Sunday, December 28, 2008

28-12-08(sunday)

ဒီနေ့ကျနော့်စိတ်တွေ အရမ်းရှုပ်သွားတယ်။ ကျနော်မလုပ်ချင်တာတစ်ခုကို လုပ်ရတော့မယ်လေ။ ကျနော့်အဖေရဲ့ ငိုသံနဲ့ တောင်းဆိုတဲ့ ဆန္ဒတစ်ခုကို ကျနော် ဘယ်လိုနှလုံးသားမျိုးနဲ့ တင်းခံ၇မှာလဲ................?

ကျနော် တစ်နေ့လုံးအတွေးတွေ လည်နေတယ်။ ခုတော့ ကျနော် ပုံမှန်ပြန်ဖြစ်သွားပါပြီ။

မွေးဖွားပေးခဲ့တဲ့ မိဘကို ဒီအသက်အရွယ်ထိ ဘာမှ ထိထိရောက်ရောက် ကျေးဇူးမပြုနိုင်သေးဘူး။ ကျနော့်ကို တောင်းဆိုတဲ့ မိဘရဲ့ ဆန္ဒကလည်း ကျနော့်အတွက် မကောင်းတာကို တောင်းဆိုတာမှ မဟုတ်တာပဲလေ။

ခုတော့ကျနော် ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ကျနော့်စိတ်တွေ ရှုပ်နေတုန်း ဖုန်းဆက်ပြီး စကားပြောပေးတဲ့ မလေးက မောင်လေး ဟယ်ရီ နဲ့ ရန်ကုန်က သူငယ်ချင်း စည်သူ တို့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ စင်ကာပူရောက်သူငယ်ချင်း ကျော်ဆန်းဦးကိုလည်း ကျေးဇူးပါလို့။

သူငယ်ချင်းတွေအတွက် ကျနော်အရင်က ရေးဖူးတဲ့ကဗျာလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါရစေ။

အမှားနဲ့ငါ

လှည့်စားတတ်တဲ့ လောကရယ်
မင်းရိုက်ချက်က ဆိုးလွန်းတယ်
ငါ ...........ပြင်ဆင်ချိန် မရလိုက်တော့
ဟားတိုက်ပြီး တွန်းကန်ဖို့
အပြုံးတစ်ချကပဲလိုတယ်။


မရေရာတဲ့ လောကရယ်
မင်းပြုစားချက် ဆိုးလွန်းတယ်
ငါ...........အဆင်သင့် ရင်ဆိုင်ဖို့
အကြည့်တစ်ချက် ပဲလိုတယ်။

ကျီစယ်တတ်တဲ့ လောကရယ်
မင်းဆော့ကစားတာ ဆိုးလွန်းတယ်
ငါ ..........အငိုက်မိသွားလို့
ရှောင်တိမ်းဖို့ သတိမရလိုက်ဘူး။

ဘာပဲဖြစ်ဖြစ်
လောကမှာ ရှင်သန်ဖို့
နွေးထွေးတဲ့ လက်တစ်စုံ တော့ လိုအပ်တယ်။

အဇူရီ
13-9-03(saturday)
9:00 pm

2 comments:

ဇင်ယော် said...

အင်း အဲ့ဒါလေးတွေ ရခဲ့ရင်တော့ ရှေ.ဆက်လျှောက်ဖို့  ခွန်အားတွေ ရနိုင်ကောင်းပါရဲ့။

XINY@W13 said...

ဂျီးဒေါ်..
အကျိုးအကြောင်းလေးများ လင်းပါအုံးဟ..
...
စကားမစပ်.. ဇင်ယော် နှစ်ကောင်လာတိုက်နေပါလား..

ဇင်ယော်၁၃