ့
ငါဟာ မင်းကြောင့် လင်းခဲ့ရတဲ့ လမင်းပါ
ညခင်းတိုင်းမှာ သာချင်တယ်။


လရောင်ချို
ပန်းနဲ့လင်းတဲ့လမင်း
2003, March

No comments: